/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများအတွက်-ဖန်သားပြင်ကြည့်ချိန်-ထုတ်ပြန်ကြေငြာချက်

ကလေးများအတွက် ဖန်သားပြင်ကြည့်ချိန် ထုတ်ပြန်ကြေငြာချက်

Category
ကလေးများနှင့်ကျန်းမာရေး

          တီဗွီ၊ ဗွီဒီယိုဂိမ်းနဲ့ အင်တာနက်တွေက ပညာရေး၊ ဖျော်ဖြေရေးစတာတွေအတွက် အရမ်းကောင်းတဲ့ အရင်းအမြစ်ဖြစ်ပေမယ့် ကလေးတွေမှာ ဖန်သားပြင်တွေကို ကြည့်တဲ့အချိန်အရမ်းများပါက ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ ကလေးတွေ တီဗွီကြည့်ချိန်၊ ဗွီဒီယိုဂိမ်းကစားချိန်နဲ့ အင်တာနက်အသုံးပြုချိန်တွေကို ကန့်သတ်ကြဖို့လိုပါတယ်။

Nutroplex 1

          အမေရိကန်ကလေးများဆိုင်ရာအဖွဲ့က ကလေးတွေအတွက် ဖန်သားပြင်ကြည့်ချိန် လမ်းညွှန်ချက်ကို ထုတ်ပေးထားပါတယ်။

• ကလေး အသက် ၁၈ လအထိ - မိသားစု၊ အသိမိတ်ဆွေတွေနဲ့ ဗွီဒီယိုကနေစကားပြောတာကလွဲပြီး ဖန်သားပြင်ကိုလုံးဝပေးမကြည့်ရပါဘူး။

• အသက် ၁၈-၂၄ လအထိတွားသွားအရွယ်ကလေးငယ်များ - မိဘ (သို့) ကလေးထိန်းနဲ့အတူ ခဏပေးကြည့်လို့ရပါတယ်။

Nutroplex 2

• မူကြိုအရွယ်ကလေးငယ်များ - ပညာပေးအစီအစဉ်တွေကို အစီအစဉ်အကြောင်းရှင်းပြပေးနိုင်တဲ့ မိဘ (သို့) ကလေးထိန်းနဲ့အတူ ကြည့်လို့၇ပါတယ်။ တစ်နေ့တစ်နာရီထက် ပိုမကြည့်ရပါဘူး။

• အသက် ၅-၁၈ နှစ်အထိ ကလေးများနှင့် ဆယ်ကျော်သက်များ - TV, လူမှုရေးကွန်ယက်၊ ဗွီဒီယိုဂိမ်းအပါအဝင် ဖန်သားပြင်ကြည့်ရှုမှုကို တသတ်မတ်တည်းကန့်သတ်ထားရပါမယ်။ ဒါတွေကြောင့် အိပ်ရေးပျက်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာတွေမဖြစ်ပါစေနဲ့။

ကလေးတွေမှာ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းတာ၊ အားကစားလုပ်တာ စတဲ့အားလပ်ချိန်မှာလုပ်တဲ့အရာတွေမျိုးစုံရှိနေမှသာ ကိုယ်ရောစိတ်ပါကျန်းမာစေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)