/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးဖျားနေတာ-အရမ်းစိုးရိမ်ရသလား

ကလေးဖျားနေတာ အရမ်းစိုးရိမ်ရသလား

Category
ကလေးများနှင့်ကျန်းမာရေး

မိဘများအနေနှင့် ရင်သွေးလေးများ ဖျားနာနေမကောင်းတဲ့အခါ အမျိုးမျိုးစိုးရိမ်ပူပန်ကြတာ သဘာဝပါပဲ။ ဖျားနာတယ်ဆိုရာမှာလည်း တုပ်ကွေးကြောင့်လား၊ အခြားသောရောဂါတွေကြောင့်လား၊ ကိုယ်ခံအားနည်းခြင်းကြောင့်လား စသည်ဖြင့် အကြောင်းရင်းများစွာရှိတာမို့ ဖျားပြီဆိုတာနှင့် မေမေတို့မှာ အလွန်အမင်း စိုးရိမ်လေ့ရှိကြပါတယ်။
အဖျားရှိနေသော ကလေးငယ်များမှာ အောက်ပါလက္ခဏာတွေရှိနေရင်တော့ ယေဘုယျအားဖြင့် အလွန်စိုးရိမ်ရတဲ့အခြေအနေမှာ မရှိပါဘူး။
●  ကလေးဟာ ဖျားနေပေမယ့် ကစားမပျက်ခြင်း
●  အစာစားလိုစိတ်ရှိခြင်း၊ ရေသောက်လိုခြင်း
●  ပြုံးခြင်း၊ နိုးနိုးကြားကြားရှိခြင်း
●  အရေပြားပြောင်းလဲမှုများမရှိခြင်း၊ ဖြူဖျော့မနေဘဲ ပုံမှန်အရေပြားအရောင်ရှိခြင်း
●  အဖျားကျချိန်မှာ အားရှိနေခြင်း၊ သွက်သွက်လက်လက်ရှိခြင်း စတဲ့ လက္ခဏာတွေ ရှိရင်တော့ ဖေဖေမေမေတို့ သိပ်စိတ်မပူပါနဲ့နော်။
ကာကွယ်ဆေးထိုးပြီးနောက် ၄၈ နာရီအတွင်းမှာ အဖျားငွေ့ငွေ့ဖျားတတ်တာမို့ အရမ်းကြီးစိတ်မပူဘဲ အဖျားကျဆေးလေးတိုက်ပြီး အနားပေးပါ။

>>  ဒါဆိုရင် ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲဆိုတာလဲ သိထားသင့်ပါတယ်။
●  သုံးလအောက် မွေးကင်းစကလေးငယ်များ ဖျားနာခြင်း
●  အဖျားကြီးခြင်း (အဖျား  104°F (>40°C) ထက် ပိုခြင်း)
●  အဖျားကျဆေးများ ပေးသော်လည်း အဖျားမကျခြင်း။
●  ကလေးမှိန်းခြင်း၊ အစားကောင်းကောင်းမစားခြင်း။
●  ကလေးသည် ရေသောက်နည်းခြင်း၊ ဆီးနည်းခြင်း၊ ရေဓာတ်ခန်းခြောက်သော လက္ခဏာရှိခြင်း။
●  ကလေးသည် အလွန်ဂျီကျခြင်း၊ ကနာမငြိမ်ဖြစ်ခြင်း။
●  ငါးရက်ကျော်သည်အထိ အဖျားမကျခြင်း စသည့် လက္ခဏာများ ရှိပါက ဆေးရုံ၊ ဆေးခန်း အမြန်ဆုံး သွားပြရန် လိုပါတယ်။

Biogesic for kids IA 1

>>  သားသားမီးမီးတို့ ဖျားနာပြီဆိုရင် ပြုစုဖို့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ပူကျစေဖို့ မြန်မြန်နလန်ထစေဖို့အတွက် -
●  ဘေဘီလေးကို ပါရာစီတမောပါဝင်တဲ့ အဖျားကျဆေးအရည် တိုက်ပါ။
●  ကလေးကို သက်သောင့်သက်သာ အဝတ်အစားဝတ်ပေးပါ။ မလိုအပ်ဘဲ အဝတ်အထူကြီး မဝတ်ပေးပါနဲ့။
●  ရေဓာတ်ပြည့်ဝအောင် တိုက်ကျွေးပါ။ (ရေ၊ သစ်သီးဖျော်ရည် စသည်)
●  အာဟာရ ပြည့်ဝအောင် ကျွေးပါ။
●  အိပ်ရေးဝအောင် အနားယူပါစေ။
●  ရေပတ်တိုက်ပေးပါ။ အဖျားမကြီးပါက ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။
●  ကလေးအခြေအနေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

မိဘမ်ားအေနႏွင့္ ရင္ေသြးေလးမ်ား ဖ်ားနာေနမေကာင္းတဲ့အခါ အမ်ိဳးမ်ိဳးစိုးရိမ္ပူပန္ၾကတာ သဘာဝပါပဲ။ ဖ်ားနာတယ္ဆိုရာမွာလည္း တုပ္ေကြးေၾကာင့္လား၊ အျခားေသာေရာဂါေတြေၾကာင့္လား၊ ကိုယ္ခံအားနည္းျခင္းေၾကာင့္လား စသည္ျဖင့္ အေၾကာင္းရင္းမ်ားစြာရွိတာမို႔ ဖ်ားၿပီဆိုတာႏွင့္ ေမေမတို႔မွာ အလြန္အမင္း စိုးရိမ္ေလ့ရွိၾကပါတယ္။
အဖ်ားရွိေနေသာ ကေလးငယ္မ်ားမွာ ေအာက္ပါလကၡဏာေတြရွိေနရင္ေတာ့ ေယဘုယ်အားျဖင့္ အလြန္စိုးရိမ္ရတဲ့အေျခအေနမွာ မရွိပါဘူး။
●  ကေလးဟာ ဖ်ားေနေပမယ့္ ကစားမပ်က္ျခင္း
●  အစာစားလိုစိတ္ရွိျခင္း၊ ေရေသာက္လိုျခင္း
●  ၿပဳံးျခင္း၊ ႏိုးႏိုးၾကားၾကားရွိျခင္း
●  အေရျပားေျပာင္းလဲမႈမ်ားမရွိျခင္း၊ ျဖဴေဖ်ာ့မေနဘဲ ပုံမွန္အေရျပားအေရာင္ရွိျခင္း
●  အဖ်ားက်ခ်ိန္မွာ အားရွိေနျခင္း၊ သြက္သြက္လက္လက္ရွိျခင္း စတဲ့ လကၡဏာေတြ ရွိရင္ေတာ့ ေဖေဖေမေမတို႔ သိပ္စိတ္မပူပါနဲ႔ေနာ္။
ကာကြယ္ေဆးထိုးၿပီးေနာက္ ၄၈ နာရီအတြင္းမွာ အဖ်ားေငြ႕ေငြ႕ဖ်ားတတ္တာမို႔ အရမ္းႀကီးစိတ္မပူဘဲ အဖ်ားက်ေဆးေလးတိုက္ၿပီး အနားေပးပါ။

>>  ဒါဆိုရင္ ဘယ္အခ်ိန္မွာ ဆရာဝန္ျပရမလဲဆိုတာလဲ သိထားသင့္ပါတယ္။
●  သုံးလေအာက္ ေမြးကင္းစကေလးငယ္မ်ား ဖ်ားနာျခင္း
●  အဖ်ားႀကီးျခင္း (အဖ်ား  104°F (>40°C) ထက္ ပိုျခင္း)
●  အဖ်ားက်ေဆးမ်ား ေပးေသာ္လည္း အဖ်ားမက်ျခင္း။
●  ကေလးမွိန္းျခင္း၊ အစားေကာင္းေကာင္းမစားျခင္း။
●  ကေလးသည္ ေရေသာက္နည္းျခင္း၊ ဆီးနည္းျခင္း၊ ေရဓာတ္ခန္းေျခာက္ေသာ လကၡဏာရွိျခင္း။
●  ကေလးသည္ အလြန္ဂ်ီက်ျခင္း၊ ကနာမၿငိမ္ျဖစ္ျခင္း။
●  ငါးရက္ေက်ာ္သည္အထိ အဖ်ားမက်ျခင္း စသည့္ လကၡဏာမ်ား ရွိပါက ေဆး႐ုံ၊ ေဆးခန္း အျမန္ဆုံး သြားျပရန္ လိုပါတယ္။

>>  သားသားမီးမီးတို႔ ဖ်ားနာၿပီဆိုရင္ ျပဳစုဖို႔နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ကိုယ္ပူက်ေစဖို႔ ျမန္ျမန္နလန္ထေစဖို႔အတြက္ -
●  ေဘဘီေလးကို ပါရာစီတေမာပါဝင္တဲ့ အဖ်ားက်ေဆးအရည္ တိုက္ပါ။
●  ကေလးကို သက္ေသာင့္သက္သာ အဝတ္အစားဝတ္ေပးပါ။ မလိုအပ္ဘဲ အဝတ္အထူႀကီး မဝတ္ေပးပါနဲ႔။
●  ေရဓာတ္ျပည့္ဝေအာင္ တိုက္ေကြၽးပါ။ (ေရ၊ သစ္သီးေဖ်ာ္ရည္ စသည္)
●  အာဟာရ ျပည့္ဝေအာင္ ေကြၽးပါ။
●  အိပ္ေရးဝေအာင္ အနားယူပါေစ။
●  ေရပတ္တိုက္ေပးပါ။ အဖ်ားမႀကီးပါက ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးပါ။
●  ကေလးအေျခအေနကိုလည္း မ်က္ေျခမျပတ္ ေစာင့္ၾကည့္ပါလို႔ အႀကံျပဳလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)