ကလေးများနဲ့ နှလုံးရောဂါ
နှလုံးရောဂါဟာ လူကြီးတွေမှာသာ ဖြစ်ပေါ်နိုင်သော ရောဂါတစ်ခုလို့ လူတော်တော်များများ လက်ခံထားပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် နေထိုင်စားသောက်မှုပုံစံတွေကြောင့် ကလေးတွေမှာလည်း နှလုံးရောဂါ ဖြစ်ပေါ်နှုန်း မြင့်တက်လို့လာပါတယ်။ ဒါဆိုရင် သားသားမီးမီးလေးတွေ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့ ဘာတွေလိုက်နာသင့်လဲဆိုတာ လေ့လာရအောင်။
>> ကလေးတွေမှာ နှလုံးရောဂါ ဘာကြောင့်ဖြစ်ရသလဲ?
(၁) မွေးရာပါချို့ယွင်းမှုများ
ကလေးတွေမှာ အဖြစ်အများဆုံး နှလုံးရောဂါအမျိုးအစားဟာ မွေးရာပါ နှလုံးအပေါက်ပါခြင်းနဲ့ နှလုံးတွင်းရှိအခန်းများ ပုံမမှန်စွာ ဆက်သွယ်နေခြင်းစတဲ့ ပုံစံမမှန်သော မွေးရာပါချို့ယွင်းချက်များကြောင့် ဖြစ်ပါတယ်။
(၂) နှလုံးကြွက်သားပြဿနာ
အချို့ကလေးတွေမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်စေ၊ မျိုးရိုးကြောင့်ဖြစ်စေ နှလုံးကြွက်သားများ ကောင်းစွာ အလုပ်မလုပ်တတ်တဲ့ရောဂါ ဖြစ်ပေါ်တတ်ပါတယ်။
>> ဘယ်သူတွေမှာ အဖြစ်များလဲ?
မိဘမျိုးရိုးရှိသူများ၊ အဝလွန်နေသူများ၊ စိတ်ဖိစီးမှုရှိသူများ၊ ကိုလက်စထရောများနေသူများ၊ ကလေးသွေးတိုးရောဂါ ဖြစ်နေသူများတွင် အဖြစ်များတတ်တာ တွေ့ရပါတယ်။
>> ကျန်းမာရေးနဲ့ညီညွတ်သော စားသောက်ပုံကို ကျင့်သုံးခြင်း
အာဟာရဓာတ်များ ညီညွတ်မျှတအောင် ဖွဲ့စည်းထားသော စားသောက်ပုံကို လိုက်နာခြင်းဟာ ကျန်းမာတဲ့နှလုံးကို ပိုင်ဆိုင်စေပါတယ်။ ဒီစားသောက်ပုံမှာတော့ လိုအပ်တဲ့အာဟာရဓာတ်များအပြင် ပရိုတင်း၊ ကစီဓာတ်နဲ့ အဆီဓာတ်ကို အချိုးကျပါဝင်ပါတယ်။
Ceelin Plus 1

ကလေနှလုံးရောဂါကို ကာကွယ်ဖို့အတွက် သားသားမီးမီးလေးတွေကို အောက်ပါစားသောက်ပုံစံအတိုင်း ကျွေးမွေးနိုင်ပါတယ်။
● နေ့စဉ်အစားအစာတွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ အဓိကပါဝင်အောင် ကျွေးပါ။
● ငယ်စဉ်ကတည်းက အသက်ကြီးတဲ့အထိ ဆား စားသုံးမှုနည်းနိုင်သမျှ နည်းပါစေ။
● အစေ့အဆံများကို နေ့စဉ်စားပါ။
● အစာကို နည်းနည်းနဲ့ မကြာခဏစားပါ။
● ဆားနဲ့ ကိုလက်စထရော ပါဝင်မှုများတဲ့ အသင့်စားအစာနဲ့ သရေစာများကို ရှောင်ပါ။
● သကြားပါဝင်မှုများတဲ့ စည်သွပ်ဘူးများကို စားခြင်းမှ ရှောင်ပါ။
● လှုပ်ရှားတက်ကြွအောင် နေထိုင်ပါ။ တစ်ချိန်လုံး ဖုန်းသုံးနေခြင်း၊ တီဗီကြည့်နေခြင်းကြောင့် အဝလွန်ခြင်းနဲ့ နှလုံးရောဂါဖြစ်စေဖို့ အလားအလာများတဲ့အတွက် ကလေးများအား အားကစားပြုလုပ်စေခြင်း၊ အိမ်ပြင်ဘက် ထွက်ကစားခိုင်းခြင်း စတဲ့ လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်ခိုင်းသင့်ပါတယ်။
● စိတ်ဖိစီးမှုနည်းပါစေ။ ကလေးတွေမှာလည်း စိတ်ဖိစီးမှု အနည်းနဲ့အများ ရှိတတ်တာ သိပါသလား မေမေတို့ရေ။ ဒါကြောင့်မို့ သားသားမီးမီးလေးတွေကို အကောင်းမြင်တတ်ဖို့၊ စိတ်ကိုငြိမ်သက်အောင်ထားတတ်ဖို့ သင်ပြပေးသင့်ပါတယ်။ စိတ်ဖိစီးနေတဲ့အခါ မိဘသူငယ်ချင်းတွေကို တိုင်ပင်ဖို့၊ ဝါသနာပါရာ တစ်ခုခုလုပ်ဖို့နဲ့ ပြဿနာများကို ဖြေရှင်းဖို့တွေကိုလည်း အကြံပေးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Ceelin Plus 2

(Zawgyi)
ႏွလုံးေရာဂါဟာ လူႀကီးေတြမွာသာ ျဖစ္ေပၚႏိုင္ေသာ ေရာဂါတစ္ခုလို႔ လူေတာ္ေတာ္မ်ားမ်ား လက္ခံထားပါတယ္။ ဒါေပမဲ့ ယေန႔ေခတ္ ေနထိုင္စားေသာက္မႈပုံစံေတြေၾကာင့္ ကေလးေတြမွာလည္း ႏွလုံးေရာဂါ ျဖစ္ေပၚႏႈန္း ျမင့္တက္လို႔လာပါတယ္။ ဒါဆိုရင္ သားသားမီးမီးေလးေတြ ႏွလုံးေရာဂါျဖစ္ျခင္းမွ ကာကြယ္ႏိုင္ဖို႔ ဘာေတြလိုက္နာသင့္လဲဆိုတာ ေလ့လာရေအာင္။
>> ကေလးေတြမွာ ႏွလုံးေရာဂါ ဘာေၾကာင့္ျဖစ္ရသလဲ?
(၁) ေမြးရာပါခ်ိဳ႕ယြင္းမႈမ်ား
ကေလးေတြမွာ အျဖစ္အမ်ားဆုံး ႏွလုံးေရာဂါအမ်ိဳးအစားဟာ ေမြးရာပါ ႏွလုံးအေပါက္ပါျခင္းနဲ႔ ႏွလုံးတြင္းရွိအခန္းမ်ား ပုံမမွန္စြာ ဆက္သြယ္ေနျခင္းစတဲ့ ပုံစံမမွန္ေသာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္မ်ားေၾကာင့္ ျဖစ္ပါတယ္။
(၂) ႏွလုံးႂကြက္သားျပႆနာ
အခ်ိဳ႕ကေလးေတြမွာ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ေစ၊ မ်ိဳး႐ိုးေၾကာင့္ျဖစ္ေစ ႏွလုံးႂကြက္သားမ်ား ေကာင္းစြာ အလုပ္မလုပ္တတ္တဲ့ေရာဂါ ျဖစ္ေပၚတတ္ပါတယ္။
>> ဘယ္သူေတြမွာ အျဖစ္မ်ားလဲ?
မိဘမ်ိဳး႐ိုးရွိသူမ်ား၊ အဝလြန္ေနသူမ်ား၊ စိတ္ဖိစီးမႈရွိသူမ်ား၊ ကိုလက္စထေရာမ်ားေနသူမ်ား၊ ကေလးေသြးတိုးေရာဂါ ျဖစ္ေနသူမ်ားတြင္ အျဖစ္မ်ားတတ္တာ ေတြ႕ရပါတယ္။
>> က်န္းမာေရးနဲ႔ညီၫြတ္ေသာ စားေသာက္ပုံကို က်င့္သုံးျခင္း
အာဟာရဓာတ္မ်ား ညီၫြတ္မွ်တေအာင္ ဖြဲ႕စည္းထားေသာ စားေသာက္ပုံကို လိုက္နာျခင္းဟာ က်န္းမာတဲ့ႏွလုံးကို ပိုင္ဆိုင္ေစပါတယ္။ ဒီစားေသာက္ပုံမွာေတာ့ လိုအပ္တဲ့အာဟာရဓာတ္မ်ားအျပင္ ပ႐ိုတင္း၊ ကစီဓာတ္နဲ႔ အဆီဓာတ္ကို အခ်ိဳးက်ပါဝင္ပါတယ္။
ကေလႏွလုံးေရာဂါကို ကာကြယ္ဖို႔အတြက္ သားသားမီးမီးေလးေတြကို ေအာက္ပါစားေသာက္ပုံစံအတိုင္း ေကြၽးေမြးႏိုင္ပါတယ္။
● ေန႔စဥ္အစားအစာေတြမွာ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးမ်ား အဓိကပါဝင္ေအာင္ ေကြၽးပါ။
● ငယ္စဥ္ကတည္းက အသက္ႀကီးတဲ့အထိ ဆား စားသုံးမႈနည္းႏိုင္သမွ် နည္းပါေစ။
● အေစ့အဆံမ်ားကို ေန႔စဥ္စားပါ။
● အစာကို နည္းနည္းနဲ႔ မၾကာခဏစားပါ။
● ဆားနဲ႔ ကိုလက္စထေရာ ပါဝင္မႈမ်ားတဲ့ အသင့္စားအစာနဲ႔ သေရစာမ်ားကို ေရွာင္ပါ။
● သၾကားပါဝင္မႈမ်ားတဲ့ စည္သြပ္ဘူးမ်ားကို စားျခင္းမွ ေရွာင္ပါ။
● လႈပ္ရွားတက္ႂကြေအာင္ ေနထိုင္ပါ။ တစ္ခ်ိန္လုံး ဖုန္းသုံးေနျခင္း၊ တီဗီၾကည့္ေနျခင္းေၾကာင့္ အဝလြန္ျခင္းနဲ႔ ႏွလုံးေရာဂါျဖစ္ေစဖို႔ အလားအလာမ်ားတဲ့အတြက္ ကေလးမ်ားအား အားကစားျပဳလုပ္ေစျခင္း၊ အိမ္ျပင္ဘက္ ထြက္ကစားခိုင္းျခင္း စတဲ့ လႈပ္ရွားမႈမ်ားကို ေန႔စဥ္ျပဳလုပ္ခိုင္းသင့္ပါတယ္။
● စိတ္ဖိစီးမႈနည္းပါေစ။ ကေလးေတြမွာလည္း စိတ္ဖိစီးမႈ အနည္းနဲ႔အမ်ား ရွိတတ္တာ သိပါသလား ေမေမတို႔ေရ။ ဒါေၾကာင့္မို႔ သားသားမီးမီးေလးေတြကို အေကာင္းျမင္တတ္ဖို႔၊ စိတ္ကိုၿငိမ္သက္ေအာင္ထားတတ္ဖို႔ သင္ျပေပးသင့္ပါတယ္။ စိတ္ဖိစီးေနတဲ့အခါ မိဘသူငယ္ခ်င္းေတြကို တိုင္ပင္ဖို႔၊ ဝါသနာပါရာ တစ္ခုခုလုပ္ဖို႔နဲ႔ ျပႆနာမ်ားကို ေျဖရွင္းဖို႔ေတြကိုလည္း အႀကံေပးသင့္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























