ကလေးတွေ အာရုံစူးစိုက်မှု အားကောင်းအောင် အသက်အရွယ်အလိုက် ပေးလုပ်ရမယ့်အလုပ်တွေ
>> မူကြိုအရွယ်ကလေးတွေ
● ကျောက်ရုပ်လုပ်တမ်း ကစားပေးပါ။ ကလေးငယ်လေးတွေအနေနဲ့ တစ်နေရာတည်းမှာ အချိန်ကြာကြာ ဒီတိုင်း ငြိမ်ငြိမ်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကစားတဲ့အခါမှာ ပုံစံတစ်မျိုးတည်းကို မိနစ်ဝက်ထက် ကြာကြာပိုမနေခိုင်းပါနဲ့။
● အမျိုးတူ ရွေးခိုင်းတာမျိုး။ ပန်းပုံ၊ အသီးပုံ ရောင်စုံ card လေးတွေ ပြပြီး ကလေးကို အမျိုးအစားအလိုက်၊ အရောင်လိုက် တူတာလေးတွေကို ရွေးခိုင်းပါ။
● သီချင်းဆိုခိုင်းပါ။ အမူအရာပါတဲ့ သီချင်းလေးတွေ ဆိုခိုင်းပြီး ကလေးကို သီချင်းနဲ့ တစ်ပြိုင်တည်း လိုက်လုပ်ခိုင်းပါ။ ဥပမာ - လက်ခုပ်တီးပါ၊ ခုန်ပါ စတဲ့ စကားလုံးပါတဲ့သီချင်းတွေကို ရွေးပါ။
>> မူလတန်းကလေးတွေ
● အတုံးလေးတွေ ထောင်ထားပြီး မပြိုကျအောင် တစ်ခုချင်း ပြန်ထုတ်ရတာမျိုး၊
● ရုပ်ပုံလေးတွေ ပြထားပြီး ပြန်မေးတာမျိုး၊
● ကလေးကို ပစ္စည်းမျိုးစုံကို ဒီတိုင်းရေးပြပြီး အက္ခရာအစဉ်လိုက် ပြန်ရေးပြခိုင်းတာမျိုး ဆော့ကစားနိုင်ပါတယ်။
EC Kidz IA 1
>> အလယ်တန်းကလေးတွေ
● အာရုံစူးစိုက်မှုကောင်းစေတဲ့ ကစားနည်းတွေကို အချိန်အကန့်အသတ်နဲ့ ပေးဆော့ပါ။
● ကလေးရဲ့ သူငယ်ချင်းတွေကို အိမ်မှာ စုပေးပြီး မှတ်ဉာဏ်ကို လေ့ကျင့်ပေးတဲ့ ကစားနည်းတွေ ပေးဆော့ပါ။ ဥပမာ - စာလုံးဆက်တာမျိုး
● ကလေးကို စိတ်တည်ငြိမ်အာင် တရားထိုင်ခိုင်းတာမျိုး၊ ယောဂဆော့ခိုင်းတာမျိုးတွေကို စပြီး လေ့ကျင့်ပေးပါ။
>> ဆယ်ကျော်သက်ရောက်ခါစအရွယ်လေးတွေ
● အချိန်စာရင်းကို ကြိုဆွဲခိုင်းပါ။ ကျောင်းစာလုပ်ရင်လည်း အချိန်စာရင်းနဲ့ လုပ်ခိုင်းတာမျိုး၊ ကိုယ့်ဘာကို အချိန်စာရင်း ဆွဲတာမျိုး လုပ်ခိုင်းပါ။
● အချက်ကျကျ စဉ်းစားတွေးခေါ်နိုင်အောင် ကျင့်ပေးပါ။ ကျားကစားခြင်း၊ chess ၊ စာလုံးဆက်ခြင်း၊ crossword ၊ ဆူဒိုကု (Sudoku) စတဲ့ ကစားနည်းတွေက အထောက်အကူ ဖြစ်စေပါတယ်။
● ဟင်းချက်ခိုင်းပါ။ အာရုံစူးစိုက်မှု ကောင်းစေတဲ့အပြင် ဘဝရှင်သန်မှုအတွက်ပါ တတ်မြောက်ထားသင့်ပါတယ်။
● အားကစားလုပ်ဖို့ အားပေးပါ။ ဘက်စကတ်ဘော၊ ဘောလုံး နောက်ဆုံး ကတာကအစ ညွှန်ကြားချက်ကို လိုက်နာတတ်တဲ့ အလေ့အကျင့်ကောင်းကို မွေးမြူပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးသားလည်း ဖြစ်စေပါတယ်။
Dr. Htar (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
>> မူႀကိဳအရြယ္ကေလးေတြ
● ေက်ာက္႐ုပ္လုပ္တမ္း ကစားေပးပါ။ ကေလးငယ္ေလးေတြအေနနဲ႔ တစ္ေနရာတည္းမွာ အခ်ိန္ၾကာၾကာ ဒီတိုင္း ၿငိမ္ၿငိမ္ေနဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ ကစားတဲ့အခါမွာ ပုံစံတစ္မ်ိဳးတည္းကို မိနစ္ဝက္ထက္ ၾကာၾကာပိုမေနခိုင္းပါနဲ႔။
● အမ်ိဳးတူ ေရြးခိုင္းတာမ်ိဳး။ ပန္းပုံ၊ အသီးပုံ ေရာင္စုံ card ေလးေတြ ျပၿပီး ကေလးကို အမ်ိဳးအစားအလိုက္၊ အေရာင္လိုက္ တူတာေလးေတြကို ေရြးခိုင္းပါ။
● သီခ်င္းဆိုခိုင္းပါ။ အမူအရာပါတဲ့ သီခ်င္းေလးေတြ ဆိုခိုင္းၿပီး ကေလးကို သီခ်င္းနဲ႔ တစ္ၿပိဳင္တည္း လိုက္လုပ္ခိုင္းပါ။ ဥပမာ - လက္ခုပ္တီးပါ၊ ခုန္ပါ စတဲ့ စကားလုံးပါတဲ့သီခ်င္းေတြကို ေရြးပါ။
>> မူလတန္းကေလးေတြ
● အတုံးေလးေတြ ေထာင္ထားၿပီး မၿပိဳက်ေအာင္ တစ္ခုခ်င္း ျပန္ထုတ္ရတာမ်ိဳး၊
● ႐ုပ္ပုံေလးေတြ ျပထားၿပီး ျပန္ေမးတာမ်ိဳး၊
● ကေလးကို ပစၥည္းမ်ိဳးစုံကို ဒီတိုင္းေရးျပၿပီး အကၡရာအစဥ္လိုက္ ျပန္ေရးျပခိုင္းတာမ်ိဳး ေဆာ့ကစားႏိုင္ပါတယ္။
>> အလယ္တန္းကေလးေတြ
● အာ႐ုံစူးစိုက္မႈေကာင္းေစတဲ့ ကစားနည္းေတြကို အခ်ိန္အကန႔္အသတ္နဲ႔ ေပးေဆာ့ပါ။
● ကေလးရဲ႕ သူငယ္ခ်င္းေတြကို အိမ္မွာ စုေပးၿပီး မွတ္ဉာဏ္ကို ေလ့က်င့္ေပးတဲ့ ကစားနည္းေတြ ေပးေဆာ့ပါ။ ဥပမာ - စာလုံးဆက္တာမ်ိဳး
● ကေလးကို စိတ္တည္ၿငိမ္အာင္ တရားထိုင္ခိုင္းတာမ်ိဳး၊ ေယာဂေဆာ့ခိုင္းတာမ်ိဳးေတြကို စၿပီး ေလ့က်င့္ေပးပါ။
>> ဆယ္ေက်ာ္သက္ေရာက္ခါစအရြယ္ေလးေတြ
● အခ်ိန္စာရင္းကို ႀကိဳဆြဲခိုင္းပါ။ ေက်ာင္းစာလုပ္ရင္လည္း အခ်ိန္စာရင္းနဲ႔ လုပ္ခိုင္းတာမ်ိဳး၊ ကိုယ့္ဘာကို အခ်ိန္စာရင္း ဆြဲတာမ်ိဳး လုပ္ခိုင္းပါ။
● အခ်က္က်က် စဥ္းစားေတြးေခၚႏိုင္ေအာင္ က်င့္ေပးပါ။ က်ားကစားျခင္း၊ chess ၊ စာလုံးဆက္ျခင္း၊ crossword ၊ ဆူဒိုကု (Sudoku) စတဲ့ ကစားနည္းေတြက အေထာက္အကူ ျဖစ္ေစပါတယ္။
● ဟင္းခ်က္ခိုင္းပါ။ အာ႐ုံစူးစိုက္မႈ ေကာင္းေစတဲ့အျပင္ ဘဝရွင္သန္မႈအတြက္ပါ တတ္ေျမာက္ထားသင့္ပါတယ္။
● အားကစားလုပ္ဖို႔ အားေပးပါ။ ဘက္စကတ္ေဘာ၊ ေဘာလုံး ေနာက္ဆုံး ကတာကအစ ၫႊန္ၾကားခ်က္ကို လိုက္နာတတ္တဲ့ အေလ့အက်င့္ေကာင္းကို ေမြးျမဴေပးပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီးသားလည္း ျဖစ္ေစပါတယ္။
Dr. Htar (www.drmyanmar.com)






























