/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနဲ့-နားပြည်ယိုခြင်း

ကလေးများနဲ့ နားပြည်ယိုခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

နားပြည်ယိုခြင်းပြဿနာကို ကလေးများတွင် မကြာခဏ တွေ့ရတတ်ပါတယ်။ နားရဲ့အပြင်ဘက်အပိုင်းကော အလယ်ပိုင်းတွင်ပါ ဖြစ်ပေါ်တတ်ပါတယ်။

>>  ရောဂါလက္ခဏာများအနေနဲ့
နားအပြင်ဘက်ပိုင်းတွင် ပိုးဝင်ခြင်းဖြစ်ပေါ်ပါက ကလေးအနေနဲ့ နားနာကျင်ခြင်း၊ ယားခြင်း၊ အသံများ မကြားရခြင်း၊ နားထဲတွင် တစ်ခုခုပိတ်ဆို့သလို ခံစားရခြင်းတို့အပြင် နားပြည်ယိုခြင်းပါ တွေ့ကြုံရမှာဖြစ်ပါတယ်။
နားအလယ်ပိုင်းတွင် ပိုးဝင်ရင်တော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနဲ့အတူ ဂျီကျခြင်း၊ မှိန်းခြင်း၊ အစာစားလိုစိတ်မရှိခြင်းတို့အပြင် နားကိုက်ခြင်းနဲ့ အသံမကြားရခြင်းတို့ပါ ဖြစ်ပေါ်နိုင်ပါတယ်။ ကလေးငယ်များအနေနဲ့ နားကိုက်တဲ့အခါမှာ သူတို့နားထဲသို့ လက်ချောင်းလေးများ ထိုးထည့်တတ်ကြပါတယ်။ ဒီအခါမှာ နားစည်ကွဲခြင်းနဲ့အတူ နားသွေးယိုခြင်းဖြစ်နိုင်လို့ မေမေတို့ သတိထားသင့်ပါတယ်။
နားအလယ်ပိုင်း ပိုးဝင်ခြင်း မကြာခဏဖြစ်ပေါ်ပါက Glue Ear လို့ခေါ်သော နားထဲတွင် အရည်ပျစ်ပျစ်များ ဖြစ်ပေါ်တဲ့ အခြေအနေသို့ ရောက်ရှိနိုင်ပြီး နားအကြားအာရုံချို့တဲ့ခြင်း၊ ဘာသာစကားပြောဆိုမှုနဲ့ အခြားသော တိုးတက်မှုများ နှောင့်နှေးခြင်း၊ အာရုံစူးစိုက်ရခက်ခဲသော ပြဿနာများ စသည်တို့ဖြင့် ရင်ဆိုင်ရတတ်ပါတယ်။

>>  နားပိုးဝင်ခြင်းမဖြစ်အောင် ကာကွယ်နည်းတွေကတော့ -
●  သားသားမီးမီးလေးတွေကို နာမကျန်းဖြစ်နေတဲ့သူတွေနဲ့ နီးနီးကပ်ကပ် မနေခိုင်းသင့်ပါဘူး။
●  အဆုတ်ရောင်ကာကွယ်ဆေးများ ထိုးပေးထားပါ။
●  နားကို ခြောက်သွေ့သန့်စင်အောင်ထားပါ။
●  ရေကူးခြင်း၊ နားထဲသို့ မသန့်သောအရာများဖြင့် ထိုးခြင်းတို့ကို ရှောင်ပါ။

Biogesic for kids IA 1

>>  ဘယ်အရွယ်တွေမှာ အဖြစ်များတတ်လဲ?
●  အသက်သုံးနှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များတတ်ပါတယ်။ ကိုယ်ခံအားနည်းနေသူများတွင် ပိုဖြစ်တတ်ပြီး မိသားစုတွင် နားပိုးဝင်ခြင်း ဖြစ်ဖူးသူရှိနေပါက ပိုမိုဖြစ်နိုင်ချေ များပါတယ်။
●  မကြာခဏ နေမကောင်းဖြစ်တတ်သော ကလေးများ၊ ဆေးလိပ်ငွေ့များနဲ့ နီးကပ်စွာနေရသူများတွင်လည်း အဖြစ်များပါတယ်။

>>  ကုသနည်းတွေက -
●  ကလေးဆရာဝန်နဲ့ အမြန်ဆုံး သွားပြသင့်ပါတယ်။
●  နားတွင်းသို့ အစက်ချရသောဆေးများ ထည့်ခြင်း၊ အကိုက်အခဲပျောက်ဆေးနဲ့ ပိုးသတ်ဆေးသောက်ခြင်းတို့ဖြင့် သက်သာစေပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

နားျပည္ယိုျခင္းျပႆနာကို ကေလးမ်ားတြင္ မၾကာခဏ ေတြ႕ရတတ္ပါတယ္။ နားရဲ႕အျပင္ဘက္အပိုင္းေကာ အလယ္ပိုင္းတြင္ပါ ျဖစ္ေပၚတတ္ပါတယ္။

>>  ေရာဂါလကၡဏာမ်ားအေနနဲ႔
နားအျပင္ဘက္ပိုင္းတြင္ ပိုးဝင္ျခင္းျဖစ္ေပၚပါက ကေလးအေနနဲ႔ နားနာက်င္ျခင္း၊ ယားျခင္း၊ အသံမ်ား မၾကားရျခင္း၊ နားထဲတြင္ တစ္ခုခုပိတ္ဆို႔သလို ခံစားရျခင္းတို႔အျပင္ နားျပည္ယိုျခင္းပါ ေတြ႕ႀကဳံရမွာျဖစ္ပါတယ္။
နားအလယ္ပိုင္းတြင္ ပိုးဝင္ရင္ေတာ့ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း၊ ပ်ိဳ႕အန္ျခင္းနဲ႔အတူ ဂ်ီက်ျခင္း၊ မွိန္းျခင္း၊ အစာစားလိုစိတ္မရွိျခင္းတို႔အျပင္ နားကိုက္ျခင္းနဲ႔ အသံမၾကားရျခင္းတို႔ပါ ျဖစ္ေပၚႏိုင္ပါတယ္။ ကေလးငယ္မ်ားအေနနဲ႔ နားကိုက္တဲ့အခါမွာ သူတို႔နားထဲသို႔ လက္ေခ်ာင္းေလးမ်ား ထိုးထည့္တတ္ၾကပါတယ္။ ဒီအခါမွာ နားစည္ကြဲျခင္းနဲ႔အတူ နားေသြးယိုျခင္းျဖစ္ႏိုင္လို႔ ေမေမတို႔ သတိထားသင့္ပါတယ္။
နားအလယ္ပိုင္း ပိုးဝင္ျခင္း မၾကာခဏျဖစ္ေပၚပါက Glue Ear လို႔ေခၚေသာ နားထဲတြင္ အရည္ပ်စ္ပ်စ္မ်ား ျဖစ္ေပၚတဲ့ အေျခအေနသို႔ ေရာက္ရွိႏိုင္ၿပီး နားအၾကားအာ႐ုံခ်ိဳ႕တဲ့ျခင္း၊ ဘာသာစကားေျပာဆိုမႈနဲ႔ အျခားေသာ တိုးတက္မႈမ်ား ေႏွာင့္ေႏွးျခင္း၊ အာ႐ုံစူးစိုက္ရခက္ခဲေသာ ျပႆနာမ်ား စသည္တို႔ျဖင့္ ရင္ဆိုင္ရတတ္ပါတယ္။

>>  နားပိုးဝင္ျခင္းမျဖစ္ေအာင္ ကာကြယ္နည္းေတြကေတာ့ -
●  သားသားမီးမီးေလးေတြကို နာမက်န္းျဖစ္ေနတဲ့သူေတြနဲ႔ နီးနီးကပ္ကပ္ မေနခိုင္းသင့္ပါဘူး။
●  အဆုတ္ေရာင္ကာကြယ္ေဆးမ်ား ထိုးေပးထားပါ။
●  နားကို ေျခာက္ေသြ႕သန႔္စင္ေအာင္ထားပါ။
●  ေရကူးျခင္း၊ နားထဲသို႔ မသန႔္ေသာအရာမ်ားျဖင့္ ထိုးျခင္းတို႔ကို ေရွာင္ပါ။

>>  ဘယ္အရြယ္ေတြမွာ အျဖစ္မ်ားတတ္လဲ?
●  အသက္သုံးႏွစ္ေအာက္ ကေလးငယ္ေတြမွာ အျဖစ္မ်ားတတ္ပါတယ္။ ကိုယ္ခံအားနည္းေနသူမ်ားတြင္ ပိုျဖစ္တတ္ၿပီး မိသားစုတြင္ နားပိုးဝင္ျခင္း ျဖစ္ဖူးသူရွိေနပါက ပိုမိုျဖစ္ႏိုင္ေခ် မ်ားပါတယ္။
●  မၾကာခဏ ေနမေကာင္းျဖစ္တတ္ေသာ ကေလးမ်ား၊ ေဆးလိပ္ေငြ႕မ်ားနဲ႔ နီးကပ္စြာေနရသူမ်ားတြင္လည္း အျဖစ္မ်ားပါတယ္။

>>  ကုသနည္းေတြက -
●  ကေလးဆရာဝန္နဲ႔ အျမန္ဆုံး သြားျပသင့္ပါတယ္။
●  နားတြင္းသို႔ အစက္ခ်ရေသာေဆးမ်ား ထည့္ျခင္း၊ အကိုက္အခဲေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးေသာက္ျခင္းတို႔ျဖင့္ သက္သာေစပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)