ကလေးများ အာသီးရောင်သောအခါ
အာသီးဆိုတာ အာခေါင်ရဲ့နောက်နားကျကျမှာရှိတဲ့ glands (အဖုအကျိတ်များ) ပဲ ဖြစ်ပါတယ်။ အာသီးတွေဟာ ခံတွင်းထဲကိုဝင်လာတဲ့ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့အစွမ်း ရှိကြပါတယ်။ အာသီးရောင်ခြင်းဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။
>> အာသီးရောင်သည့် လက္ခဏာများ
● လည်ပင်းနာခြင်း
● မျိုချရန်ခက်ခဲခြင်း
● မေးရိုးအောက်တစ်ဝိုက် အကျိတ်များပေါ်ပြီးနာခြင်း
● နားထဲတွင်နာခြင်း
● ကိုယ်ပူခြင်း
● ခံတွင်းနံ့မကောင်းခြင်း
● အစားအသောက်ပျက်ခြင်း
● နုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ?
● အသက်ရှူရခက်လျှင် (အိပ်လျှင် ဟောက်သံကျယ်ကျယ်လာလျှင်)
● မျိုချရခက်လျှင်
● ပါးစပ်ဟဖို့ ခက်ခဲနေလျှင်
● ရေဓာတ်ဆုံးရှုံးနေလျှင်
● အဆစ်ရောင်ရောဂါရှိလျှင်
● အာသီးပြည်တည်နာနဲ့ ပြင်းပြင်းထန်ထန် ဖျားနာလျှင်
(အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတဲ့အတွက် ပိုးသတ်ဆေးမလိုတတ်ပါဘူး။ ရောင်ရမ်းမှုကြောင့် မျိုချရခက်နေရင် အရောင်ကျဆေးပေးတတ်ပါတယ်။)
Biogesic for kids IA 1
>> အိမ်တွင်ပြုလုပ်ပေးရန်
● ကောင်းစွာအနားပေးပါ။
● ပါရာစီတမောပါတဲ့ ဆေးဝါးများ တိုက်လို့ရပါတယ်။
● အရည်များများတိုက်ပါ။
● ပျော့ပျောင်းတဲ့ အစားအသောက်တွေကို ကျွေးပါ။
>> ကာကွယ်နည်း
● တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
● တစ်ကိုယ်ရည်သုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
● လက်မှန်မှန်ဆေးပါ။
● ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးထဲသို့ မျက်နှာကိုအုပ်ပြီး ဆိုးပါ။
● လက်ကိုင်ပဝါအစား တစ်ခါသုံးတစ်ရှူးကို သုံးပြီး စနစ်တကျ လွှင့်ပစ်ပါ။ ပြီးလျှင် လက်ပြန်ဆေးပါ။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
အာသီးဆိုတာ အာေခါင္ရဲ႕ေနာက္နားက်က်မွာရွိတဲ့ glands (အဖုအက်ိတ္မ်ား) ပဲ ျဖစ္ပါတယ္။ အာသီးေတြဟာ ခံတြင္းထဲကိုဝင္လာတဲ့ပိုးမႊားေတြကို တိုက္ထုတ္ေပးႏိုင္တဲ့အစြမ္း ရွိၾကပါတယ္။ အာသီးေရာင္ျခင္းဟာ အသက္အရြယ္မေရြး ျဖစ္တတ္ပါတယ္။
>> အာသီးေရာင္သည့္ လကၡဏာမ်ား
● လည္ပင္းနာျခင္း
● မ်ိဳခ်ရန္ခက္ခဲျခင္း
● ေမး႐ိုးေအာက္တစ္ဝိုက္ အက်ိတ္မ်ားေပၚၿပီးနာျခင္း
● နားထဲတြင္နာျခင္း
● ကိုယ္ပူျခင္း
● ခံတြင္းနံ႔မေကာင္းျခင္း
● အစားအေသာက္ပ်က္ျခင္း
● ႏုံးခ်ိျခင္း၊ ေခါင္းကိုက္ျခင္း၊ ဗိုက္နာျခင္း
စသည္တို႔ ခံစားရႏိုင္ပါတယ္။
>> ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ ျပသရမလဲ?
● အသက္ရႉရခက္လွ်င္ (အိပ္လွ်င္ ေဟာက္သံက်ယ္က်ယ္လာလွ်င္)
● မ်ိဳခ်ရခက္လွ်င္
● ပါးစပ္ဟဖို႔ ခက္ခဲေနလွ်င္
● ေရဓာတ္ဆုံးရႈံးေနလွ်င္
● အဆစ္ေရာင္ေရာဂါရွိလွ်င္
● အာသီးျပည္တည္နာနဲ႔ ျပင္းျပင္းထန္ထန္ ဖ်ားနာလွ်င္
(အမ်ားအားျဖင့္ ဗိုင္းရပ္စ္ပိုးေၾကာင့္ အျဖစ္မ်ားတဲ့အတြက္ ပိုးသတ္ေဆးမလိုတတ္ပါဘူး။ ေရာင္ရမ္းမႈေၾကာင့္ မ်ိဳခ်ရခက္ေနရင္ အေရာင္က်ေဆးေပးတတ္ပါတယ္။)
>> အိမ္တြင္ျပဳလုပ္ေပးရန္
● ေကာင္းစြာအနားေပးပါ။
● ပါရာစီတေမာပါတဲ့ ေဆးဝါးမ်ား တိုက္လို႔ရပါတယ္။
● အရည္မ်ားမ်ားတိုက္ပါ။
● ေပ်ာ့ေပ်ာင္းတဲ့ အစားအေသာက္ေတြကို ေကြၽးပါ။
>> ကာကြယ္နည္း
● တစ္ကိုယ္ရည္သန႔္ရွင္းေရးကို ဂ႐ုစိုက္ပါ။
● တစ္ကိုယ္ရည္သုံးပစၥည္းမ်ားကို မွ်ေဝသုံးစြဲျခင္းမွ ေရွာင္ၾကဥ္ပါ။
● လက္မွန္မွန္ေဆးပါ။
● ေခ်ာင္းဆိုး၊ ႏွာေခ်လွ်င္ တံေတာင္ဆစ္ေကြးထဲသို႔ မ်က္ႏွာကိုအုပ္ၿပီး ဆိုးပါ။
● လက္ကိုင္ပဝါအစား တစ္ခါသုံးတစ္ရႉးကို သုံးၿပီး စနစ္တက် လႊင့္ပစ္ပါ။ ၿပီးလွ်င္ လက္ျပန္ေဆးပါ။
ေဒါက္တာေနလြင္ထူး (www.drmyanmar.com)






























