/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-နောက်ပြန်လမ်းလျှောက်တာဟာ-ပုံမှန်အခြေအနေတစ်ခုပဲလား

ကလေးတွေ နောက်ပြန်လမ်းလျှောက်တာဟာ ပုံမှန်အခြေအနေတစ်ခုပဲလား

Category
ကလေးများနှင့်ကျန်းမာရေး

          က​လေး​တွေ​နောက်​ပြန်​လမ်​း​လျှောက်​နေတာ​တွေ့တဲ့ အချို့မိဘ​တွေဟာ စိုးရိမ်​စိတ်​​တွေ ဖြစ်​​လေ့ရှိပါတယ်​။ က​လေးအများစုမှာ ဒီလိုလမ်​း​လျှောက်​ခြင်​းဟာ ပုံမှန်​ဖြစ်​ပြီး ​ပျော်​စရာကစားနည်​းတစ်​ခု ဖြစ်​​နေတတ်​တဲ့အတွက်​ စိတ်​မပူပါနဲ့။ ဒါ​ကြောင်​့ က​လေးကို ပန်​းခြံထဲ​ခေါ်သွားပြီး သူစိတ်​​ကျေနပ်​ပျော်​ရွှင်​တဲ့ ပုံစံအတိုင်​း လမ်​း​လျှောက်​ပါ​စေ။

          လမ်​း​လျှောက်​ခြင်​းဟာ က​လေးဘဝမှာ ရှုပ်​​ထွေးပြီး အ​ရေးပါတဲ့ ကြီးထွားမှုအဆင်​့တစ်​ဆင်​့ပဲ ဖြစ်​ပါတယ်​။ အချို့က​လေး​တွေမှာ တွားသွားတဲ့အဆင်​့ကို ​ကျော်​လွှားပြီး တန်​းမတ်​တပ်​ရပ်​၊ လမ်​း​လျှောက်​တတ်​ကြသလို အချို့က​လေး​တွေမှ​ာ​တော့ လမ်​း​စ​လျှောက်​တာ ​နောက်​ကျတတ်​ကြပါတယ်​။ ဒါဟာ က​လေး​တွေမှာ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ကြီးထွားဖွံ့ဖြိုးမှုပုံစံ ကွဲပြားတာ​ကြောင်​့သာဖြစ်​ပြီး ဉာဏ်​ရည်​ဖွံ့ဖြိုးမှုနည်​းတာ၊ လမ်​းလုံးဝမ​လျှောက်​နိုင်​တာမျိုး မဟုတ်​တတ်​ပါဘူး။

>> က​လေး​တွေဘာ​ကြောင်​့ ​နောက်​ပြန်​လမ်​း​လျှောက်​တတ်ကြတာလဲ?

 

          အချို့က​လေး​တွေဟာ အသက်​ ၉လ​လောက်​ကတည်​းက လမ်​းစ​လျှောက်​တတ်​ကြသလို အချို့က​လေး​တွေဟာ ၁၆-၁၈ လ​လောက်​မှသာ ​လျှောက်​​လေ့ရှိပါတယ်​။ အသက်​ ၉လက​နေ ၁၂လ​လောက်​အတွင်​းမှာ ပစ္စည်​း တစ်​ခုခုကို ထိန်​းကိုင်​ပြီး မတ်​တပ်​စရပ်​တတ်​ကြပါတယ်​။ တစ်​ဖြည်​းဖြည်​းနဲ့ ဘာမှမကိုင်​ပဲ စက္ကန်​့အနည်​းငယ်​ကြာ မတ်​တပ်​ရပ်​နိုင်​လာပါတယ်​။ အသက်​ ၁၂လမှ ၁၅လ​လောက်​အတွင်​းမှာ လှုပ်​လီလှုပ်​လဲ့ လမ်​းစ​လျှောက်​ပါပြီ။ ဒီအရွယ်​မှာ တွန်​းသွားလို့ရတဲ့ အရုပ်​က​လေး​တွေ ဝယ်​​ပေးနိုင်​ပါတယ်​။

          ​ခြေ​ထောက်​နဲ့ ကြွက်​သား​တွေ သန်​မာလာတာနဲ့အမျှ က​လေးရဲ့ ကိုယ်​့ကိုယ်​ကို ယုံကြည်​မှုအား​ကောင်​းလာပါ့တယ်​။ အသက်​ ၁၆လမှ၁၈လအတွင်​းမှာ က​လေးဟာ ​လှေကား​တွေကို အဆင်​းအတက်​လုပ်​လာနိုင်​ပြီး ​နောက်​ပြန်​​တောင်​ ​လျှောက်​လာနိုင်​ပါတယ်​။ က​လေး​လေး​တွေဟာ ​ရှေ့ကိုဘယ်​လို​လျှောက်​ရမယ်​ဆိုတာကို အရင်​သင်​ယူကြပါတယ်​။ တတ်​​မြောက်​သွားတဲ့အခါမှာ​တော့ တားမရဆီးမရကို ​လျှောက်​ကြပါ​တော့တယ်​။ တဖြည်​းဖြည်​းနဲ့ ​ဘေးတိုက်​နဲ့ ​နောက်​ပြန်​​လျှောက်​တတ်​လာတာဖြစ်​ပါတယ်​။

>> ​နောက်​ပြန်​လမ်​း​လျှောက်​ခြင်​းဟာ က​လေး​တွေအတွက်​ဘယ်​လိုအ​ရေးပါသလဲ?

 

          က​လေး​တွေမှာ ​နောက်​ပြန်​လမ်​း​လျှောက်​ခြင်​းဟာ ​နောက်​ပြန်​လန်​မကျ​အောက်​ သင်​ယူ​နေခြင်​းပဲ ဖြစ်​ပါတယ်​။ ​ဒါမှသာ ​နောက်​ပြန်​လန်​ကျတဲ့အခါ ကိုယ်​ဟန်​ထိန်​းပြီး ​​ခြေလှမ်​းနိုင်​မှာ ဖြစ်​ပါတယ်​။

 

>> က​လေး​နောက်​ပြန်​လမ်​း​လျှောက်​တတ်​​အောင်​ ဘယ်​လိုသင်​မလဲ?

  • ​ရှေ့ကိုလမ်​း​လျှောက်​တတ်​​အောင်​သင်​တဲ့အခါ လက်​နှစ်​ဖက်​ကို ထိန်​းပြီး​လျှောက်​​စေသလိုပဲ ​နောက်​ပြန်​​လျှောက်​​တတ်​​အောင်​ သင်​​ပေးနိုင်​ပါတယ်​။ ​နောက်​ပိုင်​းမှာ လက်​တစ်​ဖက်​လွှတ်​​ပေးပြီး က​လေးကိုယ်​့ကိုယ်​ကို ထိန်​းနိုင်​လာတဲ့အခါ လက်​လွှတ်​ပြီး​လျှောက်​နိုင်​သွားပါလိမ်​့မယ်​။
  • က​လေးတွန်​းလှည်​း​တွေ၊ ဘီးတပ်​အရုပ်​​လေး​တွေဝယ်​​ပေးထားပြီး လမ်​း​လျှောက်​ရင်​းတွနး်​​ခိုင်​းနိုင်​ပါတယ်​။ ​နောက်​ပြန်​​လျှောက်​တဲ့အခါမှာလည်​း ဒီအရုပ်​​တွေကိုဆွဲပြီး ​လျှောက်​ခိုင်​းပါ။
  • က​လေးလက်​ကိုကိုင်​ပြီး မှန်​​ရှေ့မှာ ​ရှေ့တိုး​နောက်​ဆုတ်​ မြန်​မြန်​​လျှောက်​ကြည်​့ပါ။

 

​          နောက်​ပြန်​လမ်​း​လျှောက်​​စေခြင်​းဟာ ကိုယ်​ဟန်​​အ​နေအထား ထိန်​းနိုင်​ဖို့ သင်​ယူရာမှာ အ​ရေးပါပါတယ်​။ ​ခြေသလုံးကြွက်​သား​တွေကို သန်​မာ​စေနိုင်​သလို အကြားအာရုံနဲ့ အခြားအာရုံခံစားနိုင်​စွမ်​း​တွေကို မြှင့်တင်​​ပေးပါတယ်​။

          က​လေးကို​နောက်​ပြန်​​လျှောက်​ဖို့မသင်​ခင်​မှာ ​လျှောက်​မယ်​့လမ်​း​ကြောင်းတစ်​​လျှောက်​ အရုပ်​​တွေ၊ ပစ္စည်​း​တွေအကုန်​ ရှင်​းလင်​းထားပါ။ က​လေး​တွေဟာ ​နောက်​ပြန်​လမ်​း​လျှောက်​ရတာ ကြိုက်​နှစ်​သက်​​လေ့ ရှိပါတယ်​။ ​လျှောက်​တတ်​သွားတဲ့အခါ မထိန်​းနိုင်​​လောက်​​အောင်​ ​တတောက်​​တောက်​နဲ့ ​လျှောက်​ပါ​တော့တယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)