/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-ပထမဆုံး-သွားစတိုက်တဲ့အချိန်မှာ

ကလေးတွေ ပထမဆုံး သွားစတိုက်တဲ့အချိန်မှာ ...

Category
ကလေးများနှင့်ကျန်းမာရေး

၁။     ကလေးကို သွားပွတ်တံနဲ့ ဆော့ပါစေ။

          သွားပွတ်တံကို ဝါးနေလည်း လွှတ်ထားလိုက်ပါ။ ဒါမှ တဖြည်းဖြည်းနဲ့ ကလေးက ကျင့်သားရလာမှာပါ။

 

၂။     ပြောပြ၊ လုပ်ပြ၊ လုပ်ခိုင်းတဲ့နည်းကို သုံးပေးပါ။

          ပထမဆုံး သွား ဘယ်လိုတိုက်ရမယ်ဆိုတာ ရှင်းပြပါ။ ပြီးတော့ အရုပ်မှာဖြစ်ဖြစ် တိုက်ပြပါ။ နောက်ဆုံးအနေနဲ့ ဖေဖေ၊ မေမေ အကူအညီနဲ့ ကလေးကို ကိုယ်တိုင် သွားတိုက်ခိုင်းပါ။

 

၃။     ကလေးတွေကို သွားသေချာတိုက်နေပြီလို့ တစ်ထစ်ချ မယုံထားနဲနော်။

          ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ သွားတိုက်တာ ပိုပိုပျင်းလာတတ်တယ်။ သူတို့ကို အမြဲစောင့်ကြည့်နေပါ။ တစ်နေ့ကို ၂ ကြိမ်၊ တစ်ခါတိုက်ရင် ၂ မိနစ်ပြည့်အောင် တိုက်ခိုင်းဖို့ လိုပါတယ်။

 

၄။     သွားပွတ်တံကို ကိုယ်တိုင်ရွေးခိုင်းပါ။

          သူတို့ကြိုက်တာ ရွေးလာရင် ပိုတိုက်ချင်စိတ် ရှိတာပေါ့။

 

၅။     ကစားနည်းလေး လုပ်ပစ်ပါ။

          သွားကို ကောင်းကောင်းတိုက်တိုင်း ဆုချပေးပါ။

 

၆။     သီချင်းလေး ဖွင့်ပေးပါ။

          သွားတိုက်တဲ့အချိန် ကလေးကြိုက်တဲ့သီချင်းလေး ဖွင့်ပြပြီး သီချင်းဆုံးတဲ့အထိ တိုက်ခိုင်းပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)