/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနဲ့-အရုပ်အန္တရာယ်

ကလေးများနဲ့ အရုပ်အန္တရာယ်

Category
ကလေးများနှင့်ကျန်းမာရေး

          က​လေးနဲ့အရုပ်​၊ က​လေးနဲ့အ​ဆော့ ခွဲခြားလို့မရနိုင်​ပါဘူး။ ကမ်ဘာ​ကျော်​ သိပ္ပံပညာရှင်​ကြီး အိုင်​းစတိုင်​း​ပြောခဲ့သလိုပဲ ​ဆော့ကစားခြင်​းဟာ အဆင်​့မြင့်ဆုံး ​လေလ့ာမှုပဲဖြစ်​ပါတယ်​။ ​ဆော့ကစားခြင်​းဟာ ​ဘေးပတ်​ဝန်​းကျင်​နဲ့ ထိ​တွေ့ဆက်​သွယ်​​စူးစမ်​း​နေတာပဲဖြစ်​ပါတယ်​။ က​လေး​တွေအတွက်​တီထွင်​ဖန်​တီးနိုင်​မ​ှုစွမ်​းအားကို အ​ကောင်​းဆုံးတိုးမြှင်​့​ပေးနိုင်​တဲ့ အရာလည်​း ဖြစ်​ပါတယ်​။ ဒါ​ကြောင်​့ ​ဆော့ကစားခြင်​းဟာ က​လေးဘဝမှာ အလိုအပ်​ဆုံးအရာပဲ ဖြစ်​ပါတယ်​။

          က​လေးဘဝမှာ အရုပ်​​တွေဟာ ကြီးမားတဲ့ တစ်​စိတ်​တစ်​ပိုင်းဖြစ်​ပါတယ်​။ ဒီလိုအ​ရေးပါတဲ့ အရုပ်​​တွေကို ဘာ​တွေနဲ့များလုပ်​ထားပါလိမ်​့လု့ိ ​တွေးထင်​မှတ်​ဖူးပါသလား။ စိတ်​မ​ကောင်​းစရာတစ်​ခုက တချို့အရုပ်​​တွေမှာပါဝင်​တဲ့ပစ္စည်​း​တွေဟာ က​လေး​တွေကျန်​းမာ​ရေးကို ထိခိုက်​​စေနိုင်​တယ်​ဆိုတာပါပဲ။

          က​လေး​သေး​သေး​လေး​တွေကို ကိုက်​ဝါးဖို့ ပလတ်​စတစ်​ချိုလိမ်​​တွေ၊ အရုပ်​​တွေ ဝယ်​​ပေး​လေ့ရှိကြပါတယ်​။ မိဘ​တွေ သတိမမူမိတာက​တော့ တချို့ ပလတ်​စတစ်​ချိုလိမ်​​တွေမှာ BPA, phthalates, PVC စတဲ့ဓာတုပစ္စည်​း​တွေ ပါဝင်​​နေတာပဲ ဖြစ်​ပါတယ်​။ ဒီဓာတုပစ္စည်းတွေမပါ၀င်တဲ့ ချိုလိမ်မျိုးကိုသာ ရွေးချယ်၀ယ်ယူဖို့လိုပါတယ်။

Ceelin Plus 1

          က​လေး​တွေခံစား​နေရတဲ့ ​ရောဂါ​တွေဟာ ဒီဓာတုပစ္စည်​း​တွေ သုံးစွဲခဲ့တာ​ကြောင်​့လည်​း ဖြစ်​နိုင်​ပါတယ်​။ ကိုယ်​ခံစွမ်​းအာ​းပုံမမှန်​​ရောဂါ​တွေ၊ ပန်​းနာရင်​ကျပ်​၊ ဓာတ်​မတည်​့ခြင်​း၊ ကင်​ဆာ​ရောဂါနဲ့ အသိဉာဏ်​ပညာချို့ယွင်​းခြင်​း၊ သင်​ယူ​လေ့လာနိုင်​မှု ချို့ယွင်​းခြင်​းစတဲ့ ​ရောဂါမျိုးစုံ ဖြစ်​​ပေါ်လာနိုင်​ပါတယ်​။ မျိုးပွား​​မှုဆိုင်​ရာ​ရောဂါများဖြစ်​တဲ့ ​မွေးရာပါချို့ယွင်​းမှုများ၊ ကိုယ်​လက်​အင်္ဂါမစုံလင်​မှုများ၊ က​လေးမရနိုင်​ခြင်​းများအထိ ဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ တစ်​ခါတစ်​ရံ အ​သေးအဖွဲလို့ထင်​တဲ့ ကိစ္စရပ်​​တွေက မသိလိုက်​ပဲ ပြဿ    နာကြီးကြီး ဖြစ်​သွားနိုင်​ပါတယ်​။

          ဒီလိုဆိုရင်​ ဘယ်​လိုအရုပ်​​တွေက ကျန်​းမာ​ရေးနဲ့ ညီညွတ်​သလဲ? သဘာဝပစ္စည်​း​တွေနဲ့ ဖန်​းတီးထားတဲ့အရုပ်​​တွေသာ အသုံးပြသင်​့ပါတယ်​။ သဘာဝချည်​၊ သဘာဝရာဘာ​တွေနဲ့ သစ်​သား​တွေကို အသုံးပြု ပြုလုပ်​ထားတဲ့ အရုပ်​​တွေကို အသုံးပြုသင်​့ပါတယ်​။ ဒီလိုသဘာဝပစ္စည်​း​တွေနဲ့ ပြုလုပ်ထားတဲ့အရုပ်​​တွေ ​ဈေးကွက်​မှာ ရှိ​နေပါပြီ။

Ceelin Plus 2

          ဒါ့အပြင်​ ​ဆေးသုတ်​တာနဲ့ ပတ်​သတ်​ပြီးလည်​း ပြဿနာရှိ​နေပါ​သေးတယ်​။ ​ဆေးထဲမှာပါတဲ့ ခဲဟာ ကျန်​းမာ​ရေးကို ဆိုးရွားစွာထိခိုက်​နိုင်​​ကြောင်​း သိကြပါတယ်​။ ဒါ​ကြောင့် ဆီ​ဆေးမသုံးပဲ ​ရေ​ဆေးသုံးထားတဲ့ ​အရုပ်​မျိုးဝယ်​​ပေးနိုင်​ပါတယ်​။ ဖြစ်​နိုင်​ရင်​ ​ဆေးမသုတ်​ပဲ သဘာဝအတိုင်​း လုပ်​ထားတဲ့ သစ်​သားအရုပ်​မျိုးနဲ့ ​ဆော့ကစား​စေပါ။ သဘာဝချည်​သားစစ်​စစ်​ကိုအသုံးပြုထားမထား၊ အထဲမှာထည်​့ထားတာ​တွေဟာလည်​း သဘာဝချည်​သား၊ မှိုသား​တွေဟုတ်​မဟုတ်​ကို ​သေချာစစ်​​ဆေးသင်​့ပါတယ်​။

          ဒါ့ကြောင့် အရုပ်​​တွေမဝယ်​မီမှာ အရုပ်​ကို ဘာ​တွေနဲ့ပြုလုပ်​ထားတယ်​၊ ဘာ​တွေပါတယ်ဆိုတာ​တွေကို ​သေချာဖတ်​ရှု ​လေလာ့ကြဖို့ တိုက်​တွန်​းလိုပါတယ်​။​

Dr. Mya Phoo Ngon (www.drmyanmar.com)