/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-ဆောင်းတွင်းမှာ-ဖြစ်တတ်တဲ့ချောင်းဆိုးခြင်း

ကလေးတွေ ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ချောင်းဆိုးခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

>>    ဘာကြောင့် ဒီလိုချောင်းဆိုးနေတာလဲ?

          ပန်းနာရင်ကျပ်ရောဂါဟာ အဆုတ်လေပြွန်ကျဉ်းပြီး ရောင်လာတတ်တဲ့အပြင် ချွဲပါထတတ်တဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တရွှီရွှီနဲ့ကျပ်နေမှ ပန်းနာရင်ကျပ်ရောဂါ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ညဘက် ချောင်းဆိုးဆိုးနေခြင်းဟာလည်း ပန်းနာရင်ကျပ်ရဲ့ တစ်ခုတည်းသော လက္ခဏာရပ် ဖြစ်နေနိုင်ပါတယ်။ အဆုတ်ထဲမှာ စုပုံလာတဲ့အချွဲတွေက လည်ချောင်းယားယံစေပြီး ချောင်းဆိုးစေနိုင်တယ်လို့ ဆိုပါတယ်။ ပန်းနာရင်ကျပ်မှာ ချောင်းဆိုးစေတဲ့ အခြားအကြောင်းခြင်းရာများကတော့ လေ့ကျင့်ခန်း လှုပ်လှုပ်ရှားရှား ပြုလုပ်ခြင်း၊ ဓာတ်မတည့်ခြင်း၊ လေအေးအေးတို့ပဲ ဖြစ်ပါတယ်။ အကယ်၍ ကလေးက ပိန်ပြီး အသက်ငယ်သေးတယ် ဆိုရင်တော့ အသက်ရှူတိုင်း ရင်ဘတ်ကလေး ချိုင့်ချိုင့်သွားတာကို တွေ့ရမှာပါ။

 

>>    ဘာလုပ်သင့်သလဲ?

          ပန်းနာရင်ကျပ်လို့ ထင်နေပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အသက် 5-6 နှစ်ထက်ကြီးတဲ့ ကလေးတွေမှာ အဆုတ်အားကို လေရှူပြွန်တစ်မျိုးနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒီ့ထက်ငယ်တဲ့ကလေးတွေမှာ စမ်းသပ်နားထောင်ကြည့်ပြီး မိဘများထံမှ ရောဂါဖြစ်ပုံရာဇဝင်နဲ့ မိသားစုရောဂါရာဇဝင်များကို မေးမြန်းပြီး ရောဂါအဖြေ ထုတ်သင့်ပါတယ်။ ရောဂါအပျော့စားမှာ လေပြွန်ကျယ်ရှူဆေး ရှူနိုင်ပြီး ရောဂါ အတန်ငယ် ဆိုးရွားသူတွေမှာ ကာကွယ်ရှူဆေး ရှူရပါမယ်။ အကယ်၍ ကလေးမှာ ရုတ်တရက် အသက်ရှူရ ခက်ခဲပြီး မစားနိုင်၊ မသောက်နိုင်၊ စကားမပြောနိုင် ဖြစ်လာပါက အရေးပေါ်ဌာနကို သွားသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)