/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးမိဘတွေလုပ်မိတတ်တဲ့-အမှားကြီး-၉-ချက်

ကလေးမိဘတွေလုပ်မိတတ်တဲ့ အမှားကြီး ၉ ချက်

Category
ကလေးများနှင့်ကျန်းမာရေး

1. အိမ်​​ထောင်​ပရိ​ဘောဂ​တွေကို နံရံမှာအ​သေမကပ်​မိခြင်​း

 

          မလိုပါဘူးလို့ထင်​မိတတ်​ကြ​ပေမယ်​့ အသက်​ ၁၀ နှစ်​​အောက်​က​လေး​တွေဟာ ​​တွေ့ရာအမြင်​့တက်​​လေ့ရှိကြတာမို့ ပြုတ်​ကျပြီးပိတတ်​ပါတယ်​။ ဒါ​ကြောင်​့ ဆော့လွန်း​တဲ့က​လေးကို ​စောင်​့ကြည်​့​နေဖု့ိက အရေးကြီးသလို သူတို့တက်​တတ်​တဲ့ ပရိ​ဘောဂ​တွေပြုတ်​ကျပြီးမပိမိ​အောင်​ နံရံမှာအ​သေသာ ကပ်​ထားလိုက်​ပါ။

 

2. ပလပ်​​ပေါက်​​တွေကို မကာမိခြင်​း

 

          က​လေး​တွေဟာ ပလပ်​​ပေါက်​​တွေကို ​ဆော့စရာလို့ ထင်​တတ်​ကြပါတယ်​။ သူတို့လက်​​ချောင်​း​ေ​သး​သေး​လေး​တွေ ထိုးထည်​့လို့ရတဲ့ အ​ပေါက်​​လေး​တွေ​ကြောင်​့ဖြစ်​နိုင်​သလို အရုပ်​​လေး​တွေ ထိုးထည်​့နိုင်​လို့လည်​း ဖြစ်​နိုင်ပါတယ်​။

          ပလပ်​​ပေါက်​​တွေကို ပလတ်​စတစ်​အဖုံး​တွေ၊ ​ဖော့အဖုံး​တွေနဲ့ ကာရံထားသင်​့ပါတယ်​။

Nutroplex 1

3. စားပွဲ​ပေါ်မှာ ဓား​တွေ၊ ချွန်​ထက်တဲ့အရာ​တွေ တင်​ထားခြင်​း

 

          ဓား​တွေကို စားပွဲ​ပေါ်တင်​ထားခြင်​းဟာ က​လေး​တွေအတွက်​ အလွန်​အန္တရာယ်​များပါတယ်​။ ၃နှစ်​​အောက်​က​လေး​ငယ်​​တွေဟာ မိဘ​တွေလုပ်​သမျှ လိုက်​လုပ်​တတ်​တဲ့အရွယ်​ဖြစ်​တာ​ကြောင်​့ ဘယ်​​လောက်​ထက်​တယ်​ဆိုတာမသိပဲ ​ဆော့ကစားရင်​း ထိခိုက်​မိတတ်​ပါတယ်​။ ဒါ​ကြောင်​့ ဓား​ကို က​လေး​တွေမယူနိုင်​တဲ့ အံဆွဲထဲ ထည်​့ထားသင်​့ပါတယ်​။

 

4. သွားရည်​ခံ​တွေ၊​ စောင်​​တွေနဲ့သိပ်​ခြင်​း

 

          ၁ နှစ်​​အောက်​က​လေး​တွေကို သွားရည်​ခံတပ်​လျက်​သိပ်​တာ၊ ပုခက်​ထ​ဲ ​စောင်​​တွေနဲ့ ထွေးပြီး သိပ်​တာ​တွေ​ရှောင်​ပါ။ တစ်​နှစ်​ကို က​လေး ၃၅၀၀ နီးပါးဟာ အိပ်​​နေရင်​းအသက်​ဆုံးရှုံးရတာ၊ အသက်​ရှူကြပ်​ပြီး ​သေတာမျိုး​တွေ ဖြစ်​တတ်​ပါတယ်​။

Nutroplex 2

5. ​ရေချိုးခန်​းထဲ မျက်​နှာလွှဲမိခြင်​း

 

          ​ရေချိုးချိန်​ဟာ က​လေးအများစုအတွက်​ ​ပျော်​စရာအချိန်​ဖြစ်​​ပေမယ်​့ က​လေးကို​သေချာမကြည်​့မိရင်​ အသက်​အန္တရာယ်​ရှိပါတယ်​။

          ၁၀ နှစ်​အတွင်​းမှာ ​ရေချိုးကန်​ထဲ နစ်​ပြီး အသက်​ဆုံးရှုံးခဲ့ရတဲ့ ၆၂ ရာခိုင်​နှုန်​း​သောက​လေး​တွေဟာ  အသက်​၂နှစ်​​အောက်​က​လေး​တွေဖြစ်​တာ​ကြောင်​့ ​ရေချိုးချိန်​မှာ စက္ကန်​့မလပ်​​စောင်​့ကြည်​့​နေသင်​့ပါတယ်​။

          ဒါ့အပြင်​ ​ရေကို၂လက်​မထက်​ပိုပြီး မဖြည်​့တာ အ​ကောင်​းဆုံးဖြစ်​ပါတယ်​။

 

6. က​လေးနာမည်​ကို လွယ်​အိတ်​၊ ​စောင်​နဲ့ ​ကျောပိုးအိတ်​​တွေ​ပေါ်မှာ ကပ်​ထားခြင်​း

 

          အိမ်​တွင်​းအန္တရာယ်​မဟုတ်​​ပေမယ်​့ မိဘ​တွေ သတိမမူမိတဲ့ အမှားတစ်​ခုဖြစ်​ပါတယ်​။

သူစိမ်​း​တွေနဲ့ စကားမ​ပြောရဘူး မှာထား​ပေမယ်​့လည်​း နာမည်​​ခေါ်ပြီးစကားလာ​ပြော​နေရင်​​တော့ က​လေးဟာ ယုံကြည်​ပြီး ပြန်​​ပြောမိမှာဖြစ်​ပါတယ်​။

          ဒါ​ကြောင်​့ က​လေးနာမည်​ကို သူစိမ်းမြင်​နိုင်​မယ်​့ ​ကျောပိုးအိတ်​၊ ထမင်​းချိုင်​့၊ ဦ​း​ထုတ်​ ဘယ်​မှာမှ မ​ရေးထာမိပါ​စေနဲ့။

 

7. ဆပ်​ပြာရည်​​တွေ၊ ​ဆေးဘူး​တွေ အဖုံး​သေချာမဖုံးမိခြင်​း

 

          ဆပ်​ပြာရည်​​တွေ၊ ​ဆေး​တွေကို က​လေး​တွေ အလှမ်​းမမီတဲ့​နေရာမှာထားပါ။ က​လေးမဖွင်​့နိုင်​​လောက်​တဲ့ ​ဆေးဘူး​တွေကို​တောင်​ သတိမလွတ်​ပါနဲ့။ ​ဆေးဘူးဖွင်​့ပြီး ​မော့​သောက်​လိုက်​ရင်​ အသက်​အန္တရာယ်​​ရှိပါတယ်​။

 

8. က​လေးကိုကားထဲ​သေချာ​နေရာမချမိခြင်း

 

          က​လေး​ခုံကို ​သေချာ​နေရာချဖို့ ခက်​ခဲပါတယ်​။ အ​မေရိကန်​မှာရှိတဲ့ က​ား ၉၅ ရာခိုင်နှုန်​းမှာ က​လေးခုံကို မှားယွင်​း​နေရာချထားတာကို ​တွေ့ရတယ်​လု့ိ ဆိုပါတယ်​။ အသက်​၃နှစ်​​အောက်​ က​လေး​တွေကို ​နောက်​ကြည့်မှန်​က​နေ မြင်​ရတ့ဲ ခုံမှာ​သေချာ​နေရာချသင်​့ပါတယ်​။

 

9. က​လေးနဲ့အတူ​ လျောလိုက်​စီးခြင်​း

 

          က​လေးနဲ့အတူ​လျောစီးခြင်​းဟာ က​လေးကို အနာတရရ​စေနိုင်​ပါတယ်​။

          က​လေး​ခြေ​ထောက်​ဟာ ​လျောနဲ့လူကြီး​ခြေ​ထောက်​ကြား ညပ်​မိသွားတဲ့အခါ ​ခြေ​ထောက်​ထိခိုက်​ပြီး ကျိုးတဲ့အထိ​တောင်​ ဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ က​လေး​သေး​သေး​လေး​တွေနဲ့ ​လျောအတူမစီးပါနဲ့။ စီးဖြစ်​ရင်​​တောင်​ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်​။

www.drmyanmar.com