ကလေးတွေ သန်ထိုးတဲ့အခါ
အူထဲမှာနေတဲ့ သန်ကောင် အမျိုးအစား အများကြီးရှိတဲ့ထဲမှာ တုတ်ကောင်ကို အများဆုံး တွေ့ရပါတယ်။ မူကြိုအရွယ်၊ ကျောင်းနေအရွယ်ကလေးတွေမှာ တွေ့ရတတ်ပြီး တစ်အိမ်လုံးကို ကူးစက်နိုင်ပါတယ်။
>> လက္ခဏာတွေက
● စအို ယားယံတာ၊ ကုတ်လို့ ဖြစ်တဲ့ နီရဲ ယောင်ယမ်းတာ
● ဂျီကျတာ
● ကောင်းကောင်းမအိပ်တာ
● အစားစားချင်စိတ် မရှိတာ စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။
မိန်းကလေးတွေမှာတော့ မိန်းမကိုယ်တစ်ဝိုက် ယားယံတာ၊ နီရဲတာတာကို ဖြစ်စေတတ်ပါတယ်။
တုတ်ကောင်ရှိတယ်ဆိုရင် စအိုဝ ယားယံတတ်ပြီး ညဘက်တွေမှာ ပိုဆိုးပါတယ်။ ကလေးတွေ ညအိပ်နေတဲ့အချိန် ဓာတ်မီးနဲ့ စအိုဝကို သေချာကြည့်ရင် အဖြူရောင် တုတ်ကောင်အသေးလေးတွေ လှုပ်ရှားနေတာ တွေ့ရနိုင်ပါတယ်။
ကလေးမှာ တုတ်ကောင် ကူးစက်ခံရရင် အရမ်းစိုးရိမ်စရာ မလိုပါဘူး။ ဆေးတိုက်ရုံနဲ့ ပျောက်ပါတယ်နော်။
>> ဘယ်လိုကူးစက်လဲ?
တုတ်ကောင်တွေဟာ အူရဲ့ အောက်ပိုင်းနားလေးမှာနေပြီး ညဘက်ကျရင် စအိုဝဆီထွက်ပြီး ဥ ဥကြပါတယ်။ ဒါကြောင့်မို့ စအိုဝယားယံတာကို ခံစားရတာ ဖြစ်ပါတယ်။ တုတ်ကောင် အမတစ်ကောင်ဟာ ဥပေါင်း ၁၆၀၀၀ လောက် ဥနိုင်ပါတယ်တဲ့။
ကလေးက စအိုကို ကုတ်လိုက်တဲ့အခါမှာ လက်သည်းကြားထဲ ဥတွေပါသွားပြီး လက်ကနေတစ်ဆင့် ပါးစပ်ထဲကို ပြန်ရောက် ဖြစ်တတ်ပါတယ်။ တိုက်ရိုက်မဟုတ်လည်း ဖုန်တွေ၊ အစားအသောက်တွေ၊ တခြားအရာတွေကနေလည်း ဝင်ရောက်နိုင်ပါတယ်။ ဥတွေဟာ ခန္ဓာကိုယ် ပြင်ပမှာ ၂ ပတ်တိတိ အသက်ရှင်နိုင်ပါတယ်။
ပါးစပ်ထဲကို ဥက ဝင်ရောက်သွားပြီး အူသိမ်မှာ ပေါက်ပါတယ်။ ပြီးရင် အူမကြီးကို သွားပြီး စအိုကို ပြန်ရောက်ပါတယ်။ တုတ်ကောင်ဟာ တိရစ္ဆာန်တွေကနေ တစ်ဆင့်မကူးစက်ပါဘူး။
Ceelin 1
>> အိမ်မှာ ဘယ်လိုလုပ်ပေးနိုင်လဲ?
● ဆရာဝန် ညွှန်ကြားချက်အတိုင်း ကလေးရော၊ မိသားစုတစ်စုလုံးပါ သန်ချဆေး တိုက်ပါ။
● တစ်အိမ်သားလုံး တစ်ချိန်ထဲ သောက်ပါ။ ရောဂါလက္ခဏာမပြလည်း သောက်ဖို့ လိုပါမယ်။
● ဖြစ်နိုင်ရင် ဆေးတိုက်တဲ့ ညမှာလည်း ရေချိုးပေးပြီး နောက်နေ့မနက်မှာလည်း ရေချိုးပေးပါ။
>> တခြားလူတွေကို မကူးစက်အောင် ဒါတွေလုပ်ပါ
● ကလေးကို မကုတ်ခိုင်းပါနဲ့။ အရမ်းယားလို့ ကုတ်ချင်ရင် အသားနဲ့ တိုက်ရိုက်မထိတွေ့စေဘဲ အဝတ်ပေါ်ကနေ ကုတ်ခိုင်းပါ။
● ကလေးရဲ့ လက်သည်းတွေကို သန့်သန့်ရှင်းရှင်း ထားပါ။ အမြဲ ညှပ်ပေးပါ။ လက်သည်း ကိုက်တာ၊ လက်မ စုပ်တာတွေ မလုပ်စေဖို့ သတိထားပါ။
● အိမ်သာတက်ပြီးတိုင်း လက်နဲ့ လက်သည်းအောက်ကို သေချာဆေးကြောပါ။
● ကလေးရဲ့ အိပ်ရာခင်း၊ တဘက်၊ အရုပ်တွေကို ရေနွေးနဲ့ လျှော်ပါ။
● ကြမ်းပြင်ကို သေချာသန့်ရှင်းပါ။
● အိမ်ကိုလည်း သန့်ရှင်းရေး သေချာလုပ်ပါ။ ကလေး ထိတွေ့နိုင်တဲ့နေရာတွေ ဥပမာ - တံခါးလက်ကိုင်တွေကို ဂရုစိုက် သန့်ရှင်းပါ။
● အောက်ပြုတ်ကျသွားတဲ့ အစားအစာကို စားတာမျိုး ရှောင်ခိုင်းပါ။
>> ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်း မဖြစ်မနေသွားရမလဲ?
● ဆေးတိုက်ပြီးတာတောင် မသက်သာရင်
● သန်ကောင်ကြီးကြီး ဝမ်းထဲမှာပါလာရင်
● ဗိုက်အောင့်၊ ပျို့အန်၊ အားမရှိတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
Dr. Htar (www.drmyanmar.com)
Ceelin 2
(Zawgyi)
အူထဲမွာေနတဲ့ သန္ေကာင္ အမ်ိဳးအစား အမ်ားႀကီးရွိတဲ့ထဲမွာ တုတ္ေကာင္ကို အမ်ားဆုံး ေတြ႕ရပါတယ္။ မူႀကိဳအ႐ြယ္၊ ေက်ာင္းေနအ႐ြယ္ကေလးေတြမွာ ေတြ႕ရတတ္ၿပီး တစ္အိမ္လုံးကို ကူးစက္ႏိုင္ပါတယ္။
>> လကၡဏာေတြက
● စအို ယားယံတာ၊ ကုတ္လို႔ ျဖစ္တဲ့ နီရဲ ေယာင္ယမ္းတာ
● ဂ်ီက်တာ
● ေကာင္းေကာင္းမအိပ္တာ
● အစားစားခ်င္စိတ္ မရွိတာ စတာေတြ ျဖစ္ေပၚတတ္ပါတယ္။
မိန္းကေလးေတြမွာေတာ့ မိန္းမကိုယ္တစ္ဝိုက္ ယားယံတာ၊ နီရဲတာတာကို ျဖစ္ေစတတ္ပါတယ္။
တုတ္ေကာင္ရွိတယ္ဆိုရင္ စအိုဝ ယားယံတတ္ၿပီး ညဘက္ေတြမွာ ပိုဆိုးပါတယ္။ ကေလးေတြ ညအိပ္ေနတဲ့အခ်ိန္ ဓာတ္မီးနဲ႔ စအိုဝကို ေသခ်ာၾကည့္ရင္ အျဖဴေရာင္ တုတ္ေကာင္အေသးေလးေတြ လႈပ္ရွားေနတာ ေတြ႕ရႏိုင္ပါတယ္။
ကေလးမွာ တုတ္ေကာင္ ကူးစက္ခံရရင္ အရမ္းစိုးရိမ္စရာ မလိုပါဘူး။ ေဆးတိုက္႐ုံနဲ႔ ေပ်ာက္ပါတယ္ေနာ္။
>> ဘယ္လိုကူးစက္လဲ?
တုတ္ေကာင္ေတြဟာ အူရဲ႕ ေအာက္ပိုင္းနားေလးမွာေနၿပီး ညဘက္က်ရင္ စအိုဝဆီထြက္ၿပီး ဥ ဥၾကပါတယ္။ ဒါေၾကာင့္မို႔ စအိုဝယားယံတာကို ခံစားရတာ ျဖစ္ပါတယ္။ တုတ္ေကာင္ အမတစ္ေကာင္ဟာ ဥေပါင္း ၁၆၀၀၀ ေလာက္ ဥႏိုင္ပါတယ္တဲ့။
ကေလးက စအိုကို ကုတ္လိုက္တဲ့အခါမွာ လက္သည္းၾကားထဲ ဥေတြပါသြားၿပီး လက္ကေနတစ္ဆင့္ ပါးစပ္ထဲကို ျပန္ေရာက္ ျဖစ္တတ္ပါတယ္။ တိုက္႐ိုက္မဟုတ္လည္း ဖုန္ေတြ၊ အစားအေသာက္ေတြ၊ တျခားအရာေတြကေနလည္း ဝင္ေရာက္ႏိုင္ပါတယ္။ ဥေတြဟာ ခႏၶာကိုယ္ ျပင္ပမွာ ၂ ပတ္တိတိ အသက္ရွင္ႏိုင္ပါတယ္။
ပါးစပ္ထဲကို ဥက ဝင္ေရာက္သြားၿပီး အူသိမ္မွာ ေပါက္ပါတယ္။ ၿပီးရင္ အူမႀကီးကို သြားၿပီး စအိုကို ျပန္ေရာက္ပါတယ္။ တုတ္ေကာင္ဟာ တိရစာၦန္ေတြကေန တစ္ဆင့္မကူးစက္ပါဘူး။
>> အိမ္မွာ ဘယ္လိုလုပ္ေပးႏိုင္လဲ?
● ဆရာဝန္ ၫႊန္ၾကားခ်က္အတိုင္း ကေလးေရာ၊ မိသားစုတစ္စုလုံးပါ သန္ခ်ေဆး တိုက္ပါ။
● တစ္အိမ္သားလုံး တစ္ခ်ိန္ထဲ ေသာက္ပါ။ ေရာဂါလကၡဏာမျပလည္း ေသာက္ဖို႔ လိုပါမယ္။
● ျဖစ္ႏိုင္ရင္ ေဆးတိုက္တဲ့ ညမွာလည္း ေရခ်ိဳးေပးၿပီး ေနာက္ေန႔မနက္မွာလည္း ေရခ်ိဳးေပးပါ။
>> တျခားလူေတြကို မကူးစက္ေအာင္ ဒါေတြလုပ္ပါ
● ကေလးကို မကုတ္ခိုင္းပါနဲ႔။ အရမ္းယားလို႔ ကုတ္ခ်င္ရင္ အသားနဲ႔ တိုက္႐ိုက္မထိေတြ႕ေစဘဲ အဝတ္ေပၚကေန ကုတ္ခိုင္းပါ။
● ကေလးရဲ႕ လက္သည္းေတြကို သန႔္သန႔္ရွင္းရွင္း ထားပါ။ အၿမဲ ညႇပ္ေပးပါ။ လက္သည္း ကိုက္တာ၊ လက္မ စုပ္တာေတြ မလုပ္ေစဖို႔ သတိထားပါ။
● အိမ္သာတက္ၿပီးတိုင္း လက္နဲ႔ လက္သည္းေအာက္ကို ေသခ်ာေဆးေၾကာပါ။
● ကေလးရဲ႕ အိပ္ရာခင္း၊ တဘက္၊ အ႐ုပ္ေတြကို ေရေႏြးနဲ႔ ေလွ်ာ္ပါ။
● ၾကမ္းျပင္ကို ေသခ်ာသန႔္ရွင္းပါ။
● အိမ္ကိုလည္း သန႔္ရွင္းေရး ေသခ်ာလုပ္ပါ။ ကေလး ထိေတြ႕ႏိုင္တဲ့ေနရာေတြ ဥပမာ - တံခါးလက္ကိုင္ေတြကို ဂ႐ုစိုက္ သန႔္ရွင္းပါ။
● ေအာက္ျပဳတ္က်သြားတဲ့ အစားအစာကို စားတာမ်ိဳး ေရွာင္ခိုင္းပါ။
>> ဘယ္အခ်ိန္မွာ ေဆး႐ုံ၊ ေဆးခန္း မျဖစ္မေနသြားရမလဲ?
● ေဆးတိုက္ၿပီးတာေတာင္ မသက္သာရင္
● သန္ေကာင္ႀကီးႀကီး ဝမ္းထဲမွာပါလာရင္
● ဗိုက္ေအာင့္၊ ပ်ိဳ႕အန္၊ အားမရွိတာမ်ိဳးျဖစ္ရင္ ဆရာဝန္နဲ႔ ျပသဖို႔ လိုပါမယ္။
Dr. Htar (www.drmyanmar.com)





























