ကလေးမထွားရခြင်း အကြောင်းရင်း
ကလေးညှက်တယ်ဆိုတာ ကလေးတွေအတွက် ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ရပ်ပါ။ မေမေဖေဖေတို့သော်လည်းကောင်း၊ ကလေးကိုကြည့်တဲ့ ဆရာဝန်ကသော်လည်းကောင်း သတိထားမိတတ်ကြပါတယ်။
>> ကိုယ်အလေးချိန် ကျသွားတာဟာ ဘယ်အချိန်မှာ သတိထားဖို့လိုမလဲ?
ကိုယ်အလေးချိန် အနည်းငယ် ကျသွားတာထက် တဖြည်းဖြည်းချင်း ကိုယ်အလေးချိန် ကျဆင်းလာတာက ပိုအရေးြက်ီးပါတယ်တဲ့။ ကိုယ်အလေးချိန်ဆိုရာမှာလည်း ကလေးရဲ့အရပ်နဲ့လိုက်ပြီး တွက်ချက်ဖို့ လိုပါတယ်။ ဒီလို အရပ်နဲ့ကိုယ်အလေးချိန်ကို ကိုယ်ခန္ဓာထုတိုင်းတာတဲ့ဇယားမှာ တိုင်းတာတွက်ချက်ပေးရပါမယ်။
တစ်ခါတလေ ကလေးလေးတွေမှာ လှုပ်ရှားမှုများလာတာနဲ့အမျှ ကိုယ်အလေးချိန်ကျတတ်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ အရပ်နဲ့လိုက်ပြီးကျတာမျိုးဖြစ်တာမို့ ပုံမှန်အတိုင်းပဲ ကြီးထွားပါလိမ့်မယ်။
ကိုယ်အလေးချိန် အများကြီးလျော့ကျသွားတယ် ဆိုရင်တော့ သတိထားရပါမယ်။ ဒီလိုအခြေအနေမျိုးမှာတော့ စိုးရိမ်ဖို့ လို၊ မလို သိရအောင် ဆရာဝန်နဲ့ပြပြီး ပြန်လည်တိုင်းတာကြည့်ဖို့ လိုပါတယ်။
>> ကလေးညှက်ရတဲ့ အကြောင်းရင်းတွေကတော့ -
၁။ ၉၀%သော ကလေးတွေမှာတော့ ကယ်လိုရီ မလုံလောက်လို့ ဖြစ်ရတာပါ။ များသောအားဖြင့်တော့ ကလေးက အစာမစားလို့၊ မေမေ ဖေဖေတို့က ကယ်လိုရီ လုံလောက်အောင် ကျွေးရကောင်းမှန်းမသိလို့ ဖြစ်တတ်ပါတယ်။ အစားကောင်းကောင်းမစားဘဲ အင်မတန် အဆော့မက်တဲ့ ကလေးလေးတွေမှာ တွေ့ရတတ်ပါတယ်။ လသားကလေးတွေမှာဆိုရင်တော့ နို့မဝလို့သော်လည်းကောင်း၊ နို့ဘူးစို့တဲ့ကလေးတွေမှာ ဖော်မြူလာနို့စပ်တာ အဆင်မပြေတာကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။
၂။ တစ်ခါတလေ ကလေးထိန်းသူဟာ စိတ်ဝေဒနာတစ်ခုခုကြောင့် ကလေးကို ဂရုမစိုက်နိုင်တာမျိုး၊ ကလေးအကြီးနဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေမှာတော့ ကိုယ်အလေးချိန်ဆိုင်ရာ အစွဲရောဂါကြောင့် မစားမသောက်နေရာကနေ ဖြစ်တတ်ပါတယ်။
၃။ ကလေးမှာ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတစ်ခုခု ရှိနေရင်လည်း ကလေးက အစားကောင်းကောင်းစားမှာ မဟုတ်ပါဘူး။ သွက်ချာပါဒရောဂါလို၊ အာခေါင်ကွဲနှုတ်ခမ်းကွဲရောဂါလို ရောဂါမျိုးတွေကြောင့် မျိုချရခက်တဲ့အခါမျိုးမှာပေါ့။
၄။ ကလေး အရမ်းအန်နေတဲ့အချိန်မျိုးမှာလည်း အစာမမျိုနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အာရုံကြောကြောင့် ကြွက်သားအားနည်းရောဂါရှိတဲ့ ကလေးတွေမှာ အက်ဆစ်ဓာတ် ပြန်ဆန်တက်တာမျိုးကြောင့် ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့်ကတော့ အက်ဆစ်ပြန်ဆန်တက်တာ သက်သာပြီးတော့ ကောင်းကောင်းကြီးထွားတတ်ကြပါတယ်။ တစ်ခါတလေမျိုးမှာတော့ အစာအိမ်ဝင်ပေါက်ကျဉ်းသွားပြီး ဆက်လက်ကုသမှုခံယူဖို့ လိုတတ်ပါတယ်။
၅။ ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်လို့ အစာကောင်းကောင်း မချေဖျက်နိုင်တဲ့ ကလေးတွေမှာလည်း ကိုယ်အလေးချိန် မတက်တတ်ပါဘူး။ ဒီလိုကလေးတွေမှာ ဝမ်းပုပ်ပုပ်ပွပွချွဲချွဲတွေ သွားတတ်ပါတယ်။
Ceelin 1
၆။ ဂလူတန်ဂျုံ မချေဖျက်နိုင်တဲ့ Coeliac disease, အူလမ်းကြောင်းနံရံ ရောင်ရမ်းခြင်း Crohn’s disease လို ရောဂါတွေကြောင့်လည်း ကိုယ်အလေးချိန် မတက်တာမျိုး ဖြစ်နိုင်ပါတယ်။
၇။ တစ်ခါတလေ သိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်တဲ့ရောဂါမျိုးမှာလည်း ကယ်လိုရီတွေ အလွန်လောင်ကျွမ်းလို့ ကိုယ်အလေးချိန် ကျဆင်းတတ်ပါတယ်။
၈။ နှလုံးရောဂါရှိတဲ့ ကလေးလေးတွေမှာလည်း အသက်ရှူရခက်ခဲတဲ့အတွက် ပိန်တတ်ပါတယ်။
၉။ တစ်ခါတလေ ကျောက်ကပ်ရောဂါ ကလေးငယ်တွေမှာလည်း ကိုယ်အလေးချိန ်တက်သင့်သလောက် မတက်တာကို တွေ့ရပါတယ်။
၁၀။ ဒါ့အပြင် တချို့မျိုးရိုးဗီဇရောဂါရှိသူ ကလေးတွေမှာ ကိုယ်အလေးချိန် ထိခိုက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။
>> ဘယ်အချိန်မှာ အကူအညီ တောင်းခံသင့်သလဲ?
ကလေး ကောင်းကောင်း ကိုယ်အလေးချိန် မတက်ဘူးလို့ထင်ရင် ဆေးခန်းပြကြည့်ပါ။ ဆရာဝန်က ကလေးကို သေချာစမ်းသပ်စစ်ဆေးကြည့်ပြီး ကလေးမှာ ကယ်လိုရီချို့တဲ့တာမဟုတ်ဘဲ တခြားဘာရောဂါတွေများရှိမလဲလို့ ရှာဖွေပါလိမ့်မယ်။
ကိုယ်ခန္ဓာထုတိုင်းတာမှုဇယားကို သေချာကြည့်၊ ကိုယ်အလေးချိန်၊ အရပ်သေချာတိုင်းတာပြီး စောင့်ကြည့်ဖို့ လိုပါတယ်။ အကယ်၍ နုံးနေတာ၊ ဖြူဖျော့နေတာ၊ ခြေတံလက်တံလေးတွေ သေးလှီနေတာ၊ လက်မောင်းတွေ၊ ပေါင်တံတွေ အရေတွန့်နေတာ၊ ပါးပြောင်နေတာမျိုးတွေရှိခဲ့ရင် သွေးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ ကျောက်ကပ်ပြဿနာတွေကို ရှာဖွေရပါမယ်။
ကလေးအများစုမှာ ကယ်လိုရီ လိုအပ်ချက်ကို ဖြည်းဖြည်းချင်း ဖြည့်စည်းပေးဖို့ လိုပါတယ်။ ကယ်လိုရီဖြည့်စည်းပေးလို့မှ တောက်လျှောက်ကို ကိုယ်အလေးချိန်ကျနေတုန်းပဲဆိုရင်တော့ ဆေးရုံတင်ပြီး စောင့်ကြည့်ဖို့ လိုပါတယ်။ နှာခေါင်းပိုက်နဲ့ အစာထည့်ပေးဖို့ လိုနိုင်ပါတယ်။
တချို့ကလေးတွေမှာတော့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ဆေးတွေက အလုပ်ဖြစ်ပါတယ်။ ရောဂါပေါ်လိုက်ပြီးတော့ ဂလူတန်ဂျုံရှောင်ပေးတာ၊ ပန်ကရိယအင်ဇိုင်း ဖြည့်စွက်ဆေးသောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin 2
(Zawgyi)
ကေလးညႇက္တယ္ဆိုတာ ကေလးေတြအတြက္ ျဖစ္ေလ့ရွိတဲ့ျပႆနာတစ္ရပ္ပါ။ ေမေမေဖေဖတို႔ေသာ္လည္းေကာင္း၊ ကေလးကိုၾကည့္တဲ့ ဆရာဝန္ကေသာ္လည္းေကာင္း သတိထားမိတတ္ၾကပါတယ္။
>> ကိုယ္အေလးခ်ိန္ က်သြားတာဟာ ဘယ္အခ်ိန္မွာ သတိထားဖို႔လိုမလဲ?
ကိုယ္အေလးခ်ိန္ အနည္းငယ္ က်သြားတာထက္ တျဖည္းျဖည္းခ်င္း ကိုယ္အေလးခ်ိန္ က်ဆင္းလာတာက ပိုအေရးၾက္ီးပါတယ္တဲ့။ ကိုယ္အေလးခ်ိန္ဆိုရာမွာလည္း ကေလးရဲ႕အရပ္နဲ႔လိုက္ၿပီး တြက္ခ်က္ဖို႔ လိုပါတယ္။ ဒီလို အရပ္နဲ႔ကိုယ္အေလးခ်ိန္ကို ကိုယ္ခႏၶာထုတိုင္းတာတဲ့ဇယားမွာ တိုင္းတာတြက္ခ်က္ေပးရပါမယ္။
တစ္ခါတေလ ကေလးေလးေတြမွာ လႈပ္ရွားမႈမ်ားလာတာနဲ႔အမွ် ကိုယ္အေလးခ်ိန္က်တတ္တာမ်ိဳး ရွိပါတယ္။ ဒါေပမဲ့ အရပ္နဲ႔လိုက္ၿပီးက်တာမ်ိဳးျဖစ္တာမို႔ ပုံမွန္အတိုင္းပဲ ႀကီးထြားပါလိမ့္မယ္။
ကိုယ္အေလးခ်ိန္ အမ်ားႀကီးေလ်ာ့က်သြားတယ္ ဆိုရင္ေတာ့ သတိထားရပါမယ္။ ဒီလိုအေျခအေနမ်ိဳးမွာေတာ့ စိုးရိမ္ဖို႔ လို၊ မလို သိရေအာင္ ဆရာဝန္နဲ႔ျပၿပီး ျပန္လည္တိုင္းတာၾကည့္ဖို႔ လိုပါတယ္။
>> ကေလးညႇက္ရတဲ့ အေၾကာင္းရင္းေတြကေတာ့ -
၁။ ၉၀%ေသာ ကေလးေတြမွာေတာ့ ကယ္လိုရီ မလုံေလာက္လို႔ ျဖစ္ရတာပါ။ မ်ားေသာအားျဖင့္ေတာ့ ကေလးက အစာမစားလို႔၊ ေမေမ ေဖေဖတို႔က ကယ္လိုရီ လုံေလာက္ေအာင္ ေကြၽးရေကာင္းမွန္းမသိလို႔ ျဖစ္တတ္ပါတယ္။ အစားေကာင္းေကာင္းမစားဘဲ အင္မတန္ အေဆာ့မက္တဲ့ ကေလးေလးေတြမွာ ေတြ႕ရတတ္ပါတယ္။ လသားကေလးေတြမွာဆိုရင္ေတာ့ ႏို႔မဝလို႔ေသာ္လည္းေကာင္း၊ ႏို႔ဘူးစို႔တဲ့ကေလးေတြမွာ ေဖာ္ျမဴလာႏို႔စပ္တာ အဆင္မေျပတာေၾကာင့္ေသာ္လည္းေကာင္း ျဖစ္တတ္ပါတယ္။
၂။ တစ္ခါတေလ ကေလးထိန္းသူဟာ စိတ္ေဝဒနာတစ္ခုခုေၾကာင့္ ကေလးကို ဂ႐ုမစိုက္ႏိုင္တာမ်ိဳး၊ ကေလးအႀကီးနဲ႔ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးေတြမွာေတာ့ ကိုယ္အေလးခ်ိန္ဆိုင္ရာ အစြဲေရာဂါေၾကာင့္ မစားမေသာက္ေနရာကေန ျဖစ္တတ္ပါတယ္။
၃။ ကေလးမွာ ဦးေႏွာက္အာ႐ုံေၾကာဆိုင္ရာ ေရာဂါတစ္ခုခု ရွိေနရင္လည္း ကေလးက အစားေကာင္းေကာင္းစားမွာ မဟုတ္ပါဘူး။ သြက္ခ်ာပါဒေရာဂါလို၊ အာေခါင္ကြဲႏႈတ္ခမ္းကြဲေရာဂါလို ေရာဂါမ်ိဳးေတြေၾကာင့္ မ်ိဳခ်ရခက္တဲ့အခါမ်ိဳးမွာေပါ့။
၄။ ကေလး အရမ္းအန္ေနတဲ့အခ်ိန္မ်ိဳးမွာလည္း အစာမမ်ိဳႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အာ႐ုံေၾကာေၾကာင့္ ႂကြက္သားအားနည္းေရာဂါရွိတဲ့ ကေလးေတြမွာ အက္ဆစ္ဓာတ္ ျပန္ဆန္တက္တာမ်ိဳးေၾကာင့္ ျဖစ္ေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ကေတာ့ အက္ဆစ္ျပန္ဆန္တက္တာ သက္သာၿပီးေတာ့ ေကာင္းေကာင္းႀကီးထြားတတ္ၾကပါတယ္။ တစ္ခါတေလမ်ိဳးမွာေတာ့ အစာအိမ္ဝင္ေပါက္က်ဥ္းသြားၿပီး ဆက္လက္ကုသမႈခံယူဖို႔ လိုတတ္ပါတယ္။
၅။ ပန္ကရိယ ေကာင္းေကာင္း အလုပ္မလုပ္လို႔ အစာေကာင္းေကာင္း မေခ်ဖ်က္ႏိုင္တဲ့ ကေလးေတြမွာလည္း ကိုယ္အေလးခ်ိန္ မတက္တတ္ပါဘူး။ ဒီလိုကေလးေတြမွာ ဝမ္းပုပ္ပုပ္ပြပြခြၽဲခြၽဲေတြ သြားတတ္ပါတယ္။
၆။ ဂလူတန္ဂ်ဳံ မေခ်ဖ်က္ႏိုင္တဲ့ Coeliac disease, အူလမ္းေၾကာင္းနံရံ ေရာင္ရမ္းျခင္း Crohn’s disease လို ေရာဂါေတြေၾကာင့္လည္း ကိုယ္အေလးခ်ိန္ မတက္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။
၇။ တစ္ခါတေလ သိုင္း႐ိြဳက္ဂလင္း အလုပ္လုပ္လြန္တဲ့ေရာဂါမ်ိဳးမွာလည္း ကယ္လိုရီေတြ အလြန္ေလာင္ကြၽမ္းလို႔ ကိုယ္အေလးခ်ိန္ က်ဆင္းတတ္ပါတယ္။
၈။ ႏွလုံးေရာဂါရွိတဲ့ ကေလးေလးေတြမွာလည္း အသက္ရႉရခက္ခဲတဲ့အတြက္ ပိန္တတ္ပါတယ္။
၉။ တစ္ခါတေလ ေက်ာက္ကပ္ေရာဂါ ကေလးငယ္ေတြမွာလည္း ကိုယ္အေလးခ်ိန ္တက္သင့္သေလာက္ မတက္တာကို ေတြ႕ရပါတယ္။
၁၀။ ဒါ့အျပင္ တခ်ိဳ႕မ်ိဳး႐ိုးဗီဇေရာဂါရွိသူ ကေလးေတြမွာ ကိုယ္အေလးခ်ိန္ ထိခိုက္တာမ်ိဳးေတြ ျဖစ္ေလ့ရွိပါတယ္။
>> ဘယ္အခ်ိန္မွာ အကူအညီ ေတာင္းခံသင့္သလဲ?
ကေလး ေကာင္းေကာင္း ကိုယ္အေလးခ်ိန္ မတက္ဘူးလို႔ထင္ရင္ ေဆးခန္းျပၾကည့္ပါ။ ဆရာဝန္က ကေလးကို ေသခ်ာစမ္းသပ္စစ္ေဆးၾကည့္ၿပီး ကေလးမွာ ကယ္လိုရီခ်ိဳ႕တဲ့တာမဟုတ္ဘဲ တျခားဘာေရာဂါေတြမ်ားရွိမလဲလို႔ ရွာေဖြပါလိမ့္မယ္။
ကိုယ္ခႏၶာထုတိုင္းတာမႈဇယားကို ေသခ်ာၾကည့္၊ ကိုယ္အေလးခ်ိန္၊ အရပ္ေသခ်ာတိုင္းတာၿပီး ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ အကယ္၍ ႏုံးေနတာ၊ ျဖဴေဖ်ာ့ေနတာ၊ ေျခတံလက္တံေလးေတြ ေသးလွီေနတာ၊ လက္ေမာင္းေတြ၊ ေပါင္တံေတြ အေရတြန႔္ေနတာ၊ ပါးေျပာင္ေနတာမ်ိဳးေတြရွိခဲ့ရင္ ေသြးအားနည္းျခင္း၊ အာဟာရခ်ိဳ႕တဲ့ျခင္းနဲ႔ ေက်ာက္ကပ္ျပႆနာေတြကို ရွာေဖြရပါမယ္။
ကေလးအမ်ားစုမွာ ကယ္လိုရီ လိုအပ္ခ်က္ကို ျဖည္းျဖည္းခ်င္း ျဖည့္စည္းေပးဖို႔ လိုပါတယ္။ ကယ္လိုရီျဖည့္စည္းေပးလို႔မွ ေတာက္ေလွ်ာက္ကို ကိုယ္အေလးခ်ိန္က်ေနတုန္းပဲဆိုရင္ေတာ့ ေဆး႐ုံတင္ၿပီး ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ ႏွာေခါင္းပိုက္နဲ႔ အစာထည့္ေပးဖို႔ လိုႏိုင္ပါတယ္။
တခ်ိဳ႕ကေလးေတြမွာေတာ့ အစာစားခ်င္စိတ္ကို လႈံ႕ေဆာ္ေပးတဲ့ေဆးေတြက အလုပ္ျဖစ္ပါတယ္။ ေရာဂါေပၚလိုက္ၿပီးေတာ့ ဂလူတန္ဂ်ဳံေရွာင္ေပးတာ၊ ပန္ကရိယအင္ဇိုင္း ျဖည့္စြက္ေဆးေသာက္တာမ်ိဳး လုပ္ေပးႏိုင္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























