ကလေးရဲ့ကိုယ်ခံစွမ်းအားကို ကျဆင်းစေနိုင်တဲ့ အပြုအမူတွေ
● အိမ်ထဲမှာပဲ TV ကြည့်၊ game ဆော့၊ ခွေနေ၊ အပြင်ထွက်မဆော့တဲ့ ကလေးတွေက ကိုယ်ခံစွမ်းအား မကောင်းတတ်ပါဘူး။ အပြင်ထွက်ဆော့ခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို အလုံအလောက် ရစေတဲ့အတွက် ကိုယ်ခံအားကောင်းစေပါတယ်။ ဒါပေမဲ့ ဒီလို COVID-19 ဖြစ်ပွားနေတဲ့အချိန်မှာ အပြင်ထွက်ဖို့တော့ မသင့်တော်ပါဘူး။ ဝရန်တာကိုသာထွက်ပြီး မနက်ခင်း နေရောင်ခြည်နွေးနွေးကို ခံခိုင်းသင့်ပါတယ်။
● အိပ်ချိန်လျော့နည်းတာကလည်း ကိုယ်ခံစွမ်းအားကို ကျဆင်းစေပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး တစ်ရက်ကို ၁၀-၁၄ နာရီ လိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်ရင် ဦးနှောက်အတွက် လိုအပ်တဲ့ အောက်စီဂျင်ကို ကောင်းကောင်းရရှိမှာ မဟုတ်ပါဘူး။ ညဘက် TV ကြည့်၊ game ဆော့၊ ဖုန်းသုံးစတာတွေက အိပ်ချိန်ကို နောက်ကျစေပါတယ်။ ဒါကြောင့် ညဘက်ဆိုရင် အပေါ်က ပြောခဲ့တဲ့အရာတွေ မလုပ်ခိုင်းဘဲ အိပ်ခန်းကို မှောင်ပြီး တိတ်ဆိတ်နေအောင် ထားပေးရပါမယ်။
● ကလေးဖျားတာနဲ့ ပိုးသတ်ဆေး တိုက်တာမျိုးကလည်း ဆေးမတိုးတော့တဲ့ ရောဂါပိုးတွေ ဖြစ်စေလာနိုင်ပြီး ကလေးရဲ့ ကိုယ်ခံအားကို ကျစေပါတယ်။
● တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတာကလည်း ကိုယ်ခံအားကို ကျဆင်းစေပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်တည်းက အပြင်က ပြန်လာတိုင်း၊ အစာမစားခင်၊ စားပြီး လက်ဆေးတဲ့ အလေ့အကျင့်၊ တစ်ပတ်တစ်ခါ လက်သည်းညှပ်တဲ့အလေ့အကျင့် စတဲ့ တစ်ကိုယ်ရည်သန်ရှင်းရေး အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပေးထားဖို့ လိုပါတယ်။
● ကလေးတွေအတွက်လည်း စိတ်ဖိစီးမှုတွေ ရှိပါတယ်။ ကျောင်းမှာ သူငယ်ချင်းက စကားမပြောတာ၊ အမှတ်နည်းတာ၊ အစခံ အနိုင်ကျင်ခံနေရတာာစတဲ့ ပြဿနာတွေက ကလေးကို စိတ်ဖိစီးမှု ဖြစ်စေပြီး ထုတ်မပြောဘဲ ကြာလာရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို ဖြစ်စေချင်စိတ်တွေများပြီး အတင်းတွန်းအားမပေးဘဲ သူ လုပ်နိုင်သလောက်ကိုပဲ လက်ခံပေးပါ။ သူ့ရဲ့ ပြဿနာတွေကိုလည်း မေးမြန်းပြီး စိတ်ရှည်ရှည်နဲ့ နားထောင်ပေးဖို့ လိုပါတယ်။
EC Kidz IA 1
● ကျန်းမာရေးနဲ့ မညီညွတ်တဲ့အချိုတွေ၊ ဆိုးဆေးတွေ ပါဝင်တဲ့ မုန့်တွေစားတာကလည်း အစာခြေဖျက်တဲ့ နေရာမှာ ဒုက္ခပေးပြီး ကြာလာရင် ခုခံအားကို ကျလာစေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ဂရုစိုက်ကျွေးပြီး မိသားစုထမင်းဝိုင်းမှာလည်း အသီးအနှံ၊ အသီးအရွက် အစုံပါအောင် ကျွေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင် C ပါဝင်တဲ့ အစားအသောက်တွေကို မဖြစ်မနေ ပါဝင်အောင် ကျွေးပေးသင့်ပါတယ်။ (ဥပမာ - လိမ္မော်သီး၊ ပန်းဂေါ်ဖီစိမ်း)
● ဆေးလိပ်မီးခိုးကို တစ်ဆင့်ရှူမိတာကလည်း ကလေးရဲ့ ခုခံအားကို ကျဆင်းစေပါတယ်။ ကလေးရဲ့ အဆုတ်တွေက ကောင်းကောင်း မဖွံဖြိုးသေးတဲ့အတွက် ပိုပြီးထိခိုက်စေပါတယ်။ လေပြွန်ရောင်တာ၊ ရင်ကြပ်တာ စတာတွေအပြင် ကင်ဆာရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆေးလိပ်သောက်တဲ့နားတွေ မခေါ်သွားပါနဲ့၊ အိမ်မှာ ဆေးလိပ်သောက်တတ်တဲ့ လူရှိရင် ဖြတ်ဖို့တိုက်တွန်းပါ။
● ကလေးရဲ့ အစာခြေလမ်းကြောင်း အားကောင်းစေဖို့၊ လိုအပ်တဲ့ အာဟာရတွေ ကောင်းကောင်းစုပ်ယူနိုင်ဖို့ ရေများများ သောက်ခိုင်းပါ။ ကလေးက ရေမဆာရင်တောင် သင်က နာရီအနည်းငယ်ကြာတိုင်း ရေသောက်ခိုင်းပါ။
Dr. Htar (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
● အိမ္ထဲမွာပဲ TV ၾကည့္၊ game ေဆာ့၊ ေခြေန၊ အျပင္ထြက္မေဆာ့တဲ့ ကေလးေတြက ကိုယ္ခံစြမ္းအား မေကာင္းတတ္ပါဘူး။ အျပင္ထြက္ေဆာ့ျခင္းက ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္ D ကို အလုံအေလာက္ ရေစတဲ့အတြက္ ကိုယ္ခံအားေကာင္းေစပါတယ္။ ဒါေပမဲ့ ဒီလို COVID-19 ျဖစ္ပြားေနတဲ့အခ်ိန္မွာ အျပင္ထြက္ဖို႔ေတာ့ မသင့္ေတာ္ပါဘူး။ ဝရန္တာကိုသာထြက္ၿပီး မနက္ခင္း ေနေရာင္ျခည္ေႏြးေႏြးကို ခံခိုင္းသင့္ပါတယ္။
● အိပ္ခ်ိန္ေလ်ာ့နည္းတာကလည္း ကိုယ္ခံစြမ္းအားကို က်ဆင္းေစပါတယ္။ ကေလးေတြရဲ႕ အသက္အ႐ြယ္ေပၚ မူတည္ၿပီး တစ္ရက္ကို ၁၀-၁၄ နာရီ လိုအပ္ပါတယ္။ အိပ္ခ်ိန္မလုံေလာက္ရင္ ဦးေႏွာက္အတြက္ လိုအပ္တဲ့ ေအာက္စီဂ်င္ကို ေကာင္းေကာင္းရရွိမွာ မဟုတ္ပါဘူး။ ညဘက္ TV ၾကည့္၊ game ေဆာ့၊ ဖုန္းသုံးစတာေတြက အိပ္ခ်ိန္ကို ေနာက္က်ေစပါတယ္။ ဒါေၾကာင့္ ညဘက္ဆိုရင္ အေပၚက ေျပာခဲ့တဲ့အရာေတြ မလုပ္ခိုင္းဘဲ အိပ္ခန္းကို ေမွာင္ၿပီး တိတ္ဆိတ္ေနေအာင္ ထားေပးရပါမယ္။
● ကေလးဖ်ားတာနဲ႔ ပိုးသတ္ေဆး တိုက္တာမ်ိဳးကလည္း ေဆးမတိုးေတာ့တဲ့ ေရာဂါပိုးေတြ ျဖစ္ေစလာႏိုင္ၿပီး ကေလးရဲ႕ ကိုယ္ခံအားကို က်ေစပါတယ္။
● တစ္ကိုယ္ရည္ သန႔္ရွင္းမႈ မရွိတာကလည္း ကိုယ္ခံအားကို က်ဆင္းေစပါတယ္။ ဒါေၾကာင့္ ကေလးကို ငယ္စဥ္တည္းက အျပင္က ျပန္လာတိုင္း၊ အစာမစားခင္၊ စားၿပီး လက္ေဆးတဲ့ အေလ့အက်င့္၊ တစ္ပတ္တစ္ခါ လက္သည္းညႇပ္တဲ့အေလ့အက်င့္ စတဲ့ တစ္ကိုယ္ရည္သန္ရွင္းေရး အေလ့အက်င့္ေကာင္းေတြကို ပ်ိဳးေထာင္ေပးထားဖို႔ လိုပါတယ္။
● ကေလးေတြအတြက္လည္း စိတ္ဖိစီးမႈေတြ ရွိပါတယ္။ ေက်ာင္းမွာ သူငယ္ခ်င္းက စကားမေျပာတာ၊ အမွတ္နည္းတာ၊ အစခံ အႏိုင္က်င္ခံေနရတာာစတဲ့ ျပႆနာေတြက ကေလးကို စိတ္ဖိစီးမႈ ျဖစ္ေစၿပီး ထုတ္မေျပာဘဲ ၾကာလာရင္ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႔ ကေလးကို ျဖစ္ေစခ်င္စိတ္ေတြမ်ားၿပီး အတင္းတြန္းအားမေပးဘဲ သူ လုပ္ႏိုင္သေလာက္ကိုပဲ လက္ခံေပးပါ။ သူ႔ရဲ႕ ျပႆနာေတြကိုလည္း ေမးျမန္းၿပီး စိတ္ရွည္ရွည္နဲ႔ နားေထာင္ေပးဖို႔ လိုပါတယ္။
● က်န္းမာေရးနဲ႔ မညီၫြတ္တဲ့အခ်ိဳေတြ၊ ဆိုးေဆးေတြ ပါဝင္တဲ့ မုန႔္ေတြစားတာကလည္း အစာေျခဖ်က္တဲ့ ေနရာမွာ ဒုကၡေပးၿပီး ၾကာလာရင္ ခုခံအားကို က်လာေစပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႔ ကေလးကို က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာကို ဂ႐ုစိုက္ေကြၽးၿပီး မိသားစုထမင္းဝိုင္းမွာလည္း အသီးအႏွံ၊ အသီးအ႐ြက္ အစုံပါေအာင္ ေကြၽးသင့္ပါတယ္။ အထူးသျဖင့္ ဗီတာမင္ C ပါဝင္တဲ့ အစားအေသာက္ေတြကို မျဖစ္မေန ပါဝင္ေအာင္ ေကြၽးေပးသင့္ပါတယ္။ (ဥပမာ - လိေမၼာ္သီး၊ ပန္းေဂၚဖီစိမ္း)
● ေဆးလိပ္မီးခိုးကို တစ္ဆင့္႐ွဴမိတာကလည္း ကေလးရဲ႕ ခုခံအားကို က်ဆင္းေစပါတယ္။ ကေလးရဲ႕ အဆုတ္ေတြက ေကာင္းေကာင္း မဖြံၿဖိဳးေသးတဲ့အတြက္ ပိုၿပီးထိခိုက္ေစပါတယ္။ ေလႁပြန္ေရာင္တာ၊ ရင္ၾကပ္တာ စတာေတြအျပင္ ကင္ဆာေရာဂါကိုပါ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးကို ေဆးလိပ္ေသာက္တဲ့နားေတြ မေခၚသြားပါနဲ႔၊ အိမ္မွာ ေဆးလိပ္ေသာက္တတ္တဲ့ လူရွိရင္ ျဖတ္ဖို႔တိုက္တြန္းပါ။
● ကေလးရဲ႕ အစာေျခလမ္းေၾကာင္း အားေကာင္းေစဖို႔၊ လိုအပ္တဲ့ အာဟာရေတြ ေကာင္းေကာင္းစုပ္ယူႏိုင္ဖို႔ ေရမ်ားမ်ား ေသာက္ခိုင္းပါ။ ကေလးက ေရမဆာရင္ေတာင္ သင္က နာရီအနည္းငယ္ၾကာတိုင္း ေရေသာက္ခိုင္းပါ။
Dr. Htar (www.drmyanmar.com)






























