ကလေးနဲ့ကားစီးတဲ့အခါ
ကလေးခေါ်ပြီး အပြင်သွားတဲ့အခါ မေမေဖေဖေတို့ အင်မတန်ဒုက္ခများတာအမှန်ပါပဲ။ ကိုယ့်သားသားမီးမီးလေး ဟာ ကားစီးရတာ ကြိုက်တတ်တာပဲဖြစ်ဖြစ်၊ ကားမြင်တာနဲ့ အော်တာပဲဖြစ်ဖြစ် ကလေးနဲ့ ကားစီးတော့မယ် ဆိုရင် မစီးခင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့လိုပါတယ်။ ကားစီးနေတဲ့အချိန် တောက်လျောက် မေမေဖေဖေရော ကလေးလေးပါ ငြိမ်ငြိမ်ဆိတ်ဆိတ်နေနိုင်ဖို့ ကလေးကို အာရုံဘယ်လိုလွှဲမလဲဆိုတာ မစီးခင်ကတည်းက ကြိုစဉ်း စားထားသင့်တာပေါ့။ ဒီလိုအာရုံလွှဲနိုင်မယ့် နည်းလမ်းလေး ၁၀ ချက်ကို အောက်မှာ ပြောပြပေးထားပါတယ် နော်။ နည်းလမ်းတိုင်းကတော့ ကိုယ့်ကလေးအတွက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ သင့်တော်ရာကို ရွေးချယ်အ သုံးပြုပေါ့။
၁။ အပြင်သွားဖို့အချိန်ကောင်းကိုရွေးပါ။
ကလေးဂျီမကျဘဲ ပျော်နေတဲ့အချိန်၊ နိုးနိုးကြားကြားဖြစ်နေတဲ့အချိန်မျိုးမှာ ခရီးတိုတိုလေးတွေသွားဖို့ပြင်ဆင်ပါ။ သွားချိန်ကြာမယ်ဆိုရင်တော့ ကလေးအိပ်ချိန်မှာသွားတာ ကောင်းပါတယ်။ ဒါမှကားမောင်းနေတုန်း ကလေး အိပ်နေလို့ရပါတယ်။ ကလေးအိပ်ချိန်မှာ နီးနီးလေးသွားမယ်ဆိုရင် ကလေးကအိပ်ရေးမဝဘဲ ဂျီကျတော့မှာပါ။
၂။ ကလေးသက်သောင့်သက်သာရှိအောင်ထားပါ။
ကလေးတွေဆိုတာ အင်မတန်အကြီးမြန်ပါတယ်။ ဒါကြောင့် ကားမထွက်ခင်မှာ ကလေးထိုင်ခုံမှာ ကလေး ကောင်းကောင်းဆန့်သေးရဲ့လား သေချာကြည့်ပါ။ ကလေးကို တစ်ခုခုစူးနေတာ၊ ထိုးနေတာရှိမရှိ၊ သက်သောင့် သက်သာမရှိတာ ဘာရှိလဲသေချာကြည့်ပါ။ ကလေးအကြိုက် စောင်လေးပဲဖြစ်ဖြစ်၊ အရုပ်ကလေးပဲဖြစ်ဖြစ် ပေး ထားခြင်းအားဖြင့်လည်း ကလေးကို တစ်လမ်းလုံး ပြုံးပျော်စေနိုင်မှာပေါ့။
Ceelin 1
၃။ ကားမောင်းရင်း ကလေးကိုစကားပြောပါ။
ကလေးလေးဟာ မေမေဖေဖေတို့၊ ကလေးထိန်းသူတို့ရဲ့အသံတွေကို သဘောကျတတ်ကြပါတယ်။ ဒါကြောင့် လမ်းတစ်လျှောက်မှာ ကလေးကိုစကားပြောပါ။ တစ်ကျွတ်ကျွတ်ချော့တဲ့ အသံပဲဖြစ်ဖြစ်၊ စကားပြောတာပဲဖြစ် ဖြစ် ကလေးကိုပျော်စေမှာပါ။ ထူးထူးခြားခြား အသံလေးတွေလုပ်ပြရင်လည်း ကလေးလေးတွေက သဘောကျ ပါတယ်။
၄။ သီချင်းဖွင့်ပြပါ။
ကလေးအများစုက သီချင်းကြိုက်တတ်ကြပါတယ်။ ရေဒီယိုဖွင့်တာ၊ ကလေးအကြိုက် သီချင်းအခွေဖွင့်တာ၊ သီ ချင်းဆိုပြတာ ကြိုက်တာသာလုပ်ပါ။ သတိထားဖို့က ကလေးတွေဆိုတာလည်း လူကြီးတွေလိုပဲ သူတို့ကြိုက်တဲ့ သီချင်းအမျိုးအစားရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် သီချင်းအမျိုးအစားတစ်မျိုးကို မကြိုက်ဘူးဆိုရင်တောင် သီ ချင်းမကြိုက်ဘူးလို့ ယူဆလို့မရပါဘူး။
၅။ စာအုပ်လေး နည်းနည်းပါးပါးသယ်သွားပါ။
ပုံလေးတွေပါတဲ့ စာအုပ်တွေက ကားမောင်းနေတုန်း ကလေးကြည့်စရာ အသစ်အဆန်းလေးဖြစ်စေတာပေါ့။ အ ဝတ်နဲ့ချုပ်ထားတဲ့ အရုပ်စာအုပ်လေးတွေကလည်း မွေးကင်းစလေးတွေနဲ့ သင့်တော်ပါတယ်။ ကလေးအကြီး လေးတွေဆိုရင်လည်း သူတို့ကြိုက်တဲ့ စာအုပ်အကြောင်းကို မေးမြန်းရင်းသွားပါ။ စာအုပ်ထဲက အကောင်လေး တွေကို လိုက်ရှာကြည့်ပါစေ။ စာအုပ်ထဲက ဇာတ်ဆောင်တွေနဲ့ သူတို့ကို ပုံပြင်တွေဖန်တီးခိုင်းပါ။
၆။ ခရီးဝေးရင် ကြားမှာနားချိန်ပေးပါ။
ခရီးဝေးရင် မြန်မြန်ရောက်ချင်တာ ထုံးစံပေမယ့် ကလေးမငို၊ ဂျီမကျအောင်ဆိုရင် နားနားပေးဖို့လိုပါတယ်။ က လေးငိုနေချိန်မှာမှ နားတာမျိုးကတော့ ကလေးအကျင့်ပျက်မှာဆိုးလို့ မလုပ်သင့်ပါဘူး။ မရပ်ခင်အရင် ကလေး ငြိမ်သွားတဲ့အထိ စောင့်ပါ။ ကားရပ်ပြီးရင်တော့ ကလေးကိုအပြင်ခေါ်သွားပြီး မုန့်ကျွေးပါ။ မိနစ်ပိုင်းလောက် အ ပြင်မှာ လျှောက်ကြည့် လျှောက်ဆော့ပါစေ။
Ceelin 2
၇။ ချိုလိမ်တွေကို အသင့်ဆောင်ထားပါ။
သွားထွက်ချိန်မှာ ပျော်တတ်တဲ့ကလေးတွေတောင်မှ ဂျီကျတတ်ကြပါတယ်။ ဒါကြောင့် ကားစီးရင် ကိုက်စရာ ချို လိမ်ကို အသင့်ဆောင်ထားပါ။ သွားမပေါက်သေးတဲ့ ကလေးငယ်လေးတွေဆိုရင်တောင် ပါးစပ်ထဲတစ်ခုခုထည့် ထားရရင် အေးဆေးနေတတ်ကြပါတယ်။ သီးတာမျိုး မဖြစ်စေရအောင် နို့ဘူးတို့၊ မုန့်တို့ကို ကားခဏနားချိန် မှကျွေးပါ။ ကလေးနောက်ခန်းမှာထိုင်နေတဲ့အခါ ကလေးသီးနေလားဆိုတာ မမြင်နိုင်တာကြောင့် သတိထားဖို့ လိုတာပေါ့။
၈။ အရုပ်လေးတွေ ထည့်လာပါ။
အရုပ်ယူဖို့ရွေးတဲ့အခါမှာလည်း မီးလင်းတဲ့အရုပ်တို့၊ အသံထွက်တဲ့အရုပ်တို့၊ အသားအမျိုးမျိုးရှိတဲ့ အရုပ်တို့ကို ရွေးယူပေးပါ။ ကလေးတွေရဲ့အကြိုက်ကလည်း တစ်နေ့တစ်မျိုး ပြောင်းလဲနေတတ်တာမို့ တစ်ရုပ်ထဲမဟုတ်ဘဲ အမျိုးမျိုးရွေးယူလာဖို့ မမေ့နဲ့နော်။
၉။ ကလေးကို စိတ်ဝင်စားစရာ တစ်ခုခုပြထားပါ။
အရမ်းငယ်လွန်းတဲ့ ကလေးငယ်လေးတွေကျတော့လည်း အရုပ်တွေ၊ စာအုပ်တွေကို စိတ်ဝင်စားမှာ မဟုတ်ဘူး လေ။ ဒါကြောင့် ကားခေါင်မိုးကနေ အရုပ်လေးတွေ တွဲလောင်းချထားတာမျိုး လုပ်ပေးသင့်ပါတယ်။ ကလေးကို အသက်ရှူမကြပ်စေမယ့် အရုပ်အပျော့လေးတွေက အကောင်းဆုံးအရုပ်ပါပဲ။
၁၀။ ဖြစ်နိုင်ရင် မောင်နှမတွေအားလုံး ခေါ်လာပေးပါ။
ကလေးမှာ မောင်နှမတွေရှိရင်ခေါ်လာပြီး ကားနောက်ခန်းမှာထိုင်ပါစေ။ ကလေးတစ်ယောက်တည်း ကား နောက်ခန်းမှာထိုင်ရင် အထီးကျန်နိုင်တာမို့ ဘေးမှာတစ်ယောက်ယောက်ရှိနေရင် ကောင်းပါတယ်။
သတိထားဖို့ အချက်က - မုန့်တွေ၊ နို့ဘူးတွေပေးရင် သတိထားပါ။
ကလေးခုံ အတော်များများဟာ နောက်လှည့်တွေများတာမို့ ကလေးသီးနေတာ နင်နေတာကိုမမြင်နိုင်တာမို့ပါ။
ကလေးနဲ့ ကားမောင်းရတာ စိတ်ဖိစီးမှုများပါတယ်။ ဒါပေမယ့် ကြိုတင်ပြင်ဆင်ပြီး ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် အဆင်ပြေမှာပါ။ အရေးအကြီးဆုံးက လောကကြီးအသစ်အဆန်းတွေထဲ လေ့လာ သင်ယူနေတုန်း ကလေးလေးကို စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပြုမူဖို့ပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Zawgyi)
ကေလးေခၚၿပီး အျပင္သြားတဲ့အခါ ေမေမေဖေဖတို႔ အင္မတန္ဒုကၡမ်ားတာအမွန္ပါပဲ။ ကိုယ့္သားသားမီးမီးေလး ဟာ ကားစီးရတာ ႀကိဳက္တတ္တာပဲျဖစ္ျဖစ္၊ ကားျမင္တာနဲ႔ ေအာ္တာပဲျဖစ္ျဖစ္ ကေလးနဲ႔ ကားစီးေတာ့မယ္ ဆိုရင္ မစီးခင္ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ဖို႔လိုပါတယ္။ ကားစီးေနတဲ့အခ်ိန္ ေတာက္ေလ်ာက္ ေမေမေဖေဖေရာ ကေလးေလးပါ ၿငိမ္ၿငိမ္ဆိတ္ဆိတ္ေနႏိုင္ဖို႔ ကေလးကို အာ႐ုံဘယ္လိုလႊဲမလဲဆိုတာ မစီးခင္ကတည္းက ႀကိဳစဥ္း စားထားသင့္တာေပါ့။ ဒီလိုအာ႐ုံလႊဲနိုင္မယ့္ နည္းလမ္းေလး ၁၀ ခ်က္ကို ေအာက္မွာ ေျပာျပေပးထားပါတယ္ ေနာ္။ နည္းလမ္းတိုင္းကေတာ့ ကိုယ့္ကေလးအတြက္ အလုပ္ျဖစ္မွာမဟုတ္ပါဘူး။ သင့္ေတာ္ရာကို ေရြးခ်ယ္အ သုံးျပဳေပါ့။
၁။ အျပင္သြားဖို႔အခ်ိန္ေကာင္းကိုေရြးပါ။
ကေလးဂ်ီမက်ဘဲ ေပ်ာ္ေနတဲ့အခ်ိန္၊ ႏိုးႏိုးၾကားၾကားျဖစ္ေနတဲ့အခ်ိန္မ်ိဳးမွာ ခရီးတိုတိုေလးေတြသြားဖို႔ျပင္ဆင္ပါ။ သြားခ်ိန္ၾကာမယ္ဆိုရင္ေတာ့ ကေလးအိပ္ခ်ိန္မွာသြားတာ ေကာင္းပါတယ္။ ဒါမွကားေမာင္းေနတုန္း ကေလး အိပ္ေနလို႔ရပါတယ္။ ကေလးအိပ္ခ်ိန္မွာ နီးနီးေလးသြားမယ္ဆိုရင္ ကေလးကအိပ္ေရးမဝဘဲ ဂ်ီက်ေတာ့မွာပါ။
၂။ ကေလးသက္ေသာင့္သက္သာရွိေအာင္ထားပါ။
ကေလးေတြဆိုတာ အင္မတန္အႀကီးျမန္ပါတယ္။ ဒါေၾကာင့္ ကားမထြက္ခင္မွာ ကေလးထိုင္ခုံမွာ ကေလး ေကာင္းေကာင္းဆန႔္ေသးရဲ့လား ေသခ်ာၾကည့္ပါ။ ကေလးကို တစ္ခုခုစူးေနတာ၊ ထိုးေနတာရွိမရွိ၊ သက္ေသာင့္ သက္သာမရွိတာ ဘာရွိလဲေသခ်ာၾကည့္ပါ။ ကေလးအႀကိဳက္ ေစာင္ေလးပဲျဖစ္ျဖစ္၊ အ႐ုပ္ကေလးပဲျဖစ္ျဖစ္ ေပး ထားျခင္းအားျဖင့္လည္း ကေလးကို တစ္လမ္းလုံး ၿပံဳးေပ်ာ္ေစႏိုင္မွာေပါ့။
၃။ ကားေမာင္းရင္း ကေလးကိုစကားေျပာပါ။
ကေလးေလးဟာ ေမေမေဖေဖတို႔၊ ကေလးထိန္းသူတို႔ရဲ႕အသံေတြကို သေဘာက်တတ္ၾကပါတယ္။ ဒါေၾကာင့္ လမ္းတစ္ေလွ်ာက္မွာ ကေလးကိုစကားေျပာပါ။ တစ္ကၽြတ္ကၽြတ္ေခ်ာ့တဲ့ အသံပဲျဖစ္ျဖစ္၊ စကားေျပာတာပဲျဖစ္ ျဖစ္ ကေလးကိုေပ်ာ္ေစမွာပါ။ ထူးထူးျခားျခား အသံေလးေတြလုပ္ျပရင္လည္း ကေလးေလးေတြက သေဘာက် ပါတယ္။
၄။ သီခ်င္းဖြင့္ျပပါ။
ကေလးအမ်ားစုက သီခ်င္းႀကိဳက္တတ္ၾကပါတယ္။ ေရဒီယိုဖြင့္တာ၊ ကေလးအႀကိဳက္ သီခ်င္းအေခြဖြင့္တာ၊ သီ ခ်င္းဆိုျပတာ ႀကိဳက္တာသာလုပ္ပါ။ သတိထားဖို႔က ကေလးေတြဆိုတာလည္း လူႀကီးေတြလိုပဲ သူတို႔ႀကိဳက္တဲ့ သီခ်င္းအမ်ိဳးအစားရွိတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ သီခ်င္းအမ်ိဳးအစားတစ္မ်ိဳးကို မႀကိဳက္ဘူးဆိုရင္ေတာင္ သီ ခ်င္းမႀကိဳက္ဘူးလို႔ ယူဆလို႔မရပါဘူး။
၅။ စာအုပ္ေလး နည္းနည္းပါးပါးသယ္သြားပါ။
ပုံေလးေတြပါတဲ့ စာအုပ္ေတြက ကားေမာင္းေနတုန္း ကေလးၾကည့္စရာ အသစ္အဆန္းေလးျဖစ္ေစတာေပါ့။ အ ဝတ္နဲ႔ခ်ဳပ္ထားတဲ့ အ႐ုပ္စာအုပ္ေလးေတြကလည္း ေမြးကင္းစေလးေတြနဲ႔ သင့္ေတာ္ပါတယ္။ ကေလးအႀကီး ေလးေတြဆိုရင္လည္း သူတို႔ႀကိဳက္တဲ့ စာအုပ္အေၾကာင္းကို ေမးျမန္းရင္းသြားပါ။ စာအုပ္ထဲက အေကာင္ေလး ေတြကို လိုက္ရွာၾကည့္ပါေစ။ စာအုပ္ထဲက ဇာတ္ေဆာင္ေတြနဲ႔ သူတို႔ကို ပုံျပင္ေတြဖန္တီးခိုင္းပါ။
၆။ ခရီးေဝးရင္ ၾကားမွာနားခ်ိန္ေပးပါ။
ခရီးေဝးရင္ ျမန္ျမန္ေရာက္ခ်င္တာ ထုံးစံေပမယ့္ ကေလးမငို၊ ဂ်ီမက်ေအာင္ဆိုရင္ နားနားေပးဖို႔လိုပါတယ္။ က ေလးငိုေနခ်ိန္မွာမွ နားတာမ်ိဳးကေတာ့ ကေလးအက်င့္ပ်က္မွာဆိုးလို႔ မလုပ္သင့္ပါဘူး။ မရပ္ခင္အရင္ ကေလး ၿငိမ္သြားတဲ့အထိ ေစာင့္ပါ။ ကားရပ္ၿပီးရင္ေတာ့ ကေလးကိုအျပင္ေခၚသြားၿပီး မုန႔္ေကၽြးပါ။ မိနစ္ပိုင္းေလာက္ အ ျပင္မွာ ေလွ်ာက္ၾကည့္ ေလွ်ာက္ေဆာ့ပါေစ။
၇။ ခ်ိဳလိမ္ေတြကို အသင့္ေဆာင္ထားပါ။
သြားထြက္ခ်ိန္မွာ ေပ်ာ္တတ္တဲ့ကေလးေတြေတာင္မွ ဂ်ီက်တတ္ၾကပါတယ္။ ဒါေၾကာင့္ ကားစီးရင္ ကိုက္စရာ ခ်ဳိ လိမ္ကို အသင့္ေဆာင္ထားပါ။ သြားမေပါက္ေသးတဲ့ ကေလးငယ္ေလးေတြဆိုရင္ေတာင္ ပါးစပ္ထဲတစ္ခုခုထည့္ ထားရရင္ ေအးေဆးေနတတ္ၾကပါတယ္။ သီးတာမ်ိဳး မျဖစ္ေစရေအာင္ ႏို႔ဘူးတို႔၊ မုန႔္တို႔ကို ကားခဏနားခ်ိန္ မွေကၽြးပါ။ ကေလးေနာက္ခန္းမွာထိုင္ေနတဲ့အခါ ကေလးသီးေနလားဆိုတာ မျမင္နိုင္တာေၾကာင့္ သတိထားဖို႔ လိုတာေပါ့။
၈။ အ႐ုပ္ေလးေတြ ထည့္လာပါ။
အ႐ုပ္ယူဖို႔ေရြးတဲ့အခါမွာလည္း မီးလင္းတဲ့အ႐ုပ္တို႔၊ အသံထြက္တဲ့အ႐ုပ္တို႔၊ အသားအမ်ိဳးမ်ိဳးရွိတဲ့ အ႐ုပ္တို႔ကို ေရြးယူေပးပါ။ ကေလးေတြရဲ႕အႀကိဳက္ကလည္း တစ္ေန႔တစ္မ်ိဳး ေျပာင္းလဲေနတတ္တာမို႔ တစ္႐ုပ္ထဲမဟုတ္ဘဲ အမ်ိဳးမ်ိဳးေရြးယူလာဖို႔ မေမ့နဲ႔ေနာ္။
၉။ ကေလးကို စိတ္ဝင္စားစရာ တစ္ခုခုျပထားပါ။
အရမ္းငယ္လြန္းတဲ့ ကေလးငယ္ေလးေတြက်ေတာ့လည္း အ႐ုပ္ေတြ၊ စာအုပ္ေတြကို စိတ္ဝင္စားမွာ မဟုတ္ဘူး ေလ။ ဒါေၾကာင့္ ကားေခါင္မိုးကေန အ႐ုပ္ေလးေတြ တြဲေလာင္းခ်ထားတာမ်ိဳး လုပ္ေပးသင့္ပါတယ္။ ကေလးကို အသက္႐ွဴမၾကပ္ေစမယ့္ အ႐ုပ္အေပ်ာ့ေလးေတြက အေကာင္းဆုံးအ႐ုပ္ပါပဲ။
၁၀။ ျဖစ္ႏိုင္ရင္ ေမာင္ႏွမေတြအားလုံး ေခၚလာေပးပါ။
ကေလးမွာ ေမာင္ႏွမေတြရွိရင္ေခၚလာၿပီး ကားေနာက္ခန္းမွာထိုင္ပါေစ။ ကေလးတစ္ေယာက္တည္း ကား ေနာက္ခန္းမွာထိုင္ရင္ အထီးက်န္ႏိုင္တာမို႔ ေဘးမွာတစ္ေယာက္ေယာက္ရွိေနရင္ ေကာင္းပါတယ္။
သတိထားဖို႔ အခ်က္က - မုန႔္ေတြ၊ ႏို႔ဘူးေတြေပးရင္ သတိထားပါ။
ကေလးခုံ အေတာ္မ်ားမ်ားဟာ ေနာက္လွည့္ေတြမ်ားတာမို႔ ကေလးသီးေနတာ နင္ေနတာကိုမျမင္ႏိုင္တာမို႔ပါ။
ကေလးနဲ႔ ကားေမာင္းရတာ စိတ္ဖိစီးမႈမ်ားပါတယ္။ ဒါေပမယ့္ ႀကိဳတင္ျပင္ဆင္ၿပီး ဒီနည္းလမ္းေလးေတြကို လိုက္လုပ္ၾကည့္မယ္ဆိုရင္ အဆင္ေျပမွာပါ။ အေရးအႀကီးဆုံးက ေလာကႀကီးအသစ္အဆန္းေတြထဲ ေလ့လာ သင္ယူေနတုန္း ကေလးေလးကို စိတ္ရွည္ရွည္ထားၿပီး ဆက္ဆံျပဳမူဖို႔ပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























