ကလေးများနှင့် သွေးတိုးရောဂါ
လူကြီးတွေမှာတင် မဟုတ်ဘဲ ကလေးငယ်လေးတွေမှာပါ သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။ အသက် ၆ နှစ်အောက် ကလေးငယ်တွေမှာ သွေးတိုးတာက ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ၆ နှစ်အထက် ကလေးများမှာ သွေးတိုးတာကတော့ လူကြီးတွေမှာ သွေးတိုးဖြစ်စေတဲ့ အကြောင်းရင်းတွေအတိုင်း အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့ အငန်ဓာတ်အစားများခြင်းတို့ကြောင့် ဖြစ်ပါတယ်။
>> ဘယ်လို ရောဂါလက္ခဏာတွေပြနိုင်သလဲ?
သာမန်သွေးတိုးတာက ကြီးကြီးမားမား လက္ခဏာမပြပေမယ့် အောက်ပါလက္ခဏာတွေ ပေါ်လာရင်တော့ အသက်အန္တရာယ်ကို စိုးရိမ်ရတာကြောင့် ဆရာ၀န်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။
● ခေါင်းကိုက်ခြင်း
● တက်ခြင်း
● အန်ခြင်း
● ရင်ဘတ်အောင့်ခြင်း
● နှလုံးတုန်ခြင်း
● အသက်ရှူမ၀ခြင်း
ကလေးအသက် ၃ နှစ်က စတင်ပြီး ပုံမှန်သွေးပေါင်ချိန်တိုင်းဖို့ လိုအပ်ပါတယ်။ အ၀လွန်နေရင်လည်း ကိုယ်အလေးခိျန်ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခိုင်းခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ မွေးရာပါ နှလုံးရောဂါရှင်လေးတွေနဲ့ ကျောက်ကပ်ေ၀ဒနာရှင် ကလေးတွေအနေဖြင့် စနစ်တကျ ဆေးကုသမှုခံယူသင့်ပါတယ်။
I. ပင်ကိုယ်သွေးတိုးခြင်း (Primary Hypertension)
အကြောင်းရင်းမရှှိဘဲ သူ့အလိုလို သွေးတိုးခြင်းကို ဆိုလိုပါသည်။ အသက် ၆ နှစ်အထက် ကလေးများတွင် ပိုမိုဖြစ်လေ့ရှိပါသည်။
● ရှိသင့်သော ကိုယ်အလေးချိန်ထက် များနေခြင်း၊ အ၀လွန်ခြင်း။
● မျိုးရိုးရှိခြင်း
● အမျိုးအစား (၂) ဆီးချိုရောဂါရှိခြင်း
● ကိုလက်စထရောများခြင်း
● ဆား လွန်ကဲစွာစားခြင်း
● ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
● ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးလိပ်သောက်သူနှင့် နီးကပ်စွာနေခြင်း
● ယောကျ်ားလေးများတွင် ပိုမိုအဖြစ်များတတ်ပါတယ်။
Nutroplex 1
II. ရောဂါတစ်မျိုးမျိုးကြောင့် သွေးတိုးခြင်း (Secondary Hypertension)
အသက် ၆ နှစ်အောက် ကလေးငယ်များတွင် ရောဂါတစ်မျိုးမျိုးရှိခြင်းကြောင့် သွေးတိုးခြင်း အဖြစ်များပါတယ်။
● နာတာရှည်ကျောက်ကပ်ရောဂါ
● နှလုံးသွေးကြောမကြီး ကျဉ်းခြင်း
● အဒရီနယ်ဂလင်းနှင့် ပတ်သက်သောရောဂါများ
● သိုင်းရွိုက်ဟိုမုန်းများသောရောဂါ
● ကျောက်ကပ်သွေးကြောကျဉ်းရောဂါ
● အိပ်စက်ခြင်းဆိုင်ရာရောဂါများ (ဥပမာ - ညအိပ်ပျော်နေစဉ် အသက်ရှူပိတ်ခြင်း)
● စတီးရွိုက်ဆေးများ သောက်နေခြင်း
● ဆေးရွက်ကြီး သုံးစွဲခြင်း
>> နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ?
ကလေးဘ၀ကတည်းက သွေးတိုးလေ့ရှိသူများအနေနဲ့ စနစ်တကျ ကုသခြင်းမရှိပါက အရွယ်ရောက်တဲ့အခါမှာလည်း သွေးတိုးရောဂါ ဆက်လက်ရှိနေမှာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့
● လေဖြတ်ခြင်း
● နှလုံးသွေးကြောကျဉ်းခြင်း
● နှလုံးအားနည်းခြင်း
● ကျောက်ကပ်ရောဂါ စသည့် နာတာရှည်ရောဂါများကို ခံစားရနိုင်ခြေ ရှိပါတယ်။
>> ဘယ်လို ကာကွယ်လို့ရမလဲ?
ကလေးငယ်လေးတွေကို သွေးတိုးရောဂါ မဖြစ်အောင် ငယ်စဉ်ကတည်းက ကာကွယ်နိုင်ပါတယ်။
1. ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုပုံစံကို မွေးမြူသင့်ပါတယ်။
2. မုန့်အချိုများနှင့် ဆားများ လွန်ကဲစွာအသုံးပြုခြင်း၊ ၀က်ဆီ၊ အမဲဆီများ ကျွေးခြင်းကို ရှောင်ကြဉ်ပါ။
3. ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ခိုင်းပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Nutroplex 2
(Unicode)
>> ဘယျလို ရောဂါလက်ခဏာတှပွေနိုငျသလဲ?






























