/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးရှိသော-မိဘတိုင်း-သိထားသင့်တဲ့-နှာစေး၊-ချောင်းဆိုး၊

ကလေးရှိသော မိဘတိုင်း သိထားသင့်တဲ့ နှာစေး၊ ချောင်းဆိုး၊ အအေးမိဝေဒနာတွေအတွက် အိမ်တွင်းကုထုံးလေးများ

Category
ကလေးများနှင့်ကျန်းမာရေး

    ရာသီဥတု အကူးအပြောင်း ဖြစ်ပေါ်လာတာနဲ့ ကလေးရှိတဲ့ အိမ်တိုင်းမှာ ကလေးများ ဖျားနာခြင်းကို တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့ဖူးကြပါလိမ့်မယ်။ ဒါကြောင့် ကလေးငယ်ရှိသော မိဘတိုင်း သိထားသင့်တဲ့ နှာစေး၊ ချောင်းဆိုး၊ အအေးမိခြင်းအတွက် အိမ်တွင်းကုထုံးလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

(၁)     ချောင်းဆိုးခြင်း
    အသက် ၁ နှစ်အထက် ကလေးငယ်များ ချောင်းဆိုးပါက ပျားရည် 2ml-5ml ထိ တိုက်ကျွေးနိုင်ပါတယ်။ ပျားရည်က ချွဲပျော်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
    အသက် ၂ နှစ်အထက် ကလေးများကိုတော့ ရင်ဘတ်နဲ့ လည်ပင်းတစ်ဝိုက်ကို ပရုတ်ဆီ လိမ်းပေးနိုင်ပါတယ်။

(၂)     နှာရည်ယိုခြင်း
    နှာရည်ယိုခြင်း ဖြစ်ပေါ်ပါက ကလေးငယ်ကို ညှစ်ထုတ်ဖို့ အားပေးနိုင်သလို နှာရည်စုပ်ဘောလုံးလေးကို အသုံးပြုပြီး စုပ်ထုတ်ပေးနိုင်ပါတယ်နော်။

(၃)     နှာပိတ်ခြင်း
    အသက် ၃ လကနေ ၁ နှစ်တွင်း ကလေးငယ်များတွင် နှာပိတ်ခြင်းကြောင့် အသက်ရှူမဝခြင်း၊ အစာမစားခြင်းတို့ ဖြစ်နိုင်တဲ့အတွက် မေမေတို့ ဂရုတစိုက်ပြုစုဖို့ လိုပါတယ်။ ဆေးဆိုင်တွေမှာ အလွယ်တကူရနိုင်တဲ့ ဆားရည် ခေါ် normal saline ကို နှာခေါင်းပေါက်အတွင်းသို့ဝင်အောင် ၂ စက်ခန့် အစက်ချပေးပါ။
    ထို့နောက် နှပ်ရည်များကို ဘောလုံးဖြင့် အလွယ်တကူ စုပ်ယူနိုင်ပါပြီ။ saline ဝယ်ဖို့ အဆင်မပြေပါက ရေကျက်အေးတစ်ခွက်တွင် ဆား လက်ဖက်စား ဇွန်းတစ်ဝက်ခန့်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

(၄)     ပျစ်နှစ်နေသော နှပ်ထခြင်း
    နားကြပ်သည့်ဂွမ်းတံလေးကို ရေဆွတ်ပြီး နှာခေါင်းထဲသို့ သန့်စင်ပေးနိုင်ပါတယ်။ သတိထားပြီး သေချာပြုလုပ်ဖို့တော့ လိုပါတယ်။

Solmux Kids 1

>>    ရေနဲ့ အရည် တိုက်ကျွေးပါ
    ဖျားနာနေစဉ်မှာ အရေးကြီးတဲ့အချက်အနေနဲ့ ရေနဲ့ ဓာတ်ဆားရည်၊ ကြက်စွပ်ပြုတ်စသော အရည်များကို တိုက်ကျွေးဖို့လိုပါတယ်။ သို့မှသာ ချွဲများကို ပျော်စေပြီး ဟပ်ထုတ်ရ ပိုလွယ်ကူစေပါလိမ့်မယ်။

>>    လေထုကို စိုစွတ်သန့်စင်အောင်ထားပါ
    ကလေးငယ်အနီးမှာ လေထုခြောက်သွေ့ပါက လေထုစိုထိုင်းစေသော စက်တပ်ဆင်နိုင်ပါတယ်။ လေထုစိုထိုင်းခြင်းဖြင့် အသက်ရှူလမ်းကြောင်းရှိ ချွဲများကို မခြောက်သွားအောင် တားဆီးနိုင်ပါတယ်။ ဒီအခါ နှာပိတ်ခြင်းကို သက်သာစေပါလိမ့်မယ်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Solmux Kids 2

(Zawgyi)

    ရာသီဥတု အကူးအေျပာင္း ျဖစ္ေပၚလာတာနဲ႔ ကေလးရွိတဲ့ အိမ္တိုင္းမွာ ကေလးမ်ား ဖ်ားနာျခင္းကို တစ္ႀကိမ္မဟုတ္တစ္ႀကိမ္ ႀကဳံေတြ႕ဖူးၾကပါလိမ့္မယ္။ ဒါေၾကာင့္ ကေလးငယ္ရွိေသာ မိဘတိုင္း သိထားသင့္တဲ့ ႏွာေစး၊ ေခ်ာင္းဆိုး၊ အေအးမိျခင္းအတြက္ အိမ္တြင္းကုထုံးေလးေတြကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

(၁)     ေခ်ာင္းဆိုးျခင္း
    အသက္ ၁ ႏွစ္အထက္ ကေလးငယ္မ်ား ေခ်ာင္းဆိုးပါက ပ်ားရည္ 2ml-5ml ထိ တိုက္ေကြၽးႏိုင္ပါတယ္။ ပ်ားရည္က ခြၽဲေပ်ာ္ေစဖို႔ ကူညီေပးမွာ ျဖစ္ပါတယ္။
    အသက္ ၂ ႏွစ္အထက္ ကေလးမ်ားကိုေတာ့ ရင္ဘတ္နဲ႔ လည္ပင္းတစ္ဝိုက္ကို ပ႐ုတ္ဆီ လိမ္းေပးႏိုင္ပါတယ္။

(၂)     ႏွာရည္ယိုျခင္း
    ႏွာရည္ယိုျခင္း ျဖစ္ေပၚပါက ကေလးငယ္ကို ညႇစ္ထုတ္ဖို႔ အားေပးႏိုင္သလို ႏွာရည္စုပ္ေဘာလုံးေလးကို အသုံးျပဳၿပီး စုပ္ထုတ္ေပးႏိုင္ပါတယ္ေနာ္။

(၃)     ႏွာပိတ္ျခင္း
    အသက္ ၃ လကေန ၁ ႏွစ္တြင္း ကေလးငယ္မ်ားတြင္ ႏွာပိတ္ျခင္းေၾကာင့္ အသက္ရႉမဝျခင္း၊ အစာမစားျခင္းတို႔ ျဖစ္ႏိုင္တဲ့အတြက္ ေမေမတို႔ ဂ႐ုတစိုက္ျပဳစုဖို႔ လိုပါတယ္။ ေဆးဆိုင္ေတြမွာ အလြယ္တကူရႏိုင္တဲ့ ဆားရည္ ေခၚ normal saline ကို ႏွာေခါင္းေပါက္အတြင္းသို႔ဝင္ေအာင္ ၂ စက္ခန႔္ အစက္ခ်ေပးပါ။
    ထို႔ေနာက္ ႏွပ္ရည္မ်ားကို ေဘာလုံးျဖင့္ အလြယ္တကူ စုပ္ယူႏိုင္ပါၿပီ။ saline ဝယ္ဖို႔ အဆင္မေျပပါက ေရက်က္ေအးတစ္ခြက္တြင္ ဆား လက္ဖက္စား ဇြန္းတစ္ဝက္ခန႔္ထည့္ၿပီး အသုံးျပဳႏိုင္ပါတယ္။

(၄)     ပ်စ္ႏွစ္ေနေသာ ႏွပ္ထျခင္း
    နားၾကပ္သည့္ဂြမ္းတံေလးကို ေရဆြတ္ၿပီး ႏွာေခါင္းထဲသို႔ သန႔္စင္ေပးႏိုင္ပါတယ္။ သတိထားၿပီး ေသခ်ာျပဳလုပ္ဖို႔ေတာ့ လိုပါတယ္။

>>    ေရနဲ႔ အရည္ တိုက္ေကြၽးပါ
    ဖ်ားနာေနစဥ္မွာ အေရးႀကီးတဲ့အခ်က္အေနနဲ႔ ေရနဲ႔ ဓာတ္ဆားရည္၊ ၾကက္စြပ္ျပဳတ္စေသာ အရည္မ်ားကို တိုက္ေကြၽးဖို႔လိုပါတယ္။ သို႔မွသာ ခြၽဲမ်ားကို ေပ်ာ္ေစၿပီး ဟပ္ထုတ္ရ ပိုလြယ္ကူေစပါလိမ့္မယ္။

>>    ေလထုကို စိုစြတ္သန႔္စင္ေအာင္ထားပါ
    ကေလးငယ္အနီးမွာ ေလထုေျခာက္ေသြ႕ပါက ေလထုစိုထိုင္းေစေသာ စက္တပ္ဆင္ႏိုင္ပါတယ္။ ေလထုစိုထိုင္းျခင္းျဖင့္ အသက္ရႉလမ္းေၾကာင္းရွိ ခြၽဲမ်ားကို မေျခာက္သြားေအာင္ တားဆီးႏိုင္ပါတယ္။ ဒီအခါ ႏွာပိတ္ျခင္းကို သက္သာေစပါလိမ့္မယ္။

ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)