/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးဖျားရင်ဘာလုပ်ပေးရမလဲ

ကလေးဖျားရင်ဘာလုပ်ပေးရမလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

         အသက်တစ်နှစ်အောက်ကလေးတွေမှာ ရောဂါလက္ခဏာတွေကို သေချာမထိန်းချုပ်နိုင်ရင် အသက်အန္တရာယ်ရှိတဲ့အတွက် ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူဖို့လိုပါတယ်။ ကလေးကြီးတွေအတွက်တော့ အောက်ပါအချက်တွေက အထောက်အကူပေးနိုင်ပါတယ်။

♦ ကလေးကို ရေကျက်သီးနွေး (သို့) ရေအေးနဲ့ချိုးပေးပါ။ ကလေးကို ရေမချိုးပေးခင်မှာ ရေအပူချိန်ကို သေချာ စစ်ဆေးသင့်ပါတယ်။

♦ ကလေးကို ပွပွချောင်ချောင်နဲ့ သက်တောင့်သက်သာရှိစေတဲ့အဝတ်တွေ ဝတ်ဆင်ပေးပါ။

♦ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် ကလေးကို အရည်များများတိုက်ပါ။ အသက် ၄လအောက်ကလေးတွေကို မိခင်နို့ (သို့) သောက်နေကျ နို့ဘူး၊ ဒီထက်ကြီးတဲ့ကလေးတွေအတွက် ရေနှင့် အခြားအာဟာရဖြစ်စေမယ့် အရည်တွေ (ဥပမာ -ကြက်ပြုတ်ရည်)ကို  တိုက်ပေးနိုင်ပါတယ်။

♦ ကလေးအဖျားကျစေဖို့နဲ့ သက်သာစေဖို့အတွက် ဆေးတိုက်နိုင်ပါတယ်။ ဆေးမတိုက်ခင်မှာတော့ တိုက်ရမယ့်ဆေးနဲ့ အချိုးအဆကို ဆရာဝန်ကိုသေချာမေးဖို့လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)