ကလေးတွေ အပြင်ထွက် ကစားသင့်၊ မသင့်
ကိုယ်တွေ ငယ်ဘဝတုန်းကတော့ ကျောင်းဆင်းပြီဆိုတာနဲ့ လွယ်အိတ်ကိုပစ် အိမ်ရှေ့ထွက်ပြီး ဆော့လိုက်တာဆိုတာ နေစုံးစုံးမြုပ် ထမင်းစားချိန်ကျမှ အမေ့ခမျာ မနည်းလိုက်ဖမ်းရတာပေါ့။ အခုခေတ်မှာတော့ ပြိုင်ဆိုင်မှုတွေများတဲ့ ကျောင်းရယ် ကျူရှင်ရယ်၊ ဆော့ကစားစရာ နေရာရှားပါးတာရယ်၊ ဖုန်း၊ ကွန်ပျူတာနဲ့ ဂိမ်းစက်တွေရယ်ကြောင့်မို့ ကလေးတွေလမ်းဘေးမှာ ပြေးလွှားဆော့ကစားတဲ့မြင်ကွင်းဟာ အင်မတန်ရှားပါးလာပါပြီနော်။
အပြင်ထွက် ပြေးလွှားဆော့ကစားတယ်ဆိုတာ အင်မတန်ပျော်စရာ၊ စိတ်လှုပ်ရှားစရာပါပဲ။ ဒီလိုအပြင်ထွက် ဆော့ကစားပေးတာဟာ ကလေးတွေရဲ့ လေ့လာသင်ယူမှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အင်မတန်ကိုမှ ကောင်းပါတယ်။
မွေးကင်းစကလေးကို တွန်းလှည်းလေးထဲထည့်ပြီး လမ်းလျှောက်တာကနေ ခြံထဲပုခက်လွှဲတာအထိ ပြင်ပကမ္ဘာဟာ ကလေးတွေကို စူးစမ်းလေ့လာဖို့ အခွင့်အလမ်းတွေ အများကြီးပေးပါတယ်။ ပြင်ပကမ္ဘာကျယ်ကြီးထဲမှာ အော်ဟစ်၊ ခုန်ပေါက်၊ ပြေးလွှား၊ ကခုန်နိုင်တဲ့ လွတ်လပ်မှုကို ရရှိစေနိုင်ပါတယ်။
ကလေးတွေအတွက် ပြင်ပကမ္ဘာဟာ ခံစားနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အပြင်က အရောင်မျိုးစုံကို ကြည့်ရှုလေ့လာနိုင်သလို အရာဝတ္ထုမျိုးစုံကိုလည်း ထိတွေ့ခံစားနိုင်ပါတယ်။
အပြင်ထွက်ဆော့ကစားခြင်းရဲ့ ကောင်းကျိုးတွေကို ပြောရမယ်ဆိုရင် -
၁။ ညဘက်မှာကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။
လေကောင်းလေသန့် ရှူရှိုက်ရမယ်၊ နေရောင်ကောင်းကောင်း ခံယူရမယ်ဆိုရင် ကလေး ညဘက် ကောင်းကောင်းအိပ်ပျော်ပါတယ်တဲ့။ ဒါကြောင့် အပြင် လမ်းထွက်လျှောက်တာ၊ ထွက်ဆော့စေတာမျိုး လုပ်ပေးပါ။
၂။ အပြင်ထွက်ဆော့ ကစားတာက လေ့လာသင်ယူနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
အပြင်မှာ ကလေးတွေအတွက် ကြည့်ရှုစရာ၊ လေ့လာစရာ၊ စူးစမ်းစရာတွေ အများကြီးပါ။ ကလေးတွေကို စိတ်ရောကိုယ်ပါ လှုံ့ဆော်ပေးရာလည်း ရောက်ပါတယ်။ ခံစားနိုင်စွမ်းကနေတစ်ဆင့် လေ့လာသင်ယူပြီး အတွေ့အကြုံတွေရဖို့ အခွင့်ကောင်းတစ်ခုဆိုလည်း မမှားဘူးပေါ့။
၃။ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။
ကလေးငယ်လေးတွေမှာ သူတို့ရဲ့တစ်ကိုယ်လုံးကို အသုံးချဖို့လိုပါတယ်။ ဒါမှလည်း တစ်နေ့တခြား လှုပ်ရှားလုပ်ကိုင်နိုင်စွမ်း တိုးတက်လာမှာပါ။ ပန်းခြံထဲမှာ ကလေးကို တောက်တောက်တောက်တောက် လျှောက်သွားစေတာ၊ နည်းနည်းကြီးတဲ့ကလေးတွေဆို ပြေးလွှားခုန်ပေါက်စေတာ စသဖြင့်ပေါ့။ ဒါ့အပြင် သစ်ရွက်ကလေး၊ ပန်းပွင့်ကလေးတွေကို ကောက်ယူ ဆော့ကစားခြင်းဟာ အသေးစိတ် လက်လှုပ်ရှားမှုတွေကို ကောင်းစေပါတယ်။
EC Kidz IA 1
၄။ ကျန်းမာတဲ့နေထိုင်မှုပုံစံကို အားပေးရာ ရောက်ပါတယ်။
အပြင်ထွက်ကစားခြင်းဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းပြီး ကျန်းမာတဲ့နေထိုင်မှုပုံစံကို ရရှိစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့ ဆော့ကစားမှုတွေက ကလေးကို ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်စေပြီး ပိုပြီးကျန်းမာကြံ့ခိုင်စေလာနိုင်ပါတယ်။ ဘဝအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမူအကျင့်ကောင်းတွေကို မွေးမြူပေးရာလည်း ရောက်တာပေါ့။
၅။ ပတ်ဝန်းကျင်ကို သတိထားမိစေပါတယ်။
သဘာဝကို ခံစားတတ်ပြီး ပတ်ဝန်းကျင်ကိုသတိထားမိတဲ့ အလေ့အကျင့်ကို ရရှိစေပါတယ်။ ကလေးဘဝကတည်းက ပတ်ဝန်းကျင်ကို သတိထားမိပြီး သဘာဝကို ချစ်မြတ်နိုးတဲ့ကလေးတွေဟာ ကြီးလာတော့လည်း သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုးပေးတဲ့လူသားတွေ ဖြစ်လာမှာပါ။
၆။ မိသားစုတစ်စုလုံးအတွက်လည်း ကောင်းကျိုးဖြစ်စေပါတယ်။
အပြင်ဘက်က လေကောင်းလေသန့်ဟာ စိတ်ညစ်နွမ်းမှုတွေကို ပြေပျောက်စေပြီး ကျေနပ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ညနေဘက်မှာ မိသားစုလိုက် လမ်းလျှောက်ထွက်တာမျိုး လုပ်ပေးသင့်ပါတယ်။
၇။ သူငယ်ချင်းအသစ်တွေ ရရှိစေပါတယ်။
ကလေးနဲ့ အပြင်ထွက် ဆော့ကစားတာဟာ မိဘတွေအတွက်လည်း လေ့ကျင့်ခန်းတစ်မျိုး ဖြစ်တဲ့အပြင် မိတ်ဆွေ အပေါင်းအသင်းအသစ်တွေလည်း တိုးပွားစေပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
ကိုယ္ေတြ ငယ္ဘဝတုန္းကေတာ့ ေက်ာင္းဆင္းၿပီဆိုတာနဲ႔ လြယ္အိတ္ကိုပစ္ အိမ္ေရွ႕ထြက္ၿပီး ေဆာ့လိုက္တာဆိုတာ ေနစုံးစုံးျမဳပ္ ထမင္းစားခ်ိန္က်မွ အေမ့ခမ်ာ မနည္းလိုက္ဖမ္းရတာေပါ့။ အခုေခတ္မွာေတာ့ ၿပိဳင္ဆိုင္မႈေတြမ်ားတဲ့ ေက်ာင္းရယ္ က်ဴရွင္ရယ္၊ ေဆာ့ကစားစရာ ေနရာရွားပါးတာရယ္၊ ဖုန္း၊ ကြန္ပ်ဴတာနဲ႔ ဂိမ္းစက္ေတြရယ္ေၾကာင့္မို႔ ကေလးေတြလမ္းေဘးမွာ ေျပးလႊားေဆာ့ကစားတဲ့ျမင္ကြင္းဟာ အင္မတန္ရွားပါးလာပါၿပီေနာ္။
အျပင္ထြက္ ေျပးလႊားေဆာ့ကစားတယ္ဆိုတာ အင္မတန္ေပ်ာ္စရာ၊ စိတ္လႈပ္ရွားစရာပါပဲ။ ဒီလိုအျပင္ထြက္ ေဆာ့ကစားေပးတာဟာ ကေလးေတြရဲ့ ေလ့လာသင္ယူမႈနဲ႔ ႀကီးထြားဖြံ့ၿဖိဳးမႈအတြက္လည္း အင္မတန္ကိုမွ ေကာင္းပါတယ္။
ေမြးကင္းစကေလးကို တြန္းလွည္းေလးထဲထည့္ၿပီး လမ္းေလၽွာက္တာကေန ၿခံထဲပုခက္လႊဲတာအထိ ျပင္ပကမၻာဟာ ကေလးေတြကို စူးစမ္းေလ့လာဖို႔ အခြင့္အလမ္းေတြ အမ်ားႀကီးေပးပါတယ္။ ျပင္ပကမၻာက်ယ္ႀကီးထဲမွာ ေအာ္ဟစ္၊ ခုန္ေပါက္၊ ေျပးလႊား၊ ကခုန္နိုင္တဲ့ လြတ္လပ္မႈကို ရရွိေစနိုင္ပါတယ္။
ကေလးေတြအတြက္ ျပင္ပကမၻာဟာ ခံစားနိုင္စြမ္းကိုလည္း ျမႇင့္တင္ေပးနိုင္ပါတယ္။ အျပင္က အေရာင္မ်ိဳးစုံကို ၾကည့္ရႈေလ့လာနိုင္သလို အရာဝတၳဳမ်ိဳးစုံကိုလည္း ထိေတြ႕ခံစားနိုင္ပါတယ္။
အျပင္ထြက္ေဆာ့ကစားျခင္းရဲ့ ေကာင္းက်ိဳးေတြကို ေျပာရမယ္ဆိုရင္ -
၁။ ညဘက္မွာေကာင္းေကာင္းအိပ္ေပ်ာ္ေစနိုင္ပါတယ္။
ေလေကာင္းေလသန႔္ ရႉရွိုက္ရမယ္၊ ေနေရာင္ေကာင္းေကာင္း ခံယူရမယ္ဆိုရင္ ကေလး ညဘက္ ေကာင္းေကာင္းအိပ္ေပ်ာ္ပါတယ္တဲ့။ ဒါေၾကာင့္ အျပင္ လမ္းထြက္ေလၽွာက္တာ၊ ထြက္ေဆာ့ေစတာမ်ိဳး လုပ္ေပးပါ။
၂။ အျပင္ထြက္ေဆာ့ ကစားတာက ေလ့လာသင္ယူနိုင္တဲ့ နည္းလမ္းတစ္ခုလည္း ျဖစ္ပါတယ္။
အျပင္မွာ ကေလးေတြအတြက္ ၾကည့္ရႈစရာ၊ ေလ့လာစရာ၊ စူးစမ္းစရာေတြ အမ်ားႀကီးပါ။ ကေလးေတြကို စိတ္ေရာကိုယ္ပါ လႈံ႔ေဆာ္ေပးရာလည္း ေရာက္ပါတယ္။ ခံစားနိုင္စြမ္းကေနတစ္ဆင့္ ေလ့လာသင္ယူၿပီး အေတြ႕အၾကဳံေတြရဖို႔ အခြင့္ေကာင္းတစ္ခုဆိုလည္း မမွားဘူးေပါ့။
၃။ လႈပ္ရွားလုပ္ကိုင္နိုင္စြမ္းကို တိုးတက္ေစနိုင္ပါတယ္။
ကေလးငယ္ေလးေတြမွာ သူတို႔ရဲ့တစ္ကိုယ္လုံးကို အသုံးခ်ဖို႔လိုပါတယ္။ ဒါမွလည္း တစ္ေန႔တျခား လႈပ္ရွားလုပ္ကိုင္နိုင္စြမ္း တိုးတက္လာမွာပါ။ ပန္းၿခံထဲမွာ ကေလးကို ေတာက္ေတာက္ေတာက္ေတာက္ ေလၽွာက္သြားေစတာ၊ နည္းနည္းႀကီးတဲ့ကေလးေတြဆို ေျပးလႊားခုန္ေပါက္ေစတာ စသျဖင့္ေပါ့။ ဒါ့အျပင္ သစ္ရြက္ကေလး၊ ပန္းပြင့္ကေလးေတြကို ေကာက္ယူ ေဆာ့ကစားျခင္းဟာ အေသးစိတ္ လက္လႈပ္ရွားမႈေတြကို ေကာင္းေစပါတယ္။
၄။ က်န္းမာတဲ့ေနထိုင္မႈပုံစံကို အားေပးရာ ေရာက္ပါတယ္။
အျပင္ထြက္ကစားျခင္းျဖင့္ ကယ္လိုရီေတြ ေလာင္ကၽြမ္းၿပီး က်န္းမာတဲ့ေနထိုင္မႈပုံစံကို ရရွိေစပါတယ္။ ကိုယ္လက္လႈပ္ရွားမႈနဲ႔ ေဆာ့ကစားမႈေတြက ကေလးကို ေကာင္းေကာင္းစား၊ ေကာင္းေကာင္းအိပ္ေစၿပီး ပိုၿပီးက်န္းမာႀကံ့ခိုင္ေစလာနိုင္ပါတယ္။ ဘဝအတြက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အမူအက်င့္ေကာင္းေတြကို ေမြးျမဴေပးရာလည္း ေရာက္တာေပါ့။
၅။ ပတ္ဝန္းက်င္ကို သတိထားမိေစပါတယ္။
သဘာဝကို ခံစားတတ္ၿပီး ပတ္ဝန္းက်င္ကိုသတိထားမိတဲ့ အေလ့အက်င့္ကို ရရွိေစပါတယ္။ ကေလးဘဝကတည္းက ပတ္ဝန္းက်င္ကို သတိထားမိၿပီး သဘာဝကို ခ်စ္ျမတ္နိုးတဲ့ကေလးေတြဟာ ႀကီးလာေတာ့လည္း သဘာဝပတ္ဝန္းက်င္အတြက္ ေကာင္းက်ိဳးေပးတဲ့လူသားေတြ ျဖစ္လာမွာပါ။
၆။ မိသားစုတစ္စုလုံးအတြက္လည္း ေကာင္းက်ိဳးျဖစ္ေစပါတယ္။
အျပင္ဘက္က ေလေကာင္းေလသန႔္ဟာ စိတ္ညစ္ႏြမ္းမႈေတြကို ေျပေပ်ာက္ေစၿပီး ေက်နပ္ေပ်ာ္ရႊင္မႈကို ေပးစြမ္းနိုင္ပါတယ္။ ဒါ့ေၾကာင့္ ညေနဘက္မွာ မိသားစုလိုက္ လမ္းေလၽွာက္ထြက္တာမ်ိဳး လုပ္ေပးသင့္ပါတယ္။
၇။ သူငယ္ခ်င္းအသစ္ေတြ ရရွိေစပါတယ္။
ကေလးနဲ႔ အျပင္ထြက္ ေဆာ့ကစားတာဟာ မိဘေတြအတြက္လည္း ေလ့က်င့္ခန္းတစ္မ်ိဳး ျဖစ္တဲ့အျပင္ မိတ္ေဆြ အေပါင္းအသင္းအသစ္ေတြလည္း တိုးပြားေစပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























