/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-စိတ်ပိုင်းဆိုင်ရာ-ကျန်းမာကြံ့ခိုင်အောင်-ဘာတွေလုပ်ပေးကြမလဲ

ကလေးတွေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင် ဘာတွေလုပ်ပေးကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

●  ချစ်ခြင်းမေတ္တာ - ကလေးအပေါ် မိမိရဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေပေးပါ။
●  ကိုယ်လက်လှုပ်ရှားမှု - ကလေးကို ကစားဖို့၊ အားကစားနဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့ အားပေးပါ။
●  အမူအကျင့် - ကလေးရဲ့ အမူအကျင့်ပြောင်းလဲမှုတွေကို သတိထားပြီး စောင့်ကြည့်ပါ။
●  အထောက်အပံ့ - ကလေးကို ပုံမှန်အားပေးမှုတွေ၊ အထောက်အပံ့တွေပေးပြီး ချီးမွမ်းဖို့လည်း မမေ့ပါနဲ့။
●  အနားယူချိန် - ကလေးရဲ့စိတ်ဖိစီးမှုတွေကို သူ့ဟာသူ ဖြေဖျောက်နိုင်ဖို့အတွက် အနားယူ အပန်းဖြေချိန်ပေးပါ။
●  ဂုဏ်ယူပါ - ကလေးကို သူ့ကြောင့် ကိုယ် ဘယ်လောက်ဂုဏ်ယူရတယ်ဆိုတာကို သိအောင် ပြောပြပေးပါ။
●  စိတ်ရှည်မှု - ကလေးကို ဖိအားတွေ မပေးပါနဲ့။ တစ်ခုခုဆိုရင် အချိန်ပေးပြီး စိတ်ရှည်ပါ။
●  အကူအညီ - ကလေးပြုစုပျိုးထောင်တာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေနဲ့တိုင်ပြီး အကြံဉာဏ်ရယူဖို့ကို မတွန့်ဆုတ်ပါနဲ့။
●  စိတ်ခံစားမှု - ကလေးရဲ့စိတ်ခံစားမှုကို သိအောင်၊ နားလည်အောင် ကြိုးစားပါ။
●  အသိပညာရှာဖွေပါ - စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ပတ်သက်ပြီး လေ့လာပါ။
●  ပြဿနာဖြေရှင်းခြင်း - ကလေး ပြဿနာတစ်ခုခုဖြစ်တဲ့အခါမှာ သူကိုယ်တိုင် ထိရောက်စွာ ဖြေရှင်းနိုင်စေဖို့ ကူညီပေးပါ။
●  နားထောင်ပါ - ကလေးပြောတာတွေကို ဂရုတစိုက်နဲ့ အချိန်ပေးပြီး နားထောင်ပါ။
●  စီမံခန့်ခွဲခြင်း - ကလေးကို စိတ်ဖြေလျှော့ခြင်းနည်းလမ်းကဲ့သို့သော ခန့်ခွဲမှုစွမ်းရည်တွေရှိအောင် သင်ယူစေဖို့ ထောက်ပံ့ပေးပါ။
●  လက္ခဏာများ - ကလေးရဲ့ ရောဂါလက္ခဏာတွေကို အမြဲသတိပြုမိနေပါစေ။
●  စကားပြောဆိုခြင်း - ကလေးကို စကားဝိုင်းတွေမှာ ဝင်ပြောစေဖို့ အားပေးပါ။
●  ပတ်ဝန်းကျင် - ကလေးတွေ အသက်ရှင်နေထိုင်ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)