/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနဲ့-tv၊-ဖုန်း၊-ကွန်ပျူတာဂိမ်း

ကလေးများနဲ့ TV၊ ဖုန်း၊ ကွန်ပျူတာဂိမ်း

Category
ကလေးများနှင့်ကျန်းမာရေး

ဒီခေတ်ကြီးမှာ ကလေးတွေကို TV တွေ၊ ဖုန်းတွေ၊ ကွန်ပျူတာဂိမ်းတွေ မဆော့ဖို့၊ မကြည့်ဖို့ဆိုတာကို ပြောနိုင်ဖို့က မလွယ်ပါဘူး။ ကလေးတွေအတွက်လဲ လိုက်နာရခက်ပါတယ်။ ကျောင်းတက်အရွယ်ကလေးတွေဆိုရင် ပိုဆိုးပါတယ်။ သူငယ်ချင်းတွေ ဂိမ်းကစားနေတဲ့အချိန်မှာ သူ့ရဲ့စိတ်ထဲမှာလည်း သူများလို ကစားချင်စိတ်၊ ဖုန်းသုံးချင်စိတ်က ရှိနေမှာပါပဲ။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ရှောင်လွှဲလို့မရမယ့်အတူတူ လိုက်နာသင့်တဲ့အချက်လေးတွေကို သိရှိပြီး မိမိတို့ရဲ့ သားသားမီးမီးတွေကို မလျှော့မတင်း ကိုင်တွယ်ပေးသင့်ပါတယ်။

• TV၊ iPads နဲ့ ဖုန်းတွေကို ကလေးအိပ်ခန်းထဲမှာ လုံးဝမထားပါနဲ့။

• ထမင်းစားနေတုန်းမှာ ဘာမှ ပေးမကြည့်ပါနဲ့။

• ကလေးကို အိမ်စာလုပ်နေတုန်းစဉ်မှာ တီဗွီမကြည့်ပါစေနဲ့။

• TV၊ ဖုန်းကြည့်တာကို ခံစားခွင့်အနေနဲ့ပဲပေးပါ။ ကလေးတွေ ရကိုရသင့်တဲ့အခွင့်အရေးမဟုတ်ပါဘူး။ ကလေးကို အိမ်အလုပ်တွေနဲ့ အိမ်စာတွေပြီးမှသာ ကြည့်ခွင့်ပြုမယ်လို့ ပြောထားပါ။

Nutroplex 1

• ကြားရက်တွေမှာ အိမ်စာတွေ၊ အားကစားတွေနဲ့ အခြားအလုပ်တွေပဲလုပ်ပါစေ။ ကြည့်ချင်တဲ့ cartoon ကားတွေ၊ ဂိမ်းတွေကို သိမ်းထားပြီး စနေတနင်္ဂနွေမှပေးကြည့်စေခြင်းဖြင့် မိသားစုအတူနေချိန်၊ ဂိမ်းအတူကစားချိန်၊ အစာအတူစားချိန်နဲ့ ကိုယ်လက်လှုပ်ရှားချိန်တွေပိုရစေပါတယ်။

• မိဘတွေအနေနဲ့လည်း ကလေးရဲ့စံနမူနာဖြစ်စေဖို့အတွက် ကိုယ့်ရဲ့TV၊ ဖုန်း သုံးချိန်ကိုလည်း ကန့်သတ်ပါ။။

• TV အစီအစဉ်တွေကို သေချာစစ်ဆေးကြည့်ရှုပါ။ ဖွံ့ဖြိုးမှုဆိုင်ရာနဲ့ အခြားမိသားစုတန်ဖိုးထားမှုကိုတက်စေမယ့် အကြမ်းဖက်မှုတွေမပါတဲ့ အစီအစဉ်တွေဖြစ်တဲ့ မိသားစုအတူကြည့်လို့အဆင်ပြေမယ့် အစီအစဉ်ကိုသေချာရွေးကြည့်ပါ။။ စိတ်ဝင်စားမှု၊ ဝါသနာကိုလေ့လာနိုင်မှုနဲ့ ပညာရေးဆိုင်ရာ အစီအစဉ်တွေကိုကြည့်ပါ။

• ကလေးတွေနဲ့သင့်တော်မတော်သိဖို့အတွက် ကလေးတွေမကြည့်ခင်မှာ ကြည့်မယ့်အစီအစဉ်ကိုမိဘကအရင်ကြည့်ထားပါ။

• ကလေးနဲ့အတူ ဂိမ်းတွေ လိုက်ကစားပါ။

Nutroplex 2

• TV၊ ဖုန်း အစားထိုးအနေနဲ့ အခြားပျော်စေမယ့်နည်းလမ်းတွေကို ပြုလုပ်ပေးပါ။ ကလေးကို ဒါတွေမကြည့်ဘဲပိတ်စေချင်တယ်ဆိုရင် ကလေးပျော်စေမယ့် ကစားနည်းတွေ၊ အပြင်မှာထွက်ကစားတာမျိုးတွေ လုပ်ပေးပါ။

• ကလေးတွေနဲ့ သေချာစကားပြောပေးဖို့လည်းအရေးကြီးပါတယ်။  ကလေးတွေကြည့်ခဲ့တဲ့အစီအစဉ်တွေအကြောင်း ပြောပြခိုင်းပြီး ကိုယ့်ရဲ့ထင်မြင်ချက်၊ ယုံကြည်ချက်နဲ့ တန်ဖိုးထားမှုတွေကို မျှဝေပေးပါ။

• TV မှာ ကလေးကိုမပြသင့်တာတွေလာရင် ပိတ်လိုက်ပြီး ကလေးနဲ့စကားပြောနေလိုက်ပါ။

• တကယ်လို့ TV အစီအစဉ်ထဲမှာ အချို့သော လူတွေရဲ့ စရိုက်တွေက မကောင်းဘူး (သို့) တရားဥပဒေနဲ့မညီညွတ်ဘူးလို့ဆိုရင် လူအချင်းချင်းတရားမျှတစွာဆက်ဆံဖို့ ဘာကြောင့်အရေးကြီးကြောင်းသေချာပြောပြပေးပါ။

• စိတ်ရှုပ်စရာကောင်းတဲ့အခြေအနေတွေ၊ ပြောဖို့ခက်ခဲတဲ့အကြောင်းအရာတွေ ( လိင်မှုကိစ္စ၊ အချစ်၊ မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်သောက်ခြင်း၊ အလုပ်၊ အမူအကျင့်၊ မိသားစုဘဝ) စတာတွေကို အစီအစဉ်တွေ၊ ဂိမ်းတွေကနေ တဆင့်ပြောလို့ရပါတယ်။ ကလေးတွေကို TV၊ ဖုန်းမှာကြည့်ရတာတွေကို မေးခွန်းထုတ်တတ်ဖို့နဲ့သင်ယူတတ်ဖို့ သင်ကြားပေးပါ။

>>> ဖုန်းဂိမ်း၊ ကွန်ပြူတာဂိမ်းတွေနဲ့ပတ်သက်ရင် <<<

• အဆင့်သတ်မှတ်ချက်တွေကိုကြည့်ပါ။ ဂိမ်းတွေမှာ ကြမ်းတမ်းမှု၊ လိင်မှုဆိုင်ရာနဲ့ အခြားကလေးတွေနဲ့မသင့်တော်တဲ့အရာတွေအတွက် သတ်မှတ်ချက်တွေရှိပါတယ်။ အသက် ဘယ်အရွယ်အတွက်သင့်တော်တယ်၊ အရွယ်ရောက်သူများသာ စတဲ့သတ်မှတ်ချက်တွေကို သေချာကြည့်ပြီးမှ ကိုယ့်ကလေးကို ကစားခွင့်ပြုပါ။

• ဂိမ်းကို အရင်လေ့လာကြည့်ပါ။ ကလေးကို ဂိမ်းတစ်ခုကစားခွင့်မပြုခင်မှာ အဆင့်သတ်မှတ်ချက်တွေကို ကြည့်ရုံသာမက ဖြစ်နိုင်ရင် ကိုယ်တိုင်အရင်ကြည့်ဖို့၊ ကစားကြည့်ဖို့အရေးကြီးပါတယ်။ သူများသတ်မှတ်ထားတာနဲ့ ကိုယ့်ရဲ့သတ်မှတ်ချက်က ကွဲပြားနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)