ကလေးများတွင် ဖြစ်တတ်သော အစာသီးရာကနေ အဆုတ်ထဲသို့ ဝင်ရောက်ခြင်း
သားသားမီးမီးလေးတို့ နို့စို့ချိန်နှင့် အစာစားချိန်မှာ သီးရာကနေ အစာနှင့်အရည်များ အဆုတ်တွင်းသို့ ဝင်ရောက်ခြင်းဖြစ်စဉ်ကို Aspiration လို့ ခေါ်ဆိုပါတယ်။
>> ကလေးတွေမှာ အစာသီးခြင်းကနေ အဆုတ်တွင်းသို့ အစာများ ဝင်ရောက်နေပြီဆိုတာကို အောက်ပါလက္ခဏာများအတိုင်း သိရှိနိုင်ပါတယ်။
(၁) အစာကျွေးရခက်ခဲခြင်း
(၂) ရေတိုက်ပါက ချောင်းဆိုးခြင်း
(၃) အစာကျွေးချိန်တိုင်း ဂျစ်တိုက်ခြင်း
(၄) အစာကျွေးပါက ကျောကော့ထားခြင်း
Solmux Kids 1

(၅) နှုတ်ခမ်းများပြာခြင်း
(၆) အစာကျွေးနေစဉ်နှင့် ကျွေးပြီးတွင် မျက်စိများနီရဲခြင်း
(၇) အစာကျွေးစဉ် အန်ထွက်ခြင်း
(၈) အသက်ရှူကြပ်ခြင်း
(၉) ရင်ဘတ်က အသံစူးစူးများ ထွက်ပေါ်ခြင်း
(၁၀) ကလေးဟာ ကြီးထွားလာခြင်းမရှိခြင်း
Solmux Kids 2

Aspiration ဟာ အစာမျိုရခက်ခဲသောရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။
အစာမျိုချရခက်ခဲသောရောဂါဟု ဆိုရာတွင် -
(၁) ပါးစပ်၊ လျှာ၊ အာခေါင်တွင် ပြဿနာရှိနေခြင်းကြောင့် ပါးစပ်နှင့်လည်ချောင်းကနေ အစာကို ကောင်းစွာမျိုမချနိုင်ခြင်းနှင့်
(၂) အစာရေမျိုရှိကြွက်သား (သို့) အာရုံကြောပြဿနာကြောင့် အစာကို ကောင်းစွာမျိုမချနိုင်ခြင်းဆိုပြီး
နှစ်မျိုး ရှိပါတယ်။
Aspiration ဖြစ်ခြင်းကို ကာကွယ်ဖို့အတွက် ရင်သွေးလေးများအား အစာကျွေးပုံကို ပြောင်းလဲကြည့်ပါ။ ဥပမာ - အစာကို ဖြည်းဖြည်းကျွေးခြင်း၊ အစာကျွေးတဲ့အခါ ကလေးရဲ့ကိုယ်နေဟန်ထားကို ပြောင်းခြင်း၊ အရည်ကျဲအစား ပျစ်ပျစ်ကျွေးခြင်းတို့ကို ကြိုးစားကြည့်နိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)