/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနဲ့-အင်တာနက်အန္တရာယ်

ကလေးများနဲ့ အင်တာနက်အန္တရာယ်

Category
ကလေးများနှင့်ကျန်းမာရေး

        တကယ်တော့ အင်တာနက်ဆိုတာ လေ့လာစရာဗဟုသုတအဖြာဖြာပြည့်ကြပ်နေသလို အန္တရာယ်တွေလည်း မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့နေရာပါ။ ဒီလိုအကျိုးရော၊ အပြစ်ရောရောနေတဲ့ အင်တာနက်ကို သားသားမီးမီးတွေကို ဘယ်လိုပေးသုံးကြမလဲဆိုတဲ့ အကြံကောင်းလေးတွေပေးပါရစေ။

       ကွန်ပျုတာတွေ၊ လက်တော့တွေကို ဧည့်ခန်းလိုနေရာ၊ မိသားစုအခန်းလိုနေရာမှာ ချထားပေးပါ။

• ကလေးတွေ ကွန်ပျူတာသုံးတိုင်း လူကြီးတစ်ဦးဦး ဘေးကနေအမြဲစောင့်ကြည့်ပါ။

• သူသုံးပြီးတိုင်း Search History ကိုဖွင့်စစ်ပါ။

• ကွန်ပျူတာ၊ တက်ဘလက်၊ အိုင်ပက်ထဲမှာ မကြည့်သင့်တဲ့ ဗီဒီယိုတွေ Site တွေကို Block ထားတဲ့ Software ထည့်လို့ရပါတယ်။

• ကလေးတွေ အင်တာနက်သုံးတဲ့အချိန်ကိုကန့်သတ်ပါ။

• အင်တာနက်ကနေ ရရှိနိုင်တဲ့ အကျိုးအပြစ်တွေကို စိတ်ရှည်ရှည်ပြောပြပါ။ သူ့ကိုတခါတည်းနဲ့ နားလည်ဖို့ မမျှော်လင့်ပါနဲ့။ အချိန်ယူပါ။

• ပညာပေးဓာတ်ပုံတွေ၊ ကာတွန်းအရုပ်လေးတွေ၊ ဗီဒီယိုတွေ၊ ဟာသတွေ လာတတ်တဲ့ site တွေအပြင် စာဖတ်လို့ရတဲ့ site တွေ vocabulary games တွေကိုပါ ရှာဖွေပြသပေးပါ။

       အင်တာနက်သုံးခွင့်ပေးတာဟာ ကလေးတွေကို အသိပညာကြွယ်လာစေပြီး လက်ခံနိုင်စွမ်းတက်လာစေပေမယ့် ကွန်ပျုတာရှေ့မှာအချိန်ပြည့်ရှိနေခြင်းဖြင့်

• အဝလွန်တာ

• မျက်စိမှုန်တာ

• အညောင်းမိတာတွေ ဖြစ်နိုင်ပါသေးတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)