ကလေးများနှင့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာများ တစ်နေ့တခြား များပြားလာတာနှင့်အမျှ လူကြီးတွေသာမက ကလေးတွေပါ ကူးစက်ခံရတာကိုလည်း တွေ့ရှိရပါတယ်။
ဒီဆောင်းပါးလေးမှာတော့ ကလေးများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိပါက ပြုလုပ်သင့်တဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
Ceelin 1

>> ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ကိုရိုနာဗိုင်းရပ်စ်လက္ခဏာများကတော့ -
● လည်ချောင်းနာခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းစတဲ့ အအေးမိခြင်းလက္ခဏာများ
● ချမ်းတုန်ခြင်း
● ကိုက်လက်နာကျင်ခြင်း
● ခေါင်းကိုက်ခြင်း
● အရသာနှင့်အနံ့ပျောက်ခြင်း
● ပျို့အန်ခြင်း
● ဝမ်းပျက်ခြင်း
● ပင်ပန်းနွမ်းနယ်ခြင်း
● ကလေးအချို့အနေနှင့် ကိုရိုနာဗိုင်းရပ်စ် ဝင်ပြီးနောက် ရက်သတ္တပတ်များစွာ ကြာမြင့်ပါက တစ်ကိုယ်လုံးတွင် ရောင်ရမ်းခြင်းဖြစ်စဉ်များ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကို Multisystem inflammatory syndrome in children (MIS-C) လို့ ခေါ်ပါတယ်။
Ceelin 2

>> ဒီလိုဖြစ်ပေါ်ပြီဆိုပါက -
ကလေးအနေနှင့် ဖျားခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း/ဝမ်းပျက်ခြင်း၊ ဇက်နာခြင်း၊ အနီပြင်များထွက်ခြင်း၊ မျက်စိနီခြင်း၊ အလွန်ပင်ပန်းခြင်း၊ နှုတ်ခမ်းများကွဲခြင်း၊ လက်နှင့်ခြေထောက်များရောင်ခြင်း၊ အကျိတ်များကြီးခြင်းတို့ကို ခံစားရနိုင်ပါတယ်။
မေမေတို့အနေနှင့် ရင်သွေးလေးတွေမှာ အဆိုပါလက္ခဏာတွေ ဖြစ်ပေါ်ပြီဆိုတာနှင့် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။ ကလေးအနီးတွင် လူကြီးတစ်ယောက်သာ ပြုစုစောင့်ရှောက်ပေးသင့်ပြီး ကျန်မိသားစုဝင်များအား ကလေးနှင့် ဝေးဝေးနေခိုင်းပါ။
အသက် ၂ နှစ်အထက်ကလေးများအား နှာခေါင်းစည်း ဝတ်ဆင်ပေးပါ။ ကလေးကို ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ အိမ်ရှိမိသားစုဝင်များကိုလည်း နှာခေါင်းစည်းတပ်ဆင်ခိုင်းခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်းတို့ မဖြစ်မနေပြုလုပ်ပါ။
ကလေး ချောင်းဆိုး/နှာချေတဲ့အခါ တံတောင်ကွေးဖြင့် အုပ်(သို့) တစ်ရှူးဖြင့် အုပ်စေဖို့ သင်ကြားပေးပါ။
ကလေးရဲ့အရုပ်များနှင့် အသုံးအဆောင်ပစ္စည်းများကို သန့်စင်အောင် ဆေးကြောခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ ပြုလုပ်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)