/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများ-ပါရာစီတမောအလွန်အကျွံသောက်မိရင်-ဘာဖြစ်တတ်သလဲ

ကလေးများ ပါရာစီတမောအလွန်အကျွံသောက်မိရင် ဘာဖြစ်တတ်သလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          ပါရာစီတမောလို့ခေါ်တဲ့ အစီတမီနိုဖန်ကို များစွာသောက်သုံးမိပါက အသည်းမှကောင်းစွာ မချေဖျက်နိုင်တော့ဘဲ အသက်အန္တရယ်ကိုထိခိုက်နိုင်တဲ့ အသည်းပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။

          ပုံမှန်ဆေးပမာဏထက်ပို၍ သောက်သုံးမိသည်ဟုအထင်ရှိပါက (သို့) ကနဦးရောဂါ လက္ခဏာတွေဖြစ်တဲ့ အန်ခြင်း၊ ပျို့ခြင်း၊ နုံ့ချိခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကို 24 နာရီအတွင်း ခံစားရပါက အရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်သင့်ပါတယ်။ ဖြစ်နိုင်ပါက ၎င်းဆေးတွေပါဝင်တဲ့ အစီတမီနိုဖန်ပမာဏ (သို့) ပြင်းအားကို မှတ်သားထားပါက ကလေးငယ်ကို စမ်းသပ်စစ်ဆေးရာတွင် ပိုမိုအထောက်အကူပေးနိုင်ပါတယ်။

          ဆေးရုံရောက်ပါက ကလေး၏သွေးတွင်းရှိ အစီတမီနိုဖန်ပမာဏကို တိုင်းတာ၍ အဆိပ်သင့်ခြင်း ရှိ/မရှိကို ဆုံးဖြတ်ပါလိမ့်မယ်။ လိုအပ်ပါက ဆေးသောက်ပြီး 8 နာရီမှ 10 နာရီအတွင်း အဆိပ်ဖြေဆေးပေး၍ အစီတမီနိုဖန်၏ ဆိုးကျိုးများကိုသက်သာစေနိုင်ပါတယ်။

ကာကွယ်ရန်နည်းလမ်းများ

        ကလေးငယ်ကို အစီတမီနိုဖန်မတိုက်ကျေွးမီ လို၏မလို၏ကိုဦးစွာစဉ်းစားပါ။

-   ဆေးညွှန်းအတိုင်း ကလေးငယ်ရဲ့ကိုယ်အလေးချိန်ပေါ်မူတည်၍ ဆေးပမာဏကိုချိန်ဆပါ။

- ဆေးဝယ်စဉ် အတူပါလာသော ချင်ခွက်ဖြင့်သာတိုင်းတာ၍ ဆေးကိုတိုက်ကျေွးပါ။ အိမ်တွင်အသုံးပြုသော ဇွန်းများဖြင့် တိုင်းတာခြင်းသည် အတိအကျမမှန်နိုင်ပေ။

- အစီတမီနိုဖန်ပါသော အခြားဆေးများကိုသောက်သုံးနေပါက ထပ်မံ မတို်က်ကျေွးသင့်ပါ။

- လူကြီးအတွက်ထုတ်လုပ်သော အစီတမီနိုဖန်ကို ကလေးငယ်ကို မတိုက်ကျေွးသင့်ပါ။

- ကလေးများအလှမ်းမမှီသောနေရာတွင် သေချာစွာသိမ်းဆည်းပါ။

          အစီတမီနိုဖန်ကို သတိထား၍ အသုံးပြုခြင်းအပြင် မတော်တဆဆေးပမာဏ လွန်ကဲစွာသောက်သုံးမိပါက ချက်ချင်းကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com