/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးပျောက်-ရှာပုံတော်

ကလေးပျောက် ရှာပုံတော်

Category
ကလေးများနှင့်ကျန်းမာရေး

          မိဘတိုင်းဟာ ကိုယ်ကလေးကို မျက်စိအောက်က အပျောက်မခံဝံ့ကြပေမယ့် တစ်ခါတစ်ရံ အခန့်မသင့်တဲ့အခါ ကလေးပျောက် ရှာပုံတော် ဖွင့်တတ်ကြရပါတယ်။ ဒါကြောင့် မိဘနဲ့ ကွဲသွားတဲ့အခါ ဘယ်လိုပြန်ရှာရမယ်ဆိုတာ ကလေးကို သင်ပေးထားသင့်ပါတယ်။

 

>>    အသက်အရွယ်မရွေး သင်ပေးထားသင့်တဲ့အရာများ

•        4 နှစ်အောက်ကလေးများ

          ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ပထမဆုံးမေးတာ ကလေးနာမည် ဖြစ်တဲ့အတွက် ကိုယ်နာမည် ကိုယ်ပြောတတ်အောင် သင်ပေးရပါမယ်။

          မိဘနာမည်ကို သင်ပေးထားပါ။ ဒါမှသာ နာမည်နဲ့ ပြန်ရှာနိုင်မှာ ဖြစ်ပါတယ်။

          မိဘခွင့်ပြုချက်မပါဘဲနဲ့ ဘယ်မှမသွားရ၊ ဘယ်သူခေါ်ခေါ် မလိုက်ရ၊ ဘယ်သူ့ဆီကမှ ဘာမှမယူရဘူးဆိုတာ သင်ပေးထားရပါမယ်။

 

•        5 - 7 နှစ်ကလေးများ

          ဖုန်းနံပါတ်ကို အလွတ်ကျက်ခိုင်းထားရပါမယ်။ ဒါမှသာ မိဘနဲ့ ကွဲသွားတဲ့အခါ အလွယ်တကူ ပြန်ရှာတွေ့မှာ ဖြစ်ပါတယ်။

          လူစိမ်းတွေကို စကားမပြောရလို့ မှာထားမယ့်အစား စိတ်ချရတဲ့ လူ 3, 4 ယောက်လောက်ကို စာရင်းလုပ် ပြောပြထားရပါမယ်။

 

•        8 နှစ်အထက် ကလေးများ

          ကွဲသွားတဲ့အခါ ဆုံမယ့်နေရာကို သတ်မှတ်ပေးထားပါ။

          အိမ်သာလိုမျိုး ကလေးတစ်ယောက်ထဲ သွားနိုင်တဲ့နေရာမျိုးကို သူငယ်ချင်းဖြစ်စေ၊ ညီအကို မောင်နှမဖြစ်စေ နှစ်ယောက် အတူသွားစေပါ။

          သူစိမ်း စကားလာပြောတဲ့အခါ သတိထားဖို့နဲ့ ကားတွေနားကနေ ကပ်မသွားဖို့ ဂရုပြုစေပါ။ သူစိမ်းတစ်ယောက်ယောက်က တစ်နေရာရာကို ခေါ်သွားဖို့ ကြိုးစားနေပါက အကျယ်ကြီး အော်လိုက်ဖို့ သင်ပေးထားသင့်ပါတယ်။

 Dr. Mya Phoo Ngon (www.drmyanmar.com)