ကလေးလေးတွေ သွားယားချိန်
သွားပေါက်စပြုနေတဲ့ ကလေးလေးတွေဟာ ပုံမှန်ထက်ကို ပိုပြီးဂျီကျနေတတ်တာကို သတိထားမိလား? ပွေ့ဖက်ပေးခြင်းက အနာနည်းနည်း သက်သာစေနိုင်တဲ့ အောက်စီတိုစင်ဟော်မုန်းကို ထွက်စေနိုင်တယ်တဲ့နော်။ ဒါကြောင့် ကလေးကို ကြိုက်သလောက်သာ ပွေ့ဖက်နမ်းရှုံ့ပေးလိုက်ပါတော့။
ကလေး သွားထွက်လာတဲ့အချိန်ဟာ ကလေးအတွက်ရော၊ မေမေ ဖေဖေတို့အတွက်ပါ အင်မတန်စိတ်ညစ်ရတဲ့ အချိန်တစ်ခုပါပဲ။ တချို့ကလေးတွေအတွက် ဘယ်လိုမှမနေပေမယ့် တချို့ကလေးတွေအတွက်တော့ နေမထိ ထိုင်မသာ၊ ညအိပ်မပျော်စေတဲ့ အကြောင်းရင်းထဲမှာ ပါနေတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆေးဆိုင်မှာအလွယ်တကူ ဝယ်လို့ရတဲ့ဆေးတွေကနေ သဘာဝဆေးတွေအထိကို ရှိတယ်။
Ceelin 1
>> သဘာဝနည်းတွေကို ပြောရမယ်ဆိုရင် -
၁။ အစွမ်းထက် အိမ်တွင်းနည်းလမ်းကောင်းတွေကို လိုက်လုပ်ကြည့်ပါ။
အအေးခံထားတဲ့ ငှက်ပျောသီးတို့၊ သွားဖုံးပေါ်မှာ ရေခဲပွတ်ပေးတာတို့ လုပ်ပေးလို့ရပါတယ်။
၂။ ကလေး ဘာကြိုက်တတ်တယ်ဆိုတာကို စောင့်ကြည့်ပါ။
ကလေးလေးတွေမှာလည်း သူ့အကြိုက်နဲ့သူနော်။ ကွင်းလေးတွေ၊ အရုပ်လေးတွေကို ကိုက်ရတာကြိုက်တတ်ကြတယ်။အအေးခံထားတဲ့အသီးတွေ၊ အရွက်တွေကို သုံးလို့ရပေမယ့် သွားယားရင်ကိုက်တဲ့ ဘီစကစ်တွေကတော့ သကြားပါတာမို့ ရှောင်သင့်တယ်နော်။ အစာ မာမာတွေ စစားပြီဆိုတော့မှ ကျွေးပါ။
အထဲမှာ ရေပါတဲ့ ကွင်းလေးတွေကိုလည်း မကိုက်ပါစေနဲ့။ မတော်တဆ မျိုချမိတတ်လို့ပါ။ ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင်တောင် ရေခဲခန်းထဲမထည့်ဘဲ ရိုးရိုးအခန်းထဲထည့်ပါ။
ဒီကိုက်တဲ့ကွင်းလေးတွေကို အအေးခံပြီး ကိုက်ရတာ ကျွန်မသမီးကတော့ ကြိုက်မှကြိုက်ပဲလို့ မေမေတစ်ယောက်က ပြောတယ်။
၃။ နှိပ်နယ်ပေးပါ။
နောက်တစ်နည်းကတော့ ကလေးရဲ့သွားဖုံးလေးတွေကို လက်သန့်သန့်လေးနဲ့ နှိပ်နယ်ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin 2
(Zawgyi)
သြားေပါက္စျပဳေနတဲ့ ကေလးေလးေတြဟာ ပုံမွန္ထက္ကို ပိုၿပီးဂ်ီက်ေနတတ္တာကို သတိထားမိလား? ေပြ႕ဖက္ေပးျခင္းက အနာနည္းနည္း သက္သာေစနိုင္တဲ့ ေအာက္စီတိုစင္ေဟာ္မုန္းကို ထြက္ေစနိုင္တယ္တဲ့ေနာ္။ ဒါေၾကာင့္ ကေလးကို ႀကိဳက္သေလာက္သာ ေပြ႕ဖက္နမ္းရႈံ႔ေပးလိုက္ပါေတာ့။
ကေလး သြားထြက္လာတဲ့အခ်ိန္ဟာ ကေလးအတြက္ေရာ၊ ေမေမ ေဖေဖတို႔အတြက္ပါ အင္မတန္စိတ္ညစ္ရတဲ့ အခ်ိန္တစ္ခုပါပဲ။ တခ်ိဳ႕ကေလးေတြအတြက္ ဘယ္လိုမွမေနေပမယ့္ တခ်ိဳ႕ကေလးေတြအတြက္ေတာ့ ေနမထိ ထိုင္မသာ၊ ညအိပ္မေပ်ာ္ေစတဲ့ အေၾကာင္းရင္းထဲမွာ ပါေနတယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔ ေဆးဆိုင္မွာအလြယ္တကူ ဝယ္လို႔ရတဲ့ေဆးေတြကေန သဘာဝေဆးေတြအထိကို ရွိတယ္။
>> သဘာဝနည္းေတြကို ေျပာရမယ္ဆိုရင္ -
၁။ အစြမ္းထက္ အိမ္တြင္းနည္းလမ္းေကာင္းေတြကို လိုက္လုပ္ၾကည့္ပါ။
အေအးခံထားတဲ့ ငွက္ေပ်ာသီးတို႔၊ သြားဖုံးေပၚမွာ ေရခဲပြတ္ေပးတာတို႔ လုပ္ေပးလို႔ရပါတယ္။
၂။ ကေလး ဘာႀကိဳက္တတ္တယ္ဆိုတာကို ေစာင့္ၾကည့္ပါ။
ကေလးေလးေတြမွာလည္း သူ႔အႀကိဳက္နဲ႔သူေနာ္။ ကြင္းေလးေတြ၊ အ႐ုပ္ေလးေတြကို ကိုက္ရတာႀကိဳက္တတ္ၾကတယ္။အေအးခံထားတဲ့အသီးေတြ၊ အရြက္ေတြကို သုံးလို႔ရေပမယ့္ သြားယားရင္ကိုက္တဲ့ ဘီစကစ္ေတြကေတာ့ သၾကားပါတာမို႔ ေရွာင္သင့္တယ္ေနာ္။ အစာ မာမာေတြ စစားၿပီဆိုေတာ့မွ ေကၽြးပါ။
အထဲမွာ ေရပါတဲ့ ကြင္းေလးေတြကိုလည္း မကိုက္ပါေစနဲ႔။ မေတာ္တဆ မ်ိဳခ်မိတတ္လို႔ပါ။ ေရခဲေသတၱာထဲ ထည့္ထားမယ္ဆိုရင္ေတာင္ ေရခဲခန္းထဲမထည့္ဘဲ ရိုးရိုးအခန္းထဲထည့္ပါ။
ဒီကိုက္တဲ့ကြင္းေလးေတြကို အေအးခံၿပီး ကိုက္ရတာ ကၽြန္မသမီးကေတာ့ ႀကိဳက္မွႀကိဳက္ပဲလို႔ ေမေမတစ္ေယာက္က ေျပာတယ္။
၃။ ႏွိပ္နယ္ေပးပါ။
ေနာက္တစ္နည္းကေတာ့ ကေလးရဲ့သြားဖုံးေလးေတြကို လက္သန႔္သန႔္ေလးနဲ႔ ႏွိပ္နယ္ေပးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























