/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးရဲ့မနက်စာမှာ-နို့တစ်ခွက်တော့-အမြဲထည့်တိုက်ပေးပါ

ကလေးရဲ့မနက်စာမှာ နို့တစ်ခွက်တော့ အမြဲထည့်တိုက်ပေးပါ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေ တစ်နေ့တာလုံး အားအင်ပြည့်ဝနေဖို့ဆိုရင် မနက်စာကို ကျွေးဖြစ်အောင်ကျွေးသင့်ပါတယ်။ မနက်စာစားတဲ့အခါ တစ်နေ့တာရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို စတင်လိုက်တာကြောင့် ကယ်လိုရီလောင်ကျွမ်းပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ မနက်စာစားနေကျကလေးဟာ အလုံးစုံကျန်းမာပြီး တစ်နေ့တာကို လှုပ်ရှားတက်ကြွစွာ နေထိုင်ဖြစ်လို့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ရရှိပိုင်ဆိုင်နိုင်မှာပါ။

မနက်စာ မစားတဲ့အခါ စိတ်ခံစားချက်လည်းမကောင်း၊ အင်အားလည်းမရှိ ဖြစ်နိုင်သလို မုန့်ပဲသရေစာတွေ ပိုစားဖြစ်တာ၊ နေ့လယ်စာနဲ့ ညနေစာကို အများကြီးစားမိတာ၊ ညဘက်တွေနောက်ကျမှ အစာစားမိတာတွေကြောင့် အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို မနက်စာ ကျွေးဖြစ်အောင်ကျွေးကြဖို့ မမေ့သင့်ပါဘူးနော်။

Dugro IA 1 (2022)

ကလေးတွေကို မနက်စာကျွေးတဲ့အခါ ဘာတွေကျွေးကြမလဲဆိုတာလည်း အရေးကြီးပါသေးတယ်။ အာဟာရပြည့်ဝပြီး တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝနေဖို့ဆိုရင် အစေ့အဆံတွေ၊ အသားဓာတ်ကြွယ်ဝတာတွေ၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ရွေးချယ်ကျွေးပေးသင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာတွေဟာ ကလေးတွေအတွက် -
●  ကယ်လ်စီယမ်၊ အမျှင်ဓာတ်နဲ့ တခြားအရေးကြီးတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်တယ်။
●  လေ့လာသင်ယူရာမှာ အထောက်အကူပေးနိုင်တယ်။
●  မှတ်ဉာဏ်စွမ်းအားနဲ့ အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။

ကလေးတွေကို မနက်စာအဖြစ် မကျွေးသင့်တာတွေလည်း ရှိပါတယ်။ အသင့်စားအစားအသောက်တွေဟာ အငန်ဓာတ်များပြီး တချို့သော ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေနည်းလို့ ကလေးတွေကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါ့အပြင် ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေဟာ ကဖင်းနဲ့ သကြားပါဝင်မှုများလို့ ကလေးတွေကို ဒါတွေတိုက်မယ့်အစား နို့ကိုပဲ တိုက်ပေးပါ။

Dugro IA 2 (2022)

နို့အမျိုးအစားရွေးချယ်တဲ့အခါ Food Label ကို သေချာကြည့်ပြီး ကလေးတွေအတွက် အကောင်းဆုံးနဲ့ မေမေတို့အတွက် ဈေးနှုန်းအသင့်တော်ဆုံးဖြစ်မယ့် နို့အမျိုးအစားကိုပဲ ရွေးချယ်သင့်ပါတယ်။ ရွေးချယ်ရခက်နေရင်တော့ ကလေးတွေရဲ့ အသက်ရွယ်အလိုက် အာဟာရလိုအပ်ချက်အတိုင်း ဖော်စပ်ထားတဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေကိုပဲ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေဟာဆိုရင် ကလေးတွေကြီးထွားတဲ့အရွယ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဖြည့်စွက်ထားပြီး၊ အူလမ်းကြောင်းကျန်းမာရေးအတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ ဦးနှောက်နဲ့အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ DHA လိုဓာတ်မျိုးကိုလည် ဖြည့်စွက်ထုတ်လုပ် ပါဝင်တာဖြစ်လို့ အသက်နှစ်နှစ်အထက်ကနေ ကိုးနှစ်အရွယ်ထိ ကလေးတွေကို တိုက်ကျွေးသင့်တဲ့ နို့တစ်မျိုးပဲ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဟာ ကလေးတွေအတွက် အရေးကြီးပါတယ်။ မနက်ခင်းမှာ အာဟာရတန်ဖိုးကြွယ်ဝတဲ့ အစားအသောက်တွေကို ဖွံ့ဖြိုးစကလေး ဖော်စပ်စာဖော်မြူလာနို့ (Growing Up Milk) တစ်ခွက်နဲ့အတူ ဂရုတစိုက် တွဲဖက်ကျွေးပေးမယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးလာမှာ သေချာပါတယ်နော်။ ဒါကြောင့် ကလေးတွေရဲ့ တစ်နေ့တာကို နို့တစ်ခွက်ပါဝင်တဲ့ မနက်စာနဲ့ စတင်လိုက်ဖို့ အကြံပြုချင်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)