ကလေးနားကိုက်နေရင် ဒီ 2 ခု မလုပ်ပါနဲ့
1. ကလေးကို နားကိုက်သက်သာစေဖို့အတွက် ကိုယ့်ဟာကိုယ်နားအစက်ချဆေးဝယ်မထည့်ပါနဲ့။ နားစည်ပေါက်သွားပြီး နားကိုအမြဲတမ်းထိခိုက်မှုရရှိသွားစေတတ်ပါတယ်။
2. ကလေးမှာ နားပိုးဝင်နေချိန်မှာ လေယာဉ်မစီးပါနဲ့။ လေဖိအားအပြောင်းအလဲကြောင့် နားကိုက်တာအလွန်အမင်းပိုဆိုးစေနိုင်ပြီးတော့ နားစည်ပေါက်သွားတဲ့ အထိဖြစ်နိုင်ပါတယ်။
အရေးကြီးဆုံးက နားပိုး၀င်တယ်၊ နားကိုက်နေတယ်လို့ သံသယရှိရင် ကလေးအထူးကုဆရာ၀န် နဲ့ သေချာသွားရောက်ပြသရပါမယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























