/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-သွားပေါက်တဲ့အခါ-သွားဖုံးရောင်ရမ်းနာကျင်တာကို-သက်သာစေရန်

ကလေးတွေ သွားပေါက်တဲ့အခါ သွားဖုံးရောင်ရမ်းနာကျင်တာကို သက်သာစေရန်

Category
ကလေးများနှင့်ကျန်းမာရေး

ယေဘုယျအားဖြင့်တော့ ကလေး အသက် ခြောက်လဆိုရင် သွားစပေါက်လေ့ရှိကြပါတယ်။ အောက်ရှေ့သွားလေးနှစ်ချောင်း အရင်ထွက်လာပြီးတော့မှ အပေါ်ရှေ့သွားလေးနှစ်ချောင်း ပေါက်လေ့ရှိပါတယ်။

>>  ကလေးတွေ သွားပေါက်တဲ့အချိန်မှာ -
●  သွားရည် (သရေ) အရမ်းကျတာ
●  အရာဝတ္ထုတွေ၊ အရုပ်တွေကို ကိုက်တာ
●  ဂနာမငြိမ်ဖြစ်တာ
●  သွားဖုံးရောင်တာ၊ နာကျင်တာ
●  ကိုယ်အပူချိန် အနည်းငယ်တက်တာ
စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

Biogesic for kids IA 1

သွားပေါက်တဲ့အခါ သွားဖုံးရောင်ပြီး နာကျင်တော့ ကလေးလည်း အိပ်ရေးပျက်ရသလို ကလေးက နာလို့ငိုတဲ့အခါ မေမေတို့လည်း အိပ်ရေးပျက်နိုင်ပါတယ်။

ဒီလိုမဖြစ်ရဖို့အတွက် သွားဖုံးရောင်ပြီး နာကျင်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

●  ဂွမ်း (သို့) ပတ်တီးစ သန့်သန့်လေးကို ရေစွတ်ပြီးတော့ ရောင်နေတဲ့သွားဖုံးကို ညင်ညင်သာသာလေး ပွတ်ပေးပါ။
●  သွားဖုံးကို အေးမြနေအောင် ထားပါ။
●  ပါရာစီတမောပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆေးညွှန်းအတိုင်း တိုက်ပေးပါ။

Biogesic for kids IA 2

ကလေးတွေ သွားပေါက်တဲ့အခါ ခံစားရတဲ့လက္ခဏာတွေကို အိမ်မှာပဲ အလွယ်တကူ သက်သာအောင် လုပ်ပေးနိုင်ပေမယ့် ကလေးအနေနဲ့

●  ဖော်ပြခဲ့တဲ့နည်းလမ်းတွေလုပ်ပြီးတာတောင် နာနေသေးလို့ သက်သောင့်သက်သာမရှိရင်
●  အစာကောင်းကောင်းမဝင်ရင်
●  ကိုယ်အပူချိန် 100.4°F နဲ့ အထက် ရှိရင်တော့ ဆရာဝန်နဲ့ ပြသပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)