/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများ-အနာဂတ်ကောင်းမွန်ရေး-အလေ့အထကောင်းများ-မွေးမြူပေး

ကလေးများ အနာဂတ်ကောင်းမွန်ရေး အလေ့အထကောင်းများ မွေးမြူပေး

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးများကို နုနယ်စဉ်အချိန်ကပင် ကောင်းသောအလေ့အကျင့်များနဲ့ စနစ်တကျ ပျိုးထောင်ပါမှ ကြီးပြင်းသောအချိန်တွင် လူတော်လူကောင်းလေးများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ မိမိရင်သွေးလေးများကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

 

(၁)    ကလေးများအတွက် ကိုယ်က စံပြဖြစ်ပါစေ။

          အမြဲတမ်း perfect ဖြစ်နေဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ မိဘတွေကို သားသမီးတွေက အမြဲလေ့လာ အတုယူနေတာမို့ သူတို့ရှေ့မှာ မိမိက စံပြဖြစ်အောင် နေထိုင်ဖို့ လိုပါတယ်။

 

(၂)     အကောင်းမြင်ပါ။

          ကလေးတွေကို အဆိုးဘက်က ေ၀ဖန်မယ့်အစား အပြုသဘောဆောင်သော ဆုံးမမှုမျိုးနဲ့သာ ဆုံးမပါ။ ကလေးရဲ့ လုပ်ဆောင်ချက်များ မှန်ကန်ပါက ချီးကျူးပေးဖို့ မမေ့ပါနဲ့။

 

(၃)     မိသားစုလိုက် လှုပ်ရှားမှုများ ပြုလုပ်ပါ။

          ပျော်ပွဲစားထွက်ခြင်း၊ ရေသွားကူးခြင်း၊ ကစားကွင်းသွားခြင်း စသည်ဖြင့် အားလပ်ရက်တွင် မိသားစုလိုက် ပြုလုပ်နိုင်တဲ့ activities များကို ပြုလုပ်ပါ။

 

(၄)    လက်တွေ့ဆန်ပါ။

          အလေ့အထကောင်းများကို မွေးမြူရာတွင် လက်တွေ့ဆန်ဖို့ လိုအပ်ပါတယ်။ စာတွေ့အတိုင်း သွားခြင်းထက် လက်တွေ့တွင် ဖြစ်နိုင်သော အလေ့အထများကိုသာ စတင်သင့်ပါတယ်။

 

(၅)     ကလေးများကို ဖုန်း၊ တီဗီ၊ တက်ဘလက်များ ကြည့်ချိန်ကို ကန့်သတ်ပါ။

          တစ်နေ့ကို ၂ နာရီထက်ပိုပြီး တီဗီကြည့်စေခြင်း၊ ဖုန်းပြခြင်းကို ရှေုာင်ကြဉ်သင့်ပါတယ်။

(၆)    နှစ်သက်ရာ လှုပ်ရှားမှုများကို ပြုလုပ်ဖို့ အားပေးပါ။

          ကလေးတစ်ဦးချင်းရဲ့ ဝါသနာပေါ် မူတည်ပြီး သူတို့နှစ်ခြိုက်ရာကိစ္စများကို ပြုလုပ်နိုင်ဖို့ မိဘများက ပံ့ပိုးပေးသင့်ပါတယ်။ မိမိသဘောကျသော လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတိုးတက်လာမှာ အမှန်ပါပဲ။

 

(၇)     ဆုချပါ။

          အောင်မြင်မှု တစ်ခုစီတိုင်းအတွက် ဆုပေးတဲ့စနစ်ကို အသုံးပြုကြည့်ပါ။

 

(၈)     မိသားစုနဲ့ ညတိုင်း ဒင်နာတူတူစားပါ။

          မိသားစုအတွက် ပိုမိုနွေးထွေးစေတဲ့အပြင် ကလေးတွေရဲ့ တိုးတက်မှုများကိုလည်း နေ့စဉ်လေ့လာဖို့ အခွင့်အရေးရစေပါတယ်။

 

(၉)     အာဟာပြည့်၀သောအစာများကို ကျွေးမွေးပါ။

          အသင့်စား အစားအသောက်များ၊ ခေါက်ဆွဲခြောက်ပြုတ်များကို မကြာခဏ ကျွေးမယ့်အစား အိမ်မှပဲ အာဟာရပြည့်၀အောင် ချက်ပြုတ်ကျွေးမွေးပါ။

 

(၁၀)   ကလေးကျန်းမာရေးအတွက် အသင့်ရှိပါစေ။

          အသက်အရွက်အလိုက် ရှိသင့်သော ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခြင်း၊ ကလေး နေမကောင်းဖြစ်ပါက ဆရာ၀န်ထံ ပြသခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပေးသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

(Unicode)











