/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးနှင့်-တုပ်ကွေး-0

ကလေးနှင့် တုပ်ကွေး

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးတွေ အထူးသဖြင့် ပန်းနာရင်ကြပ်၊ ဆီးချိုစတဲ့နာတာရှည်ရောဂါရှိတဲ့ကလေးတွေမှာ တုပ်ကွေးက ပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်နိုင်ပါတယ်။

အဓိကအချက်များ

• Influenza လို့ခေါ်တဲ့ ဗိုင်းရပ်စ်မျိုးနွယ်ဝင်တွေက တုပ်ကွေးဖြစ်စေပါတယ်။

• ကလေးမှာ ကိုယ်ပူ၊ ခေါငး်ကိုက်၊ ကြွက်သားတွေနာကျင်ခြင်းစတဲ့ အအေးမိခြင်းလက္ခဏာတွေခံစားရနိုင်ပါတယ်။

• နေပြန်ကောင်းဖို့အတွက် တစ်ပတ်ကနေပြီး ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါတယ်။

          တုပ်ကွေးရောဂါဖြစ်စေတဲ့အုပ်စု influenza A နဲ့ B ဆိုပြီး အဓိကနှစ်ခုရှိပြီး C ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကိုကြည့်ပြီး ဘယ်အုပ်စုကြောင့်ဖြစ်တယ်လို့တော့မပြောနိုင်ပါဘူး။ ဓာတ်ခွဲခန်းမှာစစ်ဆေးပြီးမှပဲ ခွဲခြားသိနိုင်ပါတယ်။ ဒီလိုဓာတ်ခွဲစစ်ဆေးမှုကို တုပ်ကွေးဖြစ်ပွားပျံ့နှံ့မှုများတဲ့အချိန်တွေအတွင်းမှာ ပြုလုပ်လေ့ရှိပါတယ်။

Nutroplex 1

>> ရောဂါလက္ခဏာများ

          တုပ်ကွေးက အခြားအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေလိုပဲအစပြုပြီး ဖြစ်ပါတယ်။ တုပ်ကွေးကအောက်ပါလက္ခဏာတွေနဲ့ အတူတွဲဖြစ်ပါတယ်။

• အတန်အသင့်ကိုယ်ပူခြင်း

• ခေါင်းကိုက်ခြင်း

• ကြွက်သားများနာကျင်ကိုက်ခဲခြင်း

• ချောင်းဆိုးခြင်း

          ကလေးကပင်ပန်းနွမ်းနယ်နေပြီး အိပ်ရာထဲမှာ ၂-၃ ရက်လောက်နားနေဖို့လိုအပ်ပါတယ်။

>> ရောဂါကြာချိန်

          ရောဂါက တစ်ပတ်လောက်ကြာလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာ နလန်ပြန်ထူဖို့အတွက် ရက်သတ္တပတ်အချို့လိုအပ်ပါတယ်။

Nutroplex 2

>> ရောဂါပျံ့နှံ့ခြင်း

          တုပ်ကွေးက ကူးစက်မှုနှုန်းမြင့်မားတဲ့ရောဂါဖြစ်ပြီး နှာချေ၊ ချောင်းဆိုးချိန်မှာ ပါးစပ်၊ နှာခေါင်းတို့ကနေ လေထဲကိုထွက်လာတဲ့ အစက်တွေကနေတစ်ဆင့်ကူးစက်ပါတယ်။ ဒါ့အပြင် ဒီအစက်တွေထိတွေ့ထားတဲ့ မျက်နှာပြင်တွေ၊ အရာဝတၴုပစ္စည်းတွေကိုထိတွေ့ရာမှတစ်ဆင့်လည်းကူးစက်နိုင်ပါတယ်။ ရောဂါရှိတဲ့သူအသုံးပြုထားတဲ့ပစ္စည်းတွေကနေ တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

>> ရောဂါကူးစက််နိုင်သောအချိန်ကာလ

          ရောဂါလက္ခဏာအပြည့်အဝမပေါ်မီ ၂ ရက်လောက်ကနေပြီး ရက်အနည်းငယ်ကြာတဲ့အထိ ကူူးစက်နိုင်ပါတယ်။

>> နောက်ဆက်တွဲဆိုးကျိုးများ

          တုပ်ကွေးဖြစ်တဲ့ကလေးတွေမှာ အစိုးရိမ်ရဆုံးကတော့ အဆုတ်ရောင်ရောဂါပဲဖြစ်ပါတယ်။

>> ကုသနည်းများ

          တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေကိုတိုက်ဖျက်နိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ဆေး ၂ မျိုးရှိပါတယ်။ ရောဂါလက္ခဏာပြပြီး ၂ ရက်အတွင်းမှာ ပေးနိုင်ရင် အကျိုးသက်ရောက်မှုရှိပါတယ်။ ဘယ်အရွယ်မှာဆေးပေးနိုင်တယ်ဆိုတာကို ဆရာဝန်နဲ့ပြသပြီး မေးမြန်းပါ။

          ကလေးကို ကိုယ်ပူခြင်းနဲ့ကိုက်ခဲခြင်းများအတွက် ပါရာစီတမောတိုက်ပြီး အ၇ည်များများတိုက်ပါ။

>> ကာကွယ်ခြင်း

          အသက် ၆ လအရွယ်ကနေစပြီး နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပေးနိုင်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေပြန့်နှံ့ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် လက်သန့်ရှင်းရေးကိုစနစ်တကျလိုက်နာလုပ်ဆောင်ရပါမယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)