ကလေးပေါက်စလေးတွေ ဝက်ခြံထွက်တဲ့အခါ ...
ချစ်စရာကလေးတွေရဲ့ ပြစ်မျိုးမှဲ့မထင် ပါးလေးတွေမှာ အစက်အပြောက်တွေ၊ ဝက်ခြံတွေကို မိခင်တွေအနေနဲ့ မမြင်ချင်ကြပါဘူး။ မြင်တဲ့အခါ စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။ ဒါတွေဟာ အချိန်တန်ရင် ပျောက်သွား သက်သာသွားမှာမို့ စိတ်မပူကြပါနဲ့နော်။
● မျက်နှာမှာ အနီစက်လေးတွေရှိရင် ဆပ်ပြာ၊ ကလေးပေါင်ဒါတွေကြောင့် ဆွပေးသလိုဖြစ်ပြီး ပိုဆိုးလာတတ်ပါတယ်။
● ဖြစ်တတ်တဲ့နေရာတွေကတော့ နဖူး၊ ပါး၊ ကျောတွေမှာ ဖြစ်တာပါ။ မျက်နှာပေါ်မှာ " မီလီယာ" လို့ခေါ်တဲ့ ဘုကြီးတွေလည်း ထတတ်ပါတယ်။ အဲဒီအဖုတွေတွေက မနာဘဲ ဆဲလ်အသေတွေ အရေပြားပေါ်မှာ ပုံလာလို့ ဖြစ်ပါတယ်။ အဲဒီဆဲလ်အသေတွေ ညှိုးပြီးကြွေကျသွားတာနဲ့ အဖုပါ တစ်ခါတည်း ပျောက်သွားတတ်တာ ဖြစ်ပါတယ်။
● ဝက်ခြံရှိတဲ့ မိခင်ဝမ်းဗိုက်ကတည်းက ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံဖြစ်လာတာ ဖြစ်ပါတယ်။ နို့တိုက်နေစဉ် မိခင်က ဆေးသောက်နေရရင်လည်း ကလေးမှာ အဖုအပိမ့်၊ ဝက်ခြံ ပိုဆိုးလာတတ်ပါတယ်။
● နှစ်ပတ်ကနေ သုံးလထိ ကြာမြင့်တတ်ပြီး တချို့တွေမှာကျ ခြောက်လထိ ဆက်တိုက်ပေါက်နေတတ်ပါတယ်။
● ကလေးတွေမှာ ဖြစ်တဲ့ နှင်းခူရောဂါဆိုတာလည်း ရှိပါတယ်။ ငါးလအောက်လေးတွေမှာ ဖြစ်တတ်ပြီး လိမ်းဆေးစားဆေးနဲ့ ကုသရတာဖြစ်လို့ သူ့အလိုလိုတော့ မပျောက်ပါဘူး။
Ceelin 1
>> ဘယ်လိုကုသရပါသလဲ?
● ဘာမှ မလုပ်ပါနဲ့၊ သွားမဆွပါနဲ့ မထိပါနဲ့။ ဒီတိုင်းပဲထားလိုက်ရင် သူ့ဘာသာ ညှိုးနွမ်းပြီးကြွေသွားမှာ ဖြစ်ပါတယ်။
● ခရင်မ်တွေ၊ လိုးရှင်းတွေလည်း မလိမ်းပါနဲ့။
● ဆပ်ပြာတွေ၊ ကြမ်းတမ်းတဲ့ အဝတ်တွေနဲ့ ပွတ်တာ၊ အရွက်တွေနဲ့ ပွတ်တာ မလုပ်ပါနဲ့။ ဆွပေးသလိုဖြစ်ပြီး ပိုရောင်လာတတ်ပါတယ်။
● တစ်ရက်ကို ရေချိုးတဲ့အခါ ကလေးဆပ်ပြာလေးနဲ့ ချိုးပေးပြီး အဝတ်နုနုလေးနဲ့ တို့သုတ်ပေးရင် လုံလောက်ပါပြီ။
● စိတ်ရှည်ပါ။ အချိန်တန်ရင် သူ့ဘာသာ ပျောက်ကင်းသွားမှာမို့ ဝက်ခြံဖုလေးတွေ မြင်နေရလို့ ကသိကအောက် ဖြစ်တာကို သည်းခံပေးပါလို့ ကျန်းမာရေး အသိပညာ မျှဝေလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin 2
(Unicode)




























