ကလေးများနှင့် ညဘက်အိပ်နေရင်း အသက်ရှူရပ်ရပ်သွားခြင်း
OSA (or) Obstructive Sleep Apnoea (ညဘက်အသက်ရှူ ရပ်ရပ်သွားတဲ့ရောဂါ) ဟာ လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးတွေမှာဖြစ်ခဲ့ရင် သင်ယူမှု၊ အမူအကျင့်၊ ကြီးထွားမှုနဲ့ နှလုံးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒီရောဂါဖြစ်နေတဲ့ကလေးတွေမှာ
♦ ဟောက်ခြင်း
♦ အသက်ရှူ ရပ်ရပ်သွားခြင်း
♦ အိပ်ရာထဲတစ်လူးလူးတစ်လိမ့်လိမ့်ဖြစ်နေခြင်း
♦ အိပ်နေချိန်ပါးစပ်နဲ့အသက်ရှူခြင်း
♦ ညဘက်ချွေးစေးပြန်ခြင်း စတဲ့လက္ခဏာတွေရှိနိုင်ပါတယ်။
အသက်၂နှစ်မှ၈နှစ်အတွင်းကလေးတွေရဲ့ ၁%မှ၅%ခန့်မှာ ဖြစ်တတ်တယ်လို့ သိရပြီး မကုသဘဲထားလိုက်ပါက နောက်ပိုင်းမှာ Attention Deficit Disorder လို့ခေါ်တဲ့ အာရုံစူးစိုက်လို့မရတဲ့အခြေအနေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ စာသင်ရခက်ခြင်း၊ အမူအကျင့်ပြဿနာများ၊ အိပ်ရာထဲဆီးပေါက်ချခြင်း၊ အဝလွန်ခြင်း၊ အိပ်နေရင်းလမ်းထလျောက်ခြင်းနဲ့ အခြားဟော်မုန်းနဲ့ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာပြဿနာတွေဟာ ဒီရောဂါလိုမျိုး အိပ်ချိန်မပြည့်တဲ့ရောဂါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။
>> အာသီးဖြတ်ခြင်း
ဆရာဝန်တွေနဲ့မိဘတွေ အလုပ်များတာကတော့ အာသီးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ အာသီးဖြတ်လိုက်ခြင်ဖြင့် အသက်ရှူ လမ်းကြောင်း ကျယ်သွားတယ်ဆိုပေမယ့် မေဟာက်တော့တာနဲ့ အာသီးဖြတ်လိုက်ခြင်းက OSA ရောဂါကို မပျောက်ကင်းစေတတ်ပါဘူး။
မိဘတွေအများဆုံးမေ့လျော့နေတတ်တဲ့ အကြောင်းရင်းတစ်ခုကတော့ အဝလွန်ခြင်းပဲဖြစ်ပါတယ်။ အစားအသောက်ထိန်းသိမ်းခြင်းနဲ့ ကိုယ်အလေးချိန်ချခြင်းတို့က ခွဲစိတ်မှုကို လျော့နည်းစေနိုင်ပါတယ်။
ဒါ့အပြင် အိပ်ရေးမဝတဲ့ကလေးတွေမှာ ကိုယ်အလေးချိန်ပိုတိုးနိုင်ပါတယ်။
>> ဘယ်လိုဖြေရှင်းကြမလဲ?
ကြာလာတဲ့အခါ အလေ့အကျင့်ဖြစ်လာပါတယ်။ ညတိုင်းညတိုင်း ကလေးအိပ်ရာဝင်သွားတယ်။ အိပ်ရမှာကြောက်လာတယ်။ ညနက်တဲ့အထိ အိပ်မပျော်ဘူး။ အမေအဖေအိပ်ရာထဲဝင်လာတယ်။ နောက်နေ့မှာ အိပ်ရေးမဝတော့ ဂျီကျပြီးအာရုံစူးစိုက်ရခက်လာတယ်။ ပင်ပန်းနွမ်းနယ်ပြီး ကျန်းမာရေးနဲ့မညီညွတ်တာတွေ ပိုပိုပြီးစားလာတယ်။ နောက်ဆုံး သံသရာလည်ပြီး OSA ပြန်ဖြစ်လာပါတယ်။
>> ဒါကိုဘယ်လိုဖြေရှင်းမလဲ?
အခြေအနေကိုပြန်လည်သုံးသပ်ပါ။ တစ်ခါတစ်လေ ညဘက်အိပ်မက်ဆိုးတွေမက်လို့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်၂ပတ်မကဘဲ လနဲ့ချီလာရင်တော့ ကလေးရဲ့ညအိပ်ပုံကို ပြန်လည်ဆန်းစစ်ပါ။
ကလေးအလိုလိုက်ခြင်းက အဖြေမဟုတ်ပါဘူး။ ပြဿနာရဲ့အရင်းအမြစ်ကို ရှာဖွေပါ။ ကလေးကိုအိပ်ပျော်စေနိုင်မယ့်ညအိပ်မီးလုံးလေးဝယ်ပေးပါ။
ကလေးဆရာဝန်နဲ့ တိုင်ပင်ပါ။ ကလေးအိပ်ပုံကို သေချာရေးမှတ်ထားပြီး ဆရာဝန်ကိုပြောပြပါ။
♦ ပထမဆုံးအနေနဲ့ ကလေးမအိပ်ခင် ကြောက်စရာရုပ်ရှင်တွေကြည့်သလား၊ အအေးမိပြီးနိုးလာတာလား၊ မိဘတွေကအလိုလိုက်ပြီး အတူအိပ်ခိုင်းလု့ိများလား၊ ဟောက်ရောဟောက်တတ်လား စသည်ဖြင့် နေ့စဉ်နေ့တိုင်း ကလေးရဲ့အိပ်ချိန်အလေ့အကျင့်ကို သေချာမှတ်သားထားပါ။
♦ ဒုတိယအနေနဲ့ ကလေးဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်မေးမြန်းသမျှဖြေပြီး ဓာတ်မတည့်ခြင်းများအတွက် ေရငွေ့ပေးစက်၊ လေသန့်စင်စက်၊ နှာဖြန်းဆေးတွေ ဝယ်ပေးပါ။
(Unicode)






























