ကလေးလေးတွေအတွက် နေပျော်တဲ့အိမ်လေးဖြစ်ဖို့
အမေတစ်ယောက်အနေနဲ့ ဘဝမှာ အရေးအကြီးဆုံးက ကိုယ့်ကလေးတွေရဲ့ လုံခြုံရေးပါပဲ။ ကျွန်မတို့တွေရဲ့နေအိမ်တွေဟာ ယေဘုယျတော့ လုံခြုံစိတ်ချရတယ် ထင်ရပေမယ့် တကယ်တမ်းတော့ ကလေးလေးတွေအတွက် ထိခိုက်ဒဏ်ရာရစရာတွေ ရှိနေတတ်ပါတယ်နော်။ စိတ်ထဲမှာ သတိမမူ ဂူမမြင်တာမျိုး ဖြစ်တတ်ပါတယ်။
ဒါကြောင့် အိမ်ကို ကလေးတွေအတွက် အလုံခြုံဆုံး၊ စိတ်အချရဆုံး အသိုက်မြုံကလေးဖြစ်အောင် ဖန်တီးယူကြရအောင်။
● အိမ်သော့ကို သေချာခတ်ပါ။ မြေညီထပ်မှာ နေတဲ့သူတွေဆို ပိုလို့တောင် သတိထားရဦးမှာပါ။ သူခိုးဂျပိုးရန်နဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းဖို့အတွက်က အကောင်းဆုံးနဲ့ စိတ်အချရဆုံးက အိမ်သော့ကို သေချာခတ်ဖို့ပါ။
● မီးပလပ်ပေါက်တွေအားလုံးကို စိတ်ချရတဲ့ အကာအရံကာထားပါ။ ကလေးလေးတွေဟာ ပလပ်ပေါက်တွေထဲ လက်ထိုးထည့် စူးစမ်းကြည့်ချင်တတ်ကြပါတယ်။ ဒါကြောင့် ပလပ်ပေါက်တွေကို သေချာကာရံထားပါ။
● မီးသတ်ဆေးဘူး မဖြစ်မနေ ဆောင်ထားပါ။ အိမ်မှာ ဝယ်ဆောင်ထားမှ အရေးအကြောင်းဆို စိတ်ချရမှာပါ။
● ကလေးကို အရေးပေါ်အခြေအနေဖြေရှင်းနည်း သေချာသင်ကြားထားပါ။ ငလျင်လှုပ်ရင်၊ မီးလောင်ရင် အိမ်မှာရော၊ မိသားစုမှာပါ အနည်းနဲ့အများ ထိခိုက်မှုတွေ ဖြစ်လာတော့မှာပါ။ ဒီလိုအခြေအနေမျိုးတွေမှာ ကလေးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတတ်အောင် သင်ကြားပေးထားဖို့ လိုပါတယ်။
● စာအုပ်စင်တွေကို သေချာခိုင်ခန့်အောင် ပြုပြင်ပါ။ ကလေးတွေ လမ်းလျှောက်တတ်ခါစမှာ ဘေးနားက တန်းတွေ၊ အိမ်ထောင်ပရိဘောဂတွေကို ဆွဲကိုင်မှီတန်းပြီး လမ်းလျှောက်တတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ စာအုပ်စင်တွေကိုလည်း ဆွဲမှီပြီး လမ်းလျှောက်လာတတ်ကြမှာပါပဲ။ ဒါကြောင့် စာအုပ်စင်တွေကို နံရံမှာ သေချာခိုင်ခန့်အောင် တွယ်ဆက်ထားပါ။
Ceelin Plus 1

● အသုံးမပြုတော့ဘူးဆိုရင် လျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားပါ။
● ဆေးဝါးတွေကို ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမျိုးမှာ ထားပေးပါ။ ပြီးတော့ အဖုံး အလုံပိတ်ဘူးတွေထဲမှာ သေချာထည့်သိမ်းထားပါ။
● အစွန်းတွေကို တုံးအောင် ပြုလုပ်ထားပါ။ အစွန်းချွန်ထက်နေတဲ့ပစ္စည်းတွေကို တိတ်တွေနဲ့ ကပ်ထားပေးမှသာ ကလေးကို အန္တရာယ်မဖြစ်မှာပါ။
● လှေကားတွေကို သတိပြုပါ။ လှေကားရှိတဲ့နေရာတွေကို အကာအရံ ပြုလုပ်ထားပါ။ ဒါမှ သတိမထားမိလိုက်ချိန်မှာ လှေကားပေါ် တက်သွားတာ၊ ဆင်းသွားတာမျိုး မဖြစ်ရမှာပေါ့။
● ဖြစ်နိုင်ရင် မီးအချက်ပေးသံ တပ်ဆင်ပါ။ မီးဖိုချောင်ထဲမှာနဲ့ ကလေးအခန်းထဲမှာ မီးအချက်ပေးသံ တပ်ဆင်ထားခြင်းဖြင့် အချိန်လွန်နောင်တကို တားဆီးပေးနိုင်မှာပါ။
● ခြံထဲမှာ အမှိုက်တွေကို သေချာရှင်းလင်းပါ။ ကလေးတွေဆိုတာ ခြံထဲ ပြေးလွှားဆော့ကစားရတာ အင်မတန် ကြိုက်တာပေါ့။ ဒီလို ပြေးလွှားတဲ့အခါ ကျောက်စရစ်ခဲတွေနဲ့ တခြားအမှိုက်သရိုက်တွေကို ခလုတ်တိုက်မိပြီး မှောက်လျက် လဲနိုင်ပါတယ်။
● ပစ္စည်းသေးသေးလေးတွေကို ဝေးဝေးထားပါ။ ကလေးတွေဟာ အကြွေစေ့တွေ၊ ကြယ်သီးလေးတွေ၊ တခြားကွိစိကွစလေးတွေကို ပါးစပ်ထဲ ကောက်ကောက်ထည့်တတ်ပါတယ်။ ဒါကြောင့် ကလေးပါးစပ်ထဲ ကောက်ထည့်ပြီး မနင်ခင်မှာ ပစ္စည်းသေးသေးလေးတွေကို အမြန်ဆုံး ဖယ်လိုက်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin Plus 2

(Zawgyi)
အေမတစ္ေယာက္အေနနဲ႔ ဘဝမွာ အေရးအႀကီးဆုံးက ကိုယ့္ကေလးေတြရဲ့ လုံျခဳံေရးပါပဲ။ ကၽြန္မတို႔ေတြရဲ့ေနအိမ္ေတြဟာ ေယဘုယ်ေတာ့ လုံျခဳံစိတ္ခ်ရတယ္ ထင္ရေပမယ့္ တကယ္တမ္းေတာ့ ကေလးေလးေတြအတြက္ ထိခိုက္ဒဏ္ရာရစရာေတြ ရွိေနတတ္ပါတယ္ေနာ္။ စိတ္ထဲမွာ သတိမမူ ဂူမျမင္တာမ်ိဳး ျဖစ္တတ္ပါတယ္။
ဒါေၾကာင့္ အိမ္ကို ကေလးေတြအတြက္ အလုံျခဳံဆုံး၊ စိတ္အခ်ရဆုံး အသိုက္ျမဳံကေလးျဖစ္ေအာင္ ဖန္တီးယူၾကရေအာင္။
● အိမ္ေသာ့ကို ေသခ်ာခတ္ပါ။ ေျမညီထပ္မွာ ေနတဲ့သူေတြဆို ပိုလို႔ေတာင္ သတိထားရဦးမွာပါ။ သူခိုးဂ်ပိုးရန္နဲ႔ ေနာက္ဆက္တြဲျပႆနာေတြကို ေျဖရွင္းဖို႔အတြက္က အေကာင္းဆုံးနဲ႔ စိတ္အခ်ရဆုံးက အိမ္ေသာ့ကို ေသခ်ာခတ္ဖို႔ပါ။
● မီးပလပ္ေပါက္ေတြအားလုံးကို စိတ္ခ်ရတဲ့ အကာအရံကာထားပါ။ ကေလးေလးေတြဟာ ပလပ္ေပါက္ေတြထဲ လက္ထိုးထည့္ စူးစမ္းၾကည့္ခ်င္တတ္ၾကပါတယ္။ ဒါေၾကာင့္ ပလပ္ေပါက္ေတြကို ေသခ်ာကာရံထားပါ။
● မီးသတ္ေဆးဘူး မျဖစ္မေန ေဆာင္ထားပါ။ အိမ္မွာ ဝယ္ေဆာင္ထားမွ အေရးအေၾကာင္းဆို စိတ္ခ်ရမွာပါ။
● ကေလးကို အေရးေပၚအေျခအေနေျဖရွင္းနည္း ေသခ်ာသင္ၾကားထားပါ။ ငလ်င္လႈပ္ရင္၊ မီးေလာင္ရင္ အိမ္မွာေရာ၊ မိသားစုမွာပါ အနည္းနဲ႔အမ်ား ထိခိုက္မႈေတြ ျဖစ္လာေတာ့မွာပါ။ ဒီလိုအေျခအေနမ်ိဳးေတြမွာ ကေလးကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျဖရွင္းတတ္ေအာင္ သင္ၾကားေပးထားဖို႔ လိုပါတယ္။
● စာအုပ္စင္ေတြကို ေသခ်ာခိုင္ခန႔္ေအာင္ ျပဳျပင္ပါ။ ကေလးေတြ လမ္းေလၽွာက္တတ္ခါစမွာ ေဘးနားက တန္းေတြ၊ အိမ္ေထာင္ပရိေဘာဂေတြကို ဆြဲကိုင္မွီတန္းၿပီး လမ္းေလၽွာက္တတ္ၾကပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ စာအုပ္စင္ေတြကိုလည္း ဆြဲမွီၿပီး လမ္းေလၽွာက္လာတတ္ၾကမွာပါပဲ။ ဒါေၾကာင့္ စာအုပ္စင္ေတြကို နံရံမွာ ေသခ်ာခိုင္ခန႔္ေအာင္ တြယ္ဆက္ထားပါ။
● အသုံးမျပဳေတာ့ဘူးဆိုရင္ လၽွပ္စစ္ပစၥည္းေတြကို ပလပ္ျဖဳတ္ထားပါ။
● ေဆးဝါးေတြကို ကေလးေတြ လက္လွမ္းမမွီတဲ့ေနရာမ်ိဳးမွာ ထားေပးပါ။ ၿပီးေတာ့ အဖုံး အလုံပိတ္ဘူးေတြထဲမွာ ေသခ်ာထည့္သိမ္းထားပါ။
● အစြန္းေတြကို တုံးေအာင္ ျပဳလုပ္ထားပါ။ အစြန္းခၽြန္ထက္ေနတဲ့ပစၥည္းေတြကို တိတ္ေတြနဲ႔ ကပ္ထားေပးမွသာ ကေလးကို အႏၲရာယ္မျဖစ္မွာပါ။
● ေလွကားေတြကို သတိျပဳပါ။ ေလွကားရွိတဲ့ေနရာေတြကို အကာအရံ ျပဳလုပ္ထားပါ။ ဒါမွ သတိမထားမိလိုက္ခ်ိန္မွာ ေလွကားေပၚ တက္သြားတာ၊ ဆင္းသြားတာမ်ိဳး မျဖစ္ရမွာေပါ့။
● ျဖစ္နိုင္ရင္ မီးအခ်က္ေပးသံ တပ္ဆင္ပါ။ မီးဖိုေခ်ာင္ထဲမွာနဲ႔ ကေလးအခန္းထဲမွာ မီးအခ်က္ေပးသံ တပ္ဆင္ထားျခင္းျဖင့္ အခ်ိန္လြန္ေနာင္တကို တားဆီးေပးနိုင္မွာပါ။
● ၿခံထဲမွာ အမွိုက္ေတြကို ေသခ်ာရွင္းလင္းပါ။ ကေလးေတြဆိုတာ ၿခံထဲ ေျပးလႊားေဆာ့ကစားရတာ အင္မတန္ ႀကိဳက္တာေပါ့။ ဒီလို ေျပးလႊားတဲ့အခါ ေက်ာက္စရစ္ခဲေတြနဲ႔ တျခားအမွိုက္သရိုက္ေတြကို ခလုတ္တိုက္မိၿပီး ေမွာက္လ်က္ လဲနိုင္ပါတယ္။
● ပစၥည္းေသးေသးေလးေတြကို ေဝးေဝးထားပါ။ ကေလးေတြဟာ အေႂကြေစ့ေတြ၊ ၾကယ္သီးေလးေတြ၊ တျခားကြိစိကြစေလးေတြကို ပါးစပ္ထဲ ေကာက္ေကာက္ထည့္တတ္ပါတယ္။ ဒါေၾကာင့္ ကေလးပါးစပ္ထဲ ေကာက္ထည့္ၿပီး မနင္ခင္မွာ ပစၥည္းေသးေသးေလးေတြကို အျမန္ဆုံး ဖယ္လိုက္ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























