ကလေးနားထဲကို ပိုးဝင်တဲ့အခါ
ကလေးတွေမှာ အအေးမိရာကနေပြီးတော့ နားထဲကို ရောဂါပိုးဝင်နိုင်ပါတယ်။
>> နားထဲကို ရောဂါပိုးဝင်တဲ့လက္ခဏာတွေကတော့ -
● နားကိုက်ခြင်း
● ကိုယ်ပူခြင်း
● နေမကောင်းခြင်း
● အားအင်ကုန်ခမ်းခြင်း
● နားသိပ်မကြားရခြင်း
● နားထဲက အရည်တွေထွက်ခြင်း
● နားအူခြင်း၊ နားထဲမှာ တစ်ခုခုရှိနေသလို ခံစားရခြင်း
● နားပတ်လည်မှာ ယားယံခြင်း
● နားပတ်လည်က အရေပြားတွေကွာပြီး အကြေးခွံလန်ခြင်း
ဒီလို ခံစားနေရတဲ့လက္ခဏာတွေကို မပြောပြတတ်သေးတဲ့ ကလေးငယ်တွေမှာ ဆိုရင်တော့ သူတို့ရဲ့ အပြုအမူလေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်။
Biogesic for kids IA 1
>> နားထဲ ရောဂါပိုးဝင်နေတဲ့ ကလေးငယ်လေးတွေက -
● နားကို ပွတ်တာ၊ ဆွဲနေတာ
● တချို့အသံတွေကို မတုံ့ပြန်တာ
● ဂဏှာမငြိမ်ဖြစ်၊ အီတာ
● အစာမစားတာ
● ဟန်ချက်မထိန်းနိုင်တာ စတဲ့ အပြုအမူလေးတွေ ပြတတ်ပါတယ်။
အများစုကတော့ ၃ ရက်လောက်နေရင် ပျောက်သွားတတ်ပေမယ့် ဒီထက်ပိုကြာနေရင်တော့ ဆရာဝန်ပြဖို့ လိုပါတယ်။
>> ဒီအချက်တွေတွေ့ရင်လည်း ဆရာဝန်ပြပါ။
● ကိုယ်ပူကြီးခြင်း (သို့) ချမ်းတုန်ဖျားခြင်း
● နား အရမ်းကိုက်တာ ၃ ရက်ထက်ကျော်ခြင်း
● နားပတ်လည်မှာ ရောင်ရမ်းခြင်း
● နားထဲက ပြည်ထွက်ခြင်း
● နားထဲမှာ တစ်ခုခုဝင်နေခြင်း
● နားမကြားခြင်း (သို့) အကြားအာရုံပြောင်းလဲခြင်း
● အန်ခြင်း၊ လည်ချောင်းအရမ်းနာခြင်း (သို့) မူးဝေထိုင်းမှိုင်းခြင်း
● ဆီးချို၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အာရုံကြော စတဲ့ နာတာရှည်ရောဂါတစ်ခုခုရှိခြင်း
● ကိုယ်ခံအားနည်းခြင်း စတာတွေရှိရင်လည်း ဆရာဝန်ပြပါ။
Biogesic for kids IA 2
>> နားရောဂါပိုးဝင်တာကို ကုသနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ -
● Biogesic for Kids လို paracetamol ပါဝင်တဲ့ ဆေးရည်တိုက်ပါ။
● နားမှာ ရေနွေးဝတ် (သို့) ရေအေးဝတ်လေး ကပ်ထားပေးပါ။
● နားထဲက ထွက်လာတဲ့အရည်တွေကို ဂွမ်းစလေးနဲ့ ဖယ်ပေးပါ။
● ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဆီ၊ နားထဲထည့်တဲ့ဆေးရည်၊ ဂွမ်းစ စတာတွေ လုံးဝမထည့်ပါနဲ့။
● နားထဲကို ရေ (သို့) ခေါင်းလျှော်ရည်တွေ မဝင်ပါစေနဲ့။
>> အတွင်းနားထဲအထိ ရောဂါပိုးမဝင်စေဖို့ -
● ကလေးအသက်အရွယ်အလိုက် ထိုးရမယ့်ကာကွယ်ဆေးတွေ အစုံထိုးပြီးသားဖြစ်ပါစေ။
● ကလေးကို ဆေးလိပ်ငွေ့၊ မီးခိုးငွေ့တွေနဲ့ ဝေးဝေးထားပါ။
>> အပြင်နားပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့ -
● နားထဲကို နားကလော်တဲ့ဂွမ်းစ (သို့) လက်ချောင်းတွေ မထည့်ပါစေနဲ့။
● ရေကူးတဲ့အခါမှာ နားအုပ်တဲ့ဟာ မသုံးပါနဲ့။ ရေကူးရင်သုံးတဲ့ ခေါင်းစွပ်ကိုလည်း နားပေါ်ထိမအုပ်ပါနဲ့။
● နားထဲကို ရေနဲ့ ခေါင်းလျှော်ရေတွေ မဝင်ပါစေနဲ့။
● နှင်းခူ စတဲ့ နားကို ထိခိုက်စေနိုင်တဲ့ရောဂါတွေရှိရင် ကုသပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)