/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများတွင်-ကိုရိုနာဗိုင်းရပ်စ်သည်-အဖြစ်နည်းသော်လည်း

ကလေးများတွင် ကိုရိုနာဗိုင်းရပ်စ်သည် အဖြစ်နည်းသော်လည်း ဖြစ်လျှင်ပြင်းထန်ဟု UK ဆရာဝန်များ သတိပေး ပြောကြား

Category
ကလေးများနှင့်ကျန်းမာရေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသောကလေးများတွင် အူလမ်းကြောင်းဆိုင်ရာဝေဒနာများ၊ မျက်စိနဲ့နှလုံးရောဂါ၊ သွေးကြောနံရံများ ရောင်ရမ်းခြင်းနဲ့ သွေးဆိပ်တက်ရောဂါများပါ တွဲဖက်ဖြစ်ပေါ်ကြောင်း၊ သွေးစစ်ကြည့်တဲ့ရလဒ်တွေမှာ အဲဒီ့ရောဂါတွေနဲ့ သွားတူနေတာမျိုးတွေရှိကြောင်း တွေ့ရပါတယ်။
ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းပြင်းထန်ထန် ခံစားရတာမျိုးက ရာခိုင်နှုန်းနည်းပါးပါတယ်။ နောက်ထပ် ကံကောင်းတာတစ်ခုက သွေးကြောနံရံများ ရောင်ရမ်းခြင်းရောဂါဟာ ပြင်းထန်ပေမယ့် အဖြစ်နည်းတဲ့ရောဂါ ဖြစ်နေတာပါပဲ။
ဒီလိုပြောလိုက်လို့ မိဘတွေကို ပေါ့လျော့မသွားစေချင်ပါဘူး။ လွန်ခဲ့တဲ့ရက်သတ္တပတ် (၃) ပတ်လောက်က လန်ဒန်အပါအဝင် ယူကေရဲ့ အခြားသောပြည်နယ်တွေမှာ ကလေးတွေဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါတော်တော်များများ ရောင်ရမ်းပြီး ဖျားနာမှုဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ အတည်မပြုနိုင်သေးသော်လည်း ဒါဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတာဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထူးကြပ်မတ်ကုသဆောင်ကို ရောက်ရှိလာတဲ့ကလေးတွေဟာ အလွန်နည်းပါးသော်လည်း ဒါဟာ အရေးကြီးတဲ့ သတိပေးချက်ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဆိုတာမှန်း မသိလိုက်လို့ ဆုံးရှုံးသွားရတဲ့ကလေးတွေလည်း ဘယ်လောက်ရှိနေနိုင်မယ် မဆိုနိုင်ပါဘူး။
အဝလွန်ခြင်းနဲ့ သွေးတိုး စသောရောဂါအခံများရှိနေတဲ့ ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာဟာ ပိုဆိုးပါတယ်။ ဒါဟာ ရောဂါတစ်မျိုးမျိုး ရှိထားနှင့်ပြီးသား ကလေးတွေကို ပိုဂရုစိုက်သင့်ကြောင်း ပြလိုက်တာပါပဲ။ ဒါ့အပြင် လူမျိုးအလိုက်လည်း ရောဂါအတိမ်အနက် ကွဲပြားသေးတယ်လို့ ဆိုပါတယ်။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)