ကလေးထိန်းခေါ်ရင် ဘာတွေစစ်ဆေးသင့်သလဲ?
>> သွေးစစ်ခြင်း
1. HBsAg (အသည်းရောင် အသားဝါ B ပိုး)
2. HCV Ab ( အသည်းရောင် အသားဝါ C ပိုး)
3. HIV Ab ( အိတ်ချ်အိုင်ဗွီပိုး)
4. VDRL ( ဆစ်ဖလစ်ရောဂါပိုး)
>> အခြားစစ်ဆေးမှုများ
ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း - TB ရောဂါအပါအဝင် အဆုတ်၊ ရင်ခေါင်းအတွင်းပိုင်းဆိုင်ရာ ရောဂါများ ရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။
>> အရေပြားကို စစ်ဆေးကြည့်ရှုခြင်း
1. တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ
2. ပွေး၊ ဝဲ၊ ယားနာနှင့် အခြားအနာစိုများ ရှိ/မရှိ
>> လက်သည်းများကို ကြည့်ရှုစစ်ဆေးခြင်း
1. တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ - လက်သည်းကြားထဲ ချေးများ ရှိ/မရှိ
2. လက်သည်းတွေ ရှည်နေတယ်ဆိုရင် ညှပ်ခိုင်းပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























