ကလေးတွေ ခဏတာ အသက်ရှူရပ်သွားတဲ့အခါ
အသက်အောင့်လိုက်ခြင်း၊ အသက်ရှူ ခဏရပ်သွားခြင်းကို ၆ လကနေ ၆ နှစ်အတွင်း ကလေးတွေမှာ တွေ့ရများပါတယ်။ ကလေးတွေဟာ ကြောက်လန့်တာ၊ ဆူခံရတဲ့အခါ၊ စိတ်ဆိုးတဲ့အခါတွေမှာ လုပ်တတ်ပါတယ်။
မိဘတွေအနေနဲ့ ဒီလိုအချိန်တွေမှာ အရမ်းစိုးရိမ်ပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ အရမ်းစိုးရိမ်စရာ မလိုပါဘူး။ ကလေးက ခဏနေရင် သူ့ဘာသာ အသက်ပြန်ရှူပါလိမ့်မယ်။
ဒီလိုဖြစ်တတ်တဲ့ ကလေးတွေဟာ အသက် ၁ နှစ်ခွဲ မတိုင်ခင်မှာ စဖြစ်ပါတယ်။ အသက် ၆ နှစ်ကျော်ရင်တော့ အဲလိုမဖြစ်တော့ဘဲ သူ့အလိုလို ပျောက်သွားပါတယ်။ ဖြစ်နေကျကလေးတွေဟာ တစ်ပတ်ကို ၆ ကြိမ်လောက် ဖြစ်တတ်ပါတယ်။
>> လက္ခဏာတွေက
အသက်အောင့်တာမှာ အဓိက ၂ မျိုး ရှိပါတယ်။ နှစ်မျိုးလုံးက စက္ကန့်အနည်းငယ်လောက်ပဲ ကြာတတ်ပါတယ်။
● ပြာနှမ်းသွားတာမျိုး
ဒါကတော့ အဖြစ်များပါတယ်။ ထိခိုက်နာကျင်လို့ပဲဖြစ်ဖြစ်၊ ဒေါသထွက်လို့ပဲဖြစ်ဖြစ် ငိုမယ် အော်ဟစ်မယ်၊ အသက်ကို ပြင်းပြင်းရှူထုတ်မယ်။ ပြီးတော့ အသက်ရှူအောင့်ထားပြီး ပြာနှမ်းလာမယ်၊ အထူးသဖြင့် နှုတ်ခမ်းတွေပေါ့၊ ဒါဟာ အောက်ဆီဂျင်မရလို့ ဖြစ်တာဖြစ်ပြီး စက္ကန့် အနည်းငယ် ကြာတတ်ပါတယ်။ ပျော့ခွေပြီး သတိလစ်တာပါ ဖြစ်နိုင်ပါတယ်။ မိဘတွေအနေနဲ့ ထိတ်လန့်စရာ ဖြစ်ပေမယ့် ဘာကုသမှုမှ မလိုအပ်ပါဘူး။ ကလေးမျက်နှာကို ရေအေးလေး ဖြန်းပေးတာမျိုး၊ လေနဲ့ မှုတ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
● ဖြူဖျော့သွားတာမျိုး
အတွေ့ရနည်းပါတယ်။ ကလေးငယ်လေးတွေမှာ အတွေ့ရများပါတယ်။ အဓိက နှလုံးခုန်နှုန်း နှေးသွားတာကြောင့်ဖြစ်ပြီး တက်တာနဲ့ မှားတတ်ပါတယ်။ ငိုဖို့ လုပ်နေပေမယ့် အသံမထွက်တာမျိုး၊ မေ့လဲတာ၊ ဖြူဖျော့လာတာ၊ လက်တွေ ခြေတွေက တောင့်သွားပြီး ဆီးထွက်ကျတာမျိုး ဒါလည်း ဘယ်လိုကုသမှုမျိုးမှ မလိုပါဘူး။
>> ဒီလိုဖြစ်ပြီးတဲ့အခါမှာ -
ဒီတိုင်းအကောင်းအတိုင်း ပြန်ဖြစ်နိုင်သလို အိပ်ချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တာ အရမ်းကြာသွားရင်တော့ တက်တာဖြစ်နိုင်ပေမယ့် အတွေ့ရနည်းပါတယ်။
Biogesic for kids IA 1
>> အိမ်မှာ ဘယ်လိုဂရုစိုက်ပေးရမလဲ?
ကလေးက အသက်အောင့်တာမျိုး စလုပ်ပြီဆိုရင် ဘေးစောင်းပြီး လှဲလိုက်ပါ။ သူ့ကို ထိခိုက်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားထားပါ။ ပါးစပ်ထဲကို ဘာမှမထည့်ပါနဲ့။
ပြန်ကောင်းသွားတဲ့အခါမှာလည်း ဘာမှမဖြစ်သလို နေပါ။ အပြစ်ပေးတာမျိုး၊ ဆုချတာမျိုး မလုပ်ပါနဲ့။ ဘာမှမဖြစ်ခဲ့သလို နေပါ။
>> ဘယ်အချိန်မှာ ဆရာဝန် ပြရမလဲ?
● တစ်နေ့မှာ တစ်ကြိမ်ထက် ပိုဖြစ်နေရင်
● တက်တာက ၃ မိနစ်ထက် ပိုကြာရင်၊ မှိုင်နေတာမျိုး/ အိပ်ချင်နေတာမျိုးက အသက်ရှူအောင့်ပြီး နာရီတော်တော်များများ ကြာတဲ့အထိ ဆက်ဖြစ်နေရင်
• မိဘက အရမ်းစိတ်ပူနေရင်
>> ဘာကြောင့် ဖြစ်ရတာလဲ?
အကြောင်းအရင်းကိုတော့ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။ မိသားစုထဲမှာ ဖြစ်ဖူးတဲ့လူရှိရင် ဖြစ်တတ်တာကိုတော့ တွေ့ရပါတယ်။
Dr. Htar (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
အသက္ေအာင့္လိုက္ျခင္း၊ အသက္႐ွဴ ခဏရပ္သြားျခင္းကို ၆ လကေန ၆ ႏွစ္အတြင္း ကေလးေတြမွာ ေတြ႕ရမ်ားပါတယ္။ ကေလးေတြဟာ ေၾကာက္လန႔္တာ၊ ဆူခံရတဲ့အခါ၊ စိတ္ဆိုးတဲ့အခါေတြမွာ လုပ္တတ္ပါတယ္။
မိဘေတြအေနနဲ႔ ဒီလိုအခ်ိန္ေတြမွာ အရမ္းစိုးရိမ္ၿပီး ေျခမကိုင္မိ၊ လက္မကိုင္မိ ျဖစ္သြားတတ္ပါတယ္။ ဒါေပမဲ့ အရမ္းစိုးရိမ္စရာ မလိုပါဘူး။ ကေလးက ခဏေနရင္ သူ႔ဘာသာ အသက္ျပန္႐ွဴပါလိမ့္မယ္။
ဒီလိုျဖစ္တတ္တဲ့ ကေလးေတြဟာ အသက္ ၁ ႏွစ္ခြဲ မတိုင္ခင္မွာ စျဖစ္ပါတယ္။ အသက္ ၆ ႏွစ္ေက်ာ္ရင္ေတာ့ အဲလိုမျဖစ္ေတာ့ဘဲ သူ႔အလိုလို ေပ်ာက္သြားပါတယ္။ ျဖစ္ေနက်ကေလးေတြဟာ တစ္ပတ္ကို ၆ ႀကိမ္ေလာက္ ျဖစ္တတ္ပါတယ္။
>> လကၡဏာေတြက
အသက္ေအာင့္တာမွာ အဓိက ၂ မ်ိဳး ရွိပါတယ္။ ႏွစ္မ်ိဳးလုံးက စကၠန႔္အနည္းငယ္ေလာက္ပဲ ၾကာတတ္ပါတယ္။
● ျပာႏွမ္းသြားတာမ်ိဳး
ဒါကေတာ့ အျဖစ္မ်ားပါတယ္။ ထိခိုက္နာက်င္လို႔ပဲျဖစ္ျဖစ္၊ ေဒါသထြက္လို႔ပဲျဖစ္ျဖစ္ ငိုမယ္ ေအာ္ဟစ္မယ္၊ အသက္ကို ျပင္းျပင္း႐ွဴထုတ္မယ္။ ၿပီးေတာ့ အသက္႐ွဴေအာင့္ထားၿပီး ျပာႏွမ္းလာမယ္၊ အထူးသျဖင့္ ႏႈတ္ခမ္းေတြေပါ့၊ ဒါဟာ ေအာက္ဆီဂ်င္မရလို႔ ျဖစ္တာျဖစ္ၿပီး စကၠန႔္ အနည္းငယ္ ၾကာတတ္ပါတယ္။ ေပ်ာ့ေခြၿပီး သတိလစ္တာပါ ျဖစ္ႏိုင္ပါတယ္။ မိဘေတြအေနနဲ႔ ထိတ္လန႔္စရာ ျဖစ္ေပမယ့္ ဘာကုသမႈမွ မလိုအပ္ပါဘူး။ ကေလးမ်က္ႏွာကို ေရေအးေလး ျဖန္းေပးတာမ်ိဳး၊ ေလနဲ႔ မႈတ္ေပးတာမ်ိဳး လုပ္ေပးလို႔ ရပါတယ္။
● ျဖဴေဖ်ာ့သြားတာမ်ိဳး
အေတြ႕ရနည္းပါတယ္။ ကေလးငယ္ေလးေတြမွာ အေတြ႕ရမ်ားပါတယ္။ အဓိက ႏွလုံးခုန္ႏႈန္း ေႏွးသြားတာေၾကာင့္ျဖစ္ၿပီး တက္တာနဲ႔ မွားတတ္ပါတယ္။ ငိုဖို႔ လုပ္ေနေပမယ့္ အသံမထြက္တာမ်ိဳး၊ ေမ့လဲတာ၊ ျဖဴေဖ်ာ့လာတာ၊ လက္ေတြ ေျခေတြက ေတာင့္သြားၿပီး ဆီးထြက္က်တာမ်ိဳး ဒါလည္း ဘယ္လိုကုသမႈမ်ိဳးမွ မလိုပါဘူး။
>> ဒီလိုျဖစ္ၿပီးတဲ့အခါမွာ -
ဒီတိုင္းအေကာင္းအတိုင္း ျပန္ျဖစ္ႏိုင္သလို အိပ္ခ်င္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ျဖစ္တာ အရမ္းၾကာသြားရင္ေတာ့ တက္တာျဖစ္ႏိုင္ေပမယ့္ အေတြ႕ရနည္းပါတယ္။
>> အိမ္မွာ ဘယ္လိုဂ႐ုစိုက္ေပးရမလဲ?
ကေလးက အသက္ေအာင့္တာမ်ိဳး စလုပ္ၿပီဆိုရင္ ေဘးေစာင္းၿပီး လွဲလိုက္ပါ။ သူ႔ကို ထိခိုက္ေစႏိုင္တဲ့ အရာေတြကို ဖယ္ရွားထားပါ။ ပါးစပ္ထဲကို ဘာမွမထည့္ပါနဲ႔။
ျပန္ေကာင္းသြားတဲ့အခါမွာလည္း ဘာမွမျဖစ္သလို ေနပါ။ အျပစ္ေပးတာမ်ိဳး၊ ဆုခ်တာမ်ိဳး မလုပ္ပါနဲ႔။ ဘာမွမျဖစ္ခဲ့သလို ေနပါ။
>> ဘယ္အခ်ိန္မွာ ဆရာဝန္ ျပရမလဲ?
● တစ္ေန႔မွာ တစ္ႀကိမ္ထက္ ပိုျဖစ္ေနရင္
● တက္တာက ၃ မိနစ္ထက္ ပိုၾကာရင္၊ မႈိင္ေနတာမ်ိဳး/ အိပ္ခ်င္ေနတာမ်ိဳးက အသက္႐ွဴေအာင့္ၿပီး နာရီေတာ္ေတာ္မ်ားမ်ား ၾကာတဲ့အထိ ဆက္ျဖစ္ေနရင္
• မိဘက အရမ္းစိတ္ပူေနရင္
>> ဘာေၾကာင့္ ျဖစ္ရတာလဲ?
အေၾကာင္းအရင္းကိုေတာ့ ဘယ္သူမွ ေသခ်ာမေျပာႏိုင္ပါဘူး။ မိသားစုထဲမွာ ျဖစ္ဖူးတဲ့လူရွိရင္ ျဖစ္တတ္တာကိုေတာ့ ေတြ႕ရပါတယ္။
Dr. Htar (www.drmyanmar.com)






























