ကလေးမှာ တုပ်ကွေးမိနေပြီဆိုရင်
● ကလေးကို သက်သောင့်သက်သာရှိအောင် ထားပါ။ အရည်များများတိုက်ပြီး အာဟာရရှိတာလေးတွေကို နည်းနည်းချင်းစီ ကျွေးပါ။
● ဖျားနေရင် အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ပေးပါ။ အခန်းအပူချိန်ကို ၂၀°C ဝန်းကျင်မှာ ထားပေးပါ။
● နာတာ ကိုက်တာ ခဲတာ၊ ၃၈.၅°C ထက် ဖျားတာတွေ သက်သာစေဖို့ ပါရာစီတမော တိုက်ပါ။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း (သို့) ဆေးဘူးခွံမှာပါတဲ့ အညွှန်းအတိုင်း တိုက်နိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို အက်စ်ပရင်ပါတဲ့ဆေးတွေ ပေးမိရင် ဦးနှောက်နဲ့အသည်းကို ထိခိုက်နိုင်လို့ သတိထားပါ။
● ဆရာဝန် ညွှန်ကြားတဲ့အတိုင်း နှာစေး၊ ချောင်းဆိုးပျောက်ဆေးတွေ တိုက်ပါ။
● တခြားဆေးတွေ သောက်နေရတဲ့ကလေးတွေ၊ နာတာရှည်ရောဂါရှိတဲ့ ကလေးတွေမှာ ဆေးမတိုက်ခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ညွှန်ကြားတာထက် ပိုမတိုက်ပါနဲ့။
● ရေနွေးလေးနဲ့ ပလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
Biogesic for kids IA 1
>> တုပ်ကွေးမပြန့်ရအောင် ဘယ်လိုကာကွယ်မလဲ?
● ကာကွယ်ဆေးထိုးလို့ ရပါတယ်။ အသက် ၆ လ ကျော်တဲ့ကလေးတွေဟာ တစ်နှစ်မှာတစ်ခါ တုပ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါတယ်။ ပထမဆုံးထိုးတဲ့နှစ်မှာ ၂ ကြိမ် ထိုးပေးဖို့ လိုပါတယ်။
● အိမ်မှာ အသက် ၅ နှစ်အောက်ကလေးတွေနဲ့ နာတာရှည်ရောဂါရှိသူ ကလေးတွေရှိနေရင် တစ်အိမ်လုံးလည်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။
● အရေးကြီးဆုံးက လက်ဆေးဖို့ပါ။
* ချောင်းဆိုးပြီး၊ နှာချေပြီး၊ နှာခေါင်းညှစ်ပြီး လက်သေချာဆေးပါ။
* အသက်ရှူလမ်းကြောင်းပိုးဝင်နေသူတစ်ဦးဦးနဲ့ ထိတွေ့မိပြီးရင်လည်း လက် သေချာဆေးပါ။
* ကလေးနှာခေါင်းကို ညှစ်ပေးပြီးရင်လည်း လက် သေချာဆေးပါ။
* ရေနဲ့ဆပ်ပြာ မရှိရင်လညိး အရက်ပြန်ပါတဲ့ လက်ဆေးရည်နဲ့ ဆေးပေးလို့ရပါတယ်။ ဆေးရည်ကို ကလေးတွေနဲ့ ဝေးရာမှာထားဖို့တော့ အရေးကြီးပါတယ်။
● အသက် ၃ လအောက်ကလေးတွေကို ဖျားနေသူတွေနဲ့ ဝေးဝေးမှာထားပါ။
● ကလေး နှာချေ၊ ချောင်းဆိုးရင် တစ်ရှူးနဲ့ အုပ်တတ်အောင် သင်ကြားပေးထားပါ။
● ပါးစပ်ထဲ ထည့်ဆော့လို့ရတဲ့ အရုပ်တွေကို မဆေးကြောရသေးဘဲ တခြားကလေးကို ပေးမဆော့ပါနဲ့။
● မဆေးရသေးတဲ့ စားပြီးသား ပန်းကန်ခွက်ယောက်တွေကို မျှမစားပါနဲ့။
● ဖျားနေရင် ဆေးခန်းပြချိန်ကလွဲလို့ အိမ်မှာပဲ နေပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
● ကေလးကို သက္ေသာင့္သက္သာရွိေအာင္ ထားပါ။ အရည္မ်ားမ်ားတိုက္ၿပီး အာဟာရရွိတာေလးေတြကို နည္းနည္းခ်င္းစီ ေကြၽးပါ။
● ဖ်ားေနရင္ အဝတ္အစား ေပါ့ေပါ့ပါးပါး ဝတ္ေပးပါ။ အခန္းအပူခ်ိန္ကို ၂၀°C ဝန္းက်င္မွာ ထားေပးပါ။
● နာတာ ကိုက္တာ ခဲတာ၊ ၃၈.၅°C ထက္ ဖ်ားတာေတြ သက္သာေစဖို႔ ပါရာစီတေမာ တိုက္ပါ။ ဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း (သို႔) ေဆးဘူးခြံမွာပါတဲ့ အၫႊန္းအတိုင္း တိုက္ႏိုင္ပါတယ္။ ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္ေတြကို အက္စ္ပရင္ပါတဲ့ေဆးေတြ ေပးမိရင္ ဦးေႏွာက္နဲ႔အသည္းကို ထိခိုက္ႏိုင္လို႔ သတိထားပါ။
● ဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း ႏွာေစး၊ ေခ်ာင္းဆိုးေပ်ာက္ေဆးေတြ တိုက္ပါ။
● တျခားေဆးေတြ ေသာက္ေနရတဲ့ကေလးေတြ၊ နာတာရွည္ေရာဂါရွိတဲ့ ကေလးေတြမွာ ေဆးမတိုက္ခင္ ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ လိုပါတယ္။ ၫႊန္ၾကားတာထက္ ပိုမတိုက္ပါနဲ႔။
● ေရေႏြးေလးနဲ႔ ပလုတ္က်င္းေပးတာက လည္ေခ်ာင္းနာတာကို သက္သာေစႏိုင္ပါတယ္။
>> တုပ္ေကြးမျပန႔္ရေအာင္ ဘယ္လိုကာကြယ္မလဲ?
● ကာကြယ္ေဆးထိုးလို႔ ရပါတယ္။ အသက္ ၆ လ ေက်ာ္တဲ့ကေလးေတြဟာ တစ္ႏွစ္မွာတစ္ခါ တုပ္ေကြးကာကြယ္ေဆး ထိုးႏိုင္ပါတယ္။ ပထမဆုံးထိုးတဲ့ႏွစ္မွာ ၂ ႀကိမ္ ထိုးေပးဖို႔ လိုပါတယ္။
● အိမ္မွာ အသက္ ၅ ႏွစ္ေအာက္ကေလးေတြနဲ႔ နာတာရွည္ေရာဂါရွိသူ ကေလးေတြရွိေနရင္ တစ္အိမ္လုံးလည္း ကာကြယ္ေဆး ထိုးသင့္ပါတယ္။
● အေရးႀကီးဆုံးက လက္ေဆးဖို႔ပါ။
* ေခ်ာင္းဆိုးၿပီး၊ ႏွာေခ်ၿပီး၊ ႏွာေခါင္းညႇစ္ၿပီး လက္ေသခ်ာေဆးပါ။
* အသက္ရႉလမ္းေၾကာင္းပိုးဝင္ေနသူတစ္ဦးဦးနဲ႔ ထိေတြ႕မိၿပီးရင္လည္း လက္ ေသခ်ာေဆးပါ။
* ကေလးႏွာေခါင္းကို ညႇစ္ေပးၿပီးရင္လည္း လက္ ေသခ်ာေဆးပါ။
* ေရနဲ႔ဆပ္ျပာ မရွိရင္လညိး အရက္ျပန္ပါတဲ့ လက္ေဆးရည္နဲ႔ ေဆးေပးလို႔ရပါတယ္။ ေဆးရည္ကို ကေလးေတြနဲ႔ ေဝးရာမွာထားဖို႔ေတာ့ အေရးႀကီးပါတယ္။
● အသက္ ၃ လေအာက္ကေလးေတြကို ဖ်ားေနသူေတြနဲ႔ ေဝးေဝးမွာထားပါ။
● ကေလး ႏွာေခ်၊ ေခ်ာင္းဆိုးရင္ တစ္ရႉးနဲ႔ အုပ္တတ္ေအာင္ သင္ၾကားေပးထားပါ။
● ပါးစပ္ထဲ ထည့္ေဆာ့လို႔ရတဲ့ အ႐ုပ္ေတြကို မေဆးေၾကာရေသးဘဲ တျခားကေလးကို ေပးမေဆာ့ပါနဲ႔။
● မေဆးရေသးတဲ့ စားၿပီးသား ပန္းကန္ခြက္ေယာက္ေတြကို မွ်မစားပါနဲ႔။
● ဖ်ားေနရင္ ေဆးခန္းျပခ်ိန္ကလြဲလို႔ အိမ္မွာပဲ ေနပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























