/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများအတွက်-မနက်စာ

ကလေးများအတွက် မနက်စာ

Category
ကလေးများနှင့်ကျန်းမာရေး

တစ်နေ့တာအတွက် အရေးကြီးဆုံးက မနက်စာဆိုပြီးပြောတာကို ကြားဖူးကြမှာပါ။ မနက်စာဟာ ဘာလို့အရေးကြီးရတာလဲ။ ညဘက်ဆိုရင် လူကသာ အိပ်စက်နေပေမယ့် ခန္ဓာကိုယ်ကတော့ အလုပ်လုပ်နေရတာကြောင့် စွမ်းအင်ကုန်ပါတယ်။ ကုန်နေတဲ့စွမ်းအင်ကို မနက်ဘက်မှာ ပြန်မဖြည့်ဘဲ တစ်နေကုန် အလုပ်လုပ်မယ်ဆိုရင် ဆီမရှိတဲ့ကားကို မောင်းနေတာနဲ့ တူပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့စွမ်းအင်လောင်စာကို ရဖို့အတွက် မနက်စာစားပေးဖို့ လိုအပ်ရတာပါ။

>>  ကလေးတွေ မနက်စာမစားရင် ဘာတွေဖြစ်လာနိုင်သလဲ?
မနက်စာမစားရင် ဦးနှောက်ကသုံးစွဲဖို့ စွမ်းအင်မရှိတာကြောင့် ကျောင်းစာတွေမှာ အာရုံမစိုက်နိုင်သလို တစ်နေ့တာလုံး ကယ်လိုရီများတဲ့ အစားအသောက်တွေ စားမိနိုင်တာကြောင့် ကိုယ်အလေးချိန်တက်လာတာ၊ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။

Nutrilin IA 1

>>  ကလေးတွေကို မနက်စာ ဘာတွေကျွေးသင့်သလဲ?
အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ အသားအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ မျှမျှတတ ပါဝင်အောင် ကျွေးပေးပါ။ ဘယ်လိုမျိုးလေးတွေ လုပ်ကျွေးမလဲဆိုတဲ့ အိုင်ဒီယာတချို့ကို ဖော်ပြပေးထားပါတယ်။
●  ကြက်ဥကြော်၊ ဒါမှမဟုတ် ကြက်ဥပြုတ်လိုမျိုး လွယ်ကူရိုးရှင်းတာလေးတွေပဲ ကျွေးကြမလား။
●  ပေါင်မုန့်မီးကင်၊ ဒါမှမဟုတ် ဝေဖာလေးတွေ လုပ်ကျွေးလို့ရသလို ဂျုံချော (သို့) ဂျုံကြမ်းနဲ့လုပ်တဲ့ ပန်ကိတ်လေးတွေ၊ ဒိုးနတ်လေးတွေနဲ့ muffin လေးတွေပဲ ကျွေးကြမလား။ ပေါင်မုန့်အချောဟာ ကယ်လိုရီတက်လို့ အမြဲမကျွေးချင်ဘူးဆိုရင် တစ်ခါတလေမှာ ပေါင်မုန့်ညိုကို မီးကင်ပြီး ကျွေးပေးလို့လည်း ရပါတယ်။
●  ဒါ့အပြင် အသားညှပ်ပေါင်မုန့်လေးတွေ၊ အသီးလေးတွေ ညှပ်ထားတဲ့ပေါင်မုန့်လေးတွေ ကျွေးလို့လည်း ရပါသေးတယ်။
●  Cereal ကို နွားနို့နဲ့စိမ်ပြီး ကျွေးလို့ရသလို ကွေကာအုတ်နဲ့ အသီးခြောက်၊ အခွံမာသီးလေးတွေ ရောကျွေးလို့လည်း ရပါသေးတယ်။
●  ဒိန်ချဉ်ကို အသီးလေးတွေ၊ အခွံမာသီးလေးတွေနဲ့ ရောကျွေးလို့ရသလို စတော်ဘယ်ရီစမူတီလိုမျိုး သဘာဝသစ်သီးဖျော်ရည်လေးတွေကိုလည်း မနက်စာအနေနဲ့ တိုက်လို့ရပါသေးတယ်။

Nutrilin IA 2

>>  ကလေးတွေ မနက်စာမလွတ်အောင် ဘယ်လိုစီစဉ်ပေးသင့်သလဲ?
တချို့ကလေးတွေက အိပ်ရာထနောက်ကျတာနဲ့ပဲ ကျောင်းချိန်မမှီလို့ မနက်စာလွတ်တာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုကလေးတွေ ရှိတယ်ဆိုရင်တော့ မေမေတို့အနေနဲ့ ကလေးတွေ အလွယ်တကူ စားသောက်လို့ရတဲ့ မနက်စာလေးတွေကို ညကတည်းက ပြင်ဆင်ထားပေးဖို့ လိုပါလိမ့်မယ်။ ရေခဲသေတ္တာထဲမှာ ဒိန်ချဉ်ဘူးလေးတွေနဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးတွေ အမြဲရှိနေပါစေ။ သကြားပါဝင်မှုနည်းတဲ့ cereal လေးတွေ၊ muffin လေးတွေကိုလည်း တစ်ခါစားစာ ပြင်ဆင်ပေးထားဖို့ မမေ့ကြပါနဲ့နော်။

Dr. Aye Hsu Mon (www.drmyanmar.com)