ကလေးများတွင်ဖြစ်တတ်သော ခြေထောက်ကွေး၊ ဒူးခွင်ခြင်းပြဿနာ
တောက်တောက်လျှောက်သွာခါစ ကလေးငယ်တွေရဲ့ခြေထောက်တွေက ခွင်နေတတ်ပါတယ်။ အမှန်တော့ အသက် ၂ နှစ်မတိုင်ခင်အထိကလေးအတော်များများရဲ့ ခြေထောက်က အနည်းငယ်ကွေးနေတတ်ပြီး အသက် ၆ နှစ်မတိုင်ခင်အထိ ဒူးနည်းနည်းခွင်နေနိုင်ပါတယ်။ အသက် ၉နှစ် (သို့) ၁၀ နှစ်အရွယ်အထိ ခြေထောက်ကောင်းကောင်းမဖြောင့်ဘဲလည်း တချို့ကလေးတွေမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ခြေထောက်ကွေးပြီး ဒူးခွင်တာက ပုံမှန်အားဖြင့်တော့ ကုသမှုမလိုတဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်ရင် ခြေထောက်က သူ့အလိုလိုပြန်ဖြောင့်သွားလေ့ရှိပါတယ်။ ခြေထောက်ပြင်တဲ့ရှူးဖိနပ်တွေ၊ လေ့ကျင့်ခန်းတွေကလည်း အသုံးဝင်တာရှားပါးတဲ့အပြင် ကလေးကို စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာ ခြေထောက်ကွေးပြီး ဒူးခွင်တာက ရောဂါကြောင့်ဖြစ်တာရှားပါတယ်။ အရိုးရောင်ခြင်း၊ ဒူးပတ်လည်ကိုထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အဖုအကျိိတ်၊ Blount’s ရောဂါ (ခြေသလုံးရိုးကြီးထွားမှုပြသနာ)၊ နဲ့ အရိုးပျော့ရောဂါတွေကြောင့် ခြေထောက်ပုံစံပြောင်းလဲမှုတွေကိုဖြစ်စေပါတယ်။
ပြင်းထန်တဲ့ပြသနာတွေကြောင့် ကလေးခြေထောက်ကွေး၊ ဒူးခွင်ရတဲ့လက္ခဏာအချို့ကတော့-
• ခြေထောက်ပြင်းထန်စွာပုံပျက်ခြင်း
• ခြေထောက်တစ်ဖက်တည်းဖြစ်ခြင်း
• အသက်နှစ်နှစ်ကျော်မှ ခြေထောက်ပိုကွေးလာခြင်း
• အသက် ၇ နှစ်ကျော်တဲ့အထိ ဒူးခွင်တာဆက်ရှိနေခြင်း
• ကလေးအသက်အရွယ်မှာရှိသင့်တဲ့အရပ်မရှိဘဲပုနေခြင်း
ကလေးမှာ အထက်ပါလက္ခဏာတွေထဲက တစ်ခုခုတွေ့ရပါက ကလေးဆရာဝန်ပြသပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
ကလေးမှာ အထကျပါလက်ခဏာတှထေဲက တဈခုခုတှေ့ရပါက ကလေးဆရာဝနျပွသပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























