/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးပုံမှန်အတိုင်းဖွံ့ဖြိုးမှုရှိရဲ့လား

ကလေးပုံမှန်အတိုင်းဖွံ့ဖြိုးမှုရှိရဲ့လား?

Category
ကလေးများနှင့်ကျန်းမာရေး

          က​လေးကြီးထွားနှုန်း​မြန်​​နေတဲ့အခါ၊ ဒါမှမဟုတ်​ အတန်​းထဲမှာ အ​သေးဆုံးက​လေးဖြစ်​​နေတဲ့အခါ ကိုယ့်က​လေးရဲ့ ကြီးထွားမှုနှုန်​းဟာ ပုံမှန်​မှဟုတ်​ရဲ့လားလို့ သံသယစိတ်​​တွေ ဖြစ်​ပေါ်​လာတတ်​ပါတယ်​။ ဒါ့ကြောင့် ကြီထွားမှုအဆင်​့တိုင်​းမှာ ဘယ်​အချိန်​မှာ စိုးရိမ်​ရတယ်​ဆိုတာကို ​ဖော်​ပြလိုက်ပါတယ်​။

 

​မွေးခါစမှ ၁နှစ်​အထိ

 

       ​မွေးခါစမှ ၁နှစ်​အတွင်​းမှာ ကိုယ်​အ​လေးချိန်​ ၃ဆတက်​လာနိုင်​ပြီး အရပ် ​၁၀ လက်​မ (၂၅ စင်​တီမီတာ) ​ခန်​့ရှည်​တတ်​ကြပါတယ်​။ ပုံမှန်​က​လေးတစ်​​ယောက်​ဟာ ​မွေးခါစမှာ ၂၀ လက်​မ (၅၀ စင်​တီမီတာ)ခန်​့ အရပ်​ရှိ​လေ့ရှိပြီး တစ်​နှစ်​အရွယ်​​ရောက်​တဲ့အခါ ၃၀ လက်​မ (၇၆ စင်​တီမီတာ)ခန်​့ထိ ရှည်လာတတ်​ပါတယ်​။ ​ယောက်ျား​လေး​တွေဟာ မိန်​းက​လေး​တွေထက်​ အနည်​းငယ်​ ပိုရှည်​​လေ့ ရှိ​ပါတယ်​။ အ​မေ့နို့စို့သူက​လေး​တွေဟာ ပထမ၆လမှာ ​ဖော်​မြူလာနို့မှုန်​့​သောက်​သူ​တွေထက်​ ကြီးထွားနှုန်​း ပိုမြန်​တတ်​ပြီး ​နောက်​၆လ​လောက်​မှာ​တော့ ပြန်​​နှေးသွားတတ်​ပါတယ်​။

 

ကျန်​းမာ​ရေးစစ်​​ဆေးတဲ့အခါ >>

 

က​လေးပုံမှန်​တိုင်​းကြီးထွား ဖွံ့ဖြိုးမှုရှိမရှိကို သိနိုင်​ဖို့ က​လေးရဲ့ကိုယ်​အ​လေးချိန်​၊ အရပ်​နဲ့ ​ဦးခေါင်​းလုံးပတ်ကို အသက်​၆လအထိ ၁လတစ်​ခါ၊ ၆လက​နေ ၁နှစ်​အတွင်​း ၂လတစ်​ခါ စစ်​​ဆေးကြည်​့ရပါတယ်​။ ဒီတိုင်​းတာချက်​ထဲက တစ်​ခုခုနည်​း​နေပြီဆိုရင်​​တော့ နာတာရှည်​​ပိုးဝင်​ခြင်​း၊ နှလုံး​ရောဂါစတဲ့ နာတာရှည်​​ရောဂါ တစ်​ခုခု ရှိ​နေနိုင်​တဲ့အတွက်​ ဆရာဝန်​များ စိုးရိမ်​စပြုလာပါတယ်​။ ဒီလို​ရောဂါတစ်​ခုခုရှိလာတဲ့အခါ က​လေးမှာ ကိုယ်​အ​လေးချိန်​အရင်​ကျလာပြီး ပိုမိုဆိုးရွားလာတဲ့အခါ အရပ်​ရှည်​နှုန်​းပါ​နှေး​ကွေးရပ်​တန်​့သွားတတ်​ပါတယ်​။ ဒါ​ကြောင်​့ စိုးရိမ်​စရာတစ်​ခုခု ​တွေ့တဲ့အခါ က​လေးဆရာဝန်​နဲ့ တိုင်​ပင်​​ဆွေး​နွေးပါ။

Nutroplex 1

အသက်​ ၁ နှစ် ​မှ ၃ နှစ်​အတွင်​း

     ဒီအရွယ်​​တွေမှာ ကြီးထွားနှုန်​းဟာ ဖြည်​းဖြည်​းမှန်​မှန်​ ဖြစ်​သွားပြီး ​ချစ်​စရာပါး​ဖောင်​း​ဖောင်​း၊ ​ပေါင်​တုတ်​တုတ်​၊ ဗိုက်​ပူပူ​လေး​တွေ ပိန်​ကျသွားတ်​ပါတယ်​။ ၁ နှစ်​ မှ ၃ နှစ်​အတွင်​းမှာ ကြီးထွားစံနှုန်​းအလယ်​အလတ်​မျှသာရှိတဲ့ ​ယောက်ျားက​လေး မိန်​းက​လေး​တွေဟာ ၂၉ - ၃၇ လက်​မ ( ၇၄ - ၉၄ စင်​တီမီတာ)အထိ အရပ်​ရှည်​ထွက်​လာနိုင်​ပြီး ​ပေါင် ​၃၀ (၁၄ ကီလို)ခန်​့ထိ ကိုယ်​အ​လေးချိန် ရှိလာတတ်​ပါတယ်​။

 

ကျန်​းမာ​ရေးစစ်​​ဆေးတဲ့အခါ >>

 

ဒီအရွယ်​​ရောက်​တဲ့အခါ က​လေးရဲ့ကြီထွားမှုပုံစံကို ဆရာဝန်​က ​ကောင်​း​ကောင်​းသိ​နေပြီဖြစ်​ပါတယ်​။ အရပ်​၊ ကိုယ်အ​လေးချိန်​နဲ့ ဦး​ခေါင်​းလုံးပတ်​တို့ကို အဓိက တိုင်​းပါတယ်​။

 

တစ်​ခါတစ်​ရံ ရှားရှားပါးပါး က​လေးပုံမှန်​ထက်​​သေး​နေတဲ့အခါ ​ရောဂါတစ်​ခုခု ရှိ​နေမလား ရှာကြည်​့သင်​့ပါတယ်​။ ဒီအရွယ်​မှာ သွား​ရေစာ​တွေစားတာများပြီး ကျန်​းမာ​ရေးနဲ့ ညီညွတ်​တဲ့ အစာ​တွေ အစားနည်​းတတ်​တာ​ကြောင်​့ ပိုစိုးရိမ်​ရတဲ့ အချက်​က​တော့ အဝလွန်​ခြင်​းပဲဖြစ်​ပါတယ်​။

 

က​လေး​တွေရဲ့ကြီးထွားမှုဟာ မိဘနှစ်​ပါး​ပေါ်မူတည်​​နေတဲ့အတွက်​ မိဘများရဲ့ က​လေးဘဝက ကြီးထွားမှုပုံစံကို  ပြန်​လည်​​မေးမြန်​းသင်​့ပါတယ်​။

Nutroplex 2

အသက်​ ၄ နှစ်​မှ ၉ နှစ်​အတွင်​း

 

         ဒီအရွယ်​​မှာ အရပ်​နဲ့ကိုယ်​အ​လေးချိန်​ တစ်​နှစ်​ကို ၂​ လက်​မမှ ၃​ လက်​မ( ၅-၇.၅ စင်​တီမီတာ)ခန်​့ ပုံမှန်​အတိုင်​း ဖွံ့ဖြိုး​နေပါတယ်​။ ဒါ​ကြောင်​့ အလယ်​အလတ်​ဖွ့ံဖြိုးမှုရှိသူ မိန်​းက​လေးတစ်​​ယောက်​ဟာ အသက် ​၉ နှစ်​အရွယ်​မှာ တစ်​​ပေခန်​့ အရပ်​ရှည်​ထွက်​လာနိုင်​ပါတယ်​။ ၈နှစ်​ ၉နှစ်​အရွယ်​​လောက်​မှာ ​စော​စောစီးစီး အပျို​ဖော်​ဝင်​သူ မိန်းက​လေး​တွေမှာ ကြီး​ကောင်​ဝင်​လာကြပါတယ်​။

 

ကျန်​းမာ​ရေးစစ်​​ဆေးတဲ့အခါ >>

 

က​လေးဆရာဝန်​က ပုံမှန်​ အရပ်​၊ ကိုယ်​အ​လေးချိန်​နဲ့ အရပ်​ကိုယ်​အ​လေးချိန်​အချိုးကို တစ်​နှစ်​တစ်​ခါ တွက်​ချက်​​ပေးပါလိမ်​့မယ်​။

 

​ကျောင်​း​နေအရွယ်​က​လေး​တွေမှာ ကြီးထွားမှုနည်​းရခြင်းဟာ ​ဟော်​မုန်​းထုတ်​ဂလင်​း​တွေမှာ ပြဿ    နာရှိ​နေလို့ဖြစ်​နိုင်​ပါတယ်​။ ဥပမာ Pituitary ဂလင်​းပျက်​တဲ့အခါ ကြီးထွားမှု​ဟော်​မုန်​း​တွေ မထုတ်​နိုင်​​တေ့ာပါဘူး။

 

အသက်​ ၁၀ နှစ် ​မှ ၁၄ နှစ်​အထက်​

 

      အပျို၊ လူပျို​ဖော်​ဝင်​ခြင်​းဟာ က​လေးဘဝမှာ ဒုတိယအကြိမ်​ တစ်​ဟုန်​တိုးကြီးထွားတဲ့အချိန်​ပဲ ဖြစ်​ပါတယ်​။ မိနး်​က​လေး​တွေမှာ ၉ နှစ် ​မှ ၁၁ နှစ်​အတွင်​း ၉ လက်​မမှ ၁၁ လက်​မခန်​့အထိ ရှည်​လာနိုင်​ပါတယ်​။ ရာသီဓမ္မတာ​သွေးစ​ပေါ်တာနဲ့ တစ်​ပြိုင်​နက်​ အရိုးမှာရှိတဲ့ အရပ်​ရှည်​​စေတဲ့ အပိုင်​းပိတ်​သွားပြီး လူကြီးအရပ်​ဖြစ်​လာပါတယ်​။ ပျမ်​းမျှ ၅​ပေ၄လက်​မခန်​့ ရှိပါတယ်​။ ​ယောကျ်ား​လေး​တွေမှာ​တော့ ၁၁နှစ်​မှ ၁၆နှစ်​အတွင်​ ၁၀လက်​မမှ၁၁လက်​မခန်​့အထိ ရှည်​လာတတ်​ပါတယ်​။ ပျမ်​းမျှ အရပ်​၅​ပေ၁၀လက်​မခန်​့ ရှိတတ်​ပါတယ်​။ ကြီး​ကောင်​ဝင်​တဲ့အခါ လက်​နဲ့​ခြေ​ထောက်​​တွေဟာ ခန္ဓာကိုယ်​ထက်​ ရှည်​တာပိုမြန်​တဲ့အတွက်​ ဂလန်​ဂလား​တွေ ဖြစ်​​နေတတ်​ကြပါတယ်​။ မိန်​းက​လေး​တွေရဲ့ ကြီး​ကောင်​ဝင်​ခြင်းက ​ယောကျ်ား​လေး​တွေထက်​ ပို​စောတဲ့အတွက်​  အ​ေ စာပိုင်းမှာ​ မိန်​းက​လေးများက အရပ်​ပိုရှည်​​နေတတ်​ပါတယ်​။

 

ကျန်​းမာ​ရေးစစ်​​ဆေးတဲ့အခါ >>

 

အရပ်​နဲ့ ကိုယ်​အ​လေးချိန်​ကို ပုံမှန်​ဆက်​တိုင်​းပါတယ်​။

 

က​လေးကြီးထွားမှုနှုန်​းရပ်​တန်​့သွားပါက ဆရာဝန်​နဲ့ ပြသပါ။ အရပ်​ပုပြီး အဝလွန်​​နေတဲ့က​လေးဟာ သိုင်​းရွိုက်​ဓာတ်​နည်​း ​ရောဂါဖြစ်​​နေနိုင်​ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)