/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးလေးဦးနှောက်ဖွံ့ဖြိုးဖို့

ကလေးလေးဦးနှောက်ဖွံ့ဖြိုးဖို့

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေရဲ့ဦးနှောက်ဟာ ကိုယ်ဝန်ဆောင်ချိန်ကစလို့ လူငယ်ဘဝအထိကို တောက်လျောက်တစ်ဖြည်းဖြည်းချင်းဖွံ့ဖြိုးလာပါတယ်။ ဒါကြောင့်လည်း တိုက်တစ်လုံးဆောက်သလိုပဲ အခြေခံအုတ်မြစ်ကောင်းဖို့အရေးကြီးတာပေါ့။

 

ဦးနှောက်မှာ လမ်းလျှောက်တာ၊ ကြားတာမြင်တာကအစ ပြဿနာဖြေရှင်းတာ၊ ခံစားရတာတွေအထိကို လူတွေလုပ်သမျှကို ထိန်းချုပ်နိုင်တဲ့နေရာတွေအများကြီးပါပါတယ်။ ဒီလိုထိန်းချုပ်ထားတဲ့နေရာတစ်ခုချင်းစီမှာ ဦးနှောက်ဆဲလ်လေးတွေသန်းနဲ့ချီပြီးရှိနေပါတယ်။ ဒီအာရုံကြောဆဲလ်လေးတွေဟာ တစ်ခုနဲ့တစ်ခု ဓာတုပစ္စည်းလေးတွေနဲ့ အချင်းချင်းဆက်သွယ်ကြပါတယ်။ ဝိုင်ယာကြိုးဆက်သွယ်ထားသလိုပဲပေါ့။ မွေးပြီးပြီးချင်းပထမနှစ်ပိုင်းအတွင်းမှာ ဒီအာရုံကြောဆက်သွယ်မှုလမ်းကြောင်းတွေဟာ အလျင်အမြန်ကိုဖြစ်ပေါ်လာပါတယ်။

 

ကဲဒါဆိုရင် ဒီဆက်သွယ်မှုလမ်းကြောင်းတွေ ဘယ်လိုဖြစ်လာသလဲ။ ဒီနေရာမှာ မိဘတွေကအရေးကြီးလာတာပေါ့။ ကလေးရဲ့ဦးနှောက်ကလေးကောင်းကောင်းကျန်းကျန်းမာမာဖွံ့ဖြိုးလာဖို့ မေမေဖေဖေတို့က ဖန်တီးပေးနိုင်ပါတယ်။

Nutroplex 1

●        ကလေးတွေရဲ့ဦးနှောက်ဟာ မွေးခါစမှာ ကောင်းကောင်းဝိုင်ယာဆက်သွယ်ထားခြင်းမရှိသေးပါဘူး။ ဒီအချိန်မှာ သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကို စုပ်ယူပြီး အရမ်းကိုပြောင်းလဲကြီးထွားဖွံ့ဖြိုးနေတာပေါ့။ ဒါကြောင့် ဆော့ကစားတာ၊ စာဖတ်ပြတာ၊ လူတွေနဲ့ အပြန်အလှန်ဆက်သွယ်တာ စတဲ့နေ့စဉ်လှုပ်ရှားမှုတွေက ကလေးဦးနှောက်ကလေးဖွံ့ဖြိုးဖို့ကို အထောက်အကူပြုပါတယ်။

●        ဒီဝိုင်ယာကြိုးဆက်သွယ်မှုတွေဘယ်လောက်ကောင်းတယ်ပေါ်မူတည်ပြီး ကလေးရဲ့ဘာသာစကားသင်ယူလေ့လာနိုင်စွမ်းတွေ၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ၊ ကျောင်းမှာစာလိုက်နိုင်မနိုင်တွေ ကွာခြားသွားပါတယ်။ နောက်ပိုင်းမှာ ကလေးရဲ့ကိုယ်နဲ့စိတ်ကျန်းမာရေးအတွက်ရော တစ်ခြားလူတွေနဲ့ဆက်ဆံရေးမှာပါ အကျိုးသက်ရောက်မှုရှိပါတယ်။

●        ပြောဆိုဆက်ဆံပေါင်းသင်းမှုတွေက အရေးပါပါတယ်။ ချစ်ခြင်းတရား၊ ခိုင်မြဲတဲ့မေတ္တာတရား၊ အကောင်းမြင်အပြုသဘောဆောင်စိတ်တွေနဲ့ ဆက်ဆံခံရမှသာ ကလေးလေးရဲ့ဦးနှောက်ကလေးဟာ စိတ်ဖိစီးမှုတွေရဲ့ မကောင်းတဲ့ဆိုးကျိုးတွေကနေ ကင်းဝေးမှာပါ။

●        အရမ်းကိုငယ်သေးတဲ့မွေးကင်းစအရွယ်လေးတွေမှာတောင် သူတို့ရဲ့ပတ်ဝန်းကျင်က မလုံခြုံဘူး၊ စိတ်မချရဘူးလို့ခံစားမိရင် စိတ်ဖိစီးမှုတွေဖြစ်လာတတ်ပါတယ်။ နေ့စဉ်ကြုံရတဲ့ခဏတာစိတ်ဖိစီးမှု‌တွေထက်ပိုဆိုးတာက မိဘနှစ်ပါးအဆင်မပြေတာ၊ နွမ်းပါးတာ၊ အနှိပ်စက်ခံရတာ၊ အလျစ်လျူရှူခံရတာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ဆေးစွဲအရက်စွဲမိဘတွေ၊ မကုသဘဲထားတဲ့စိတ်ရောဂါဝေဒနာရှင်မိဘတွေကြောင့် ရေရှည်စိတ်ဖိစီးတာပါပဲ။ ဒီလိုအဆိပ်အတောက်စိတ်ဖိစီးမှုတွေက ကလေးရဲ့ဖွံ့ဖြိုးဆဲဦးနှောက်ကလေးကို ဒဏ်ဖြစ်စေပါတယ်။ ငယ်ဘဝကနေစပြီး ကိုယ်ခန္ဓာ၊ သင်ယူလေ့လာမှုနဲ့ စိတ်ခံစားချက်ပြဿနာတွေကို ကြီးပြင်းလူလားမြောက်သည်အထိ သယ်ဆောင်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ဆရာဝန်နဲ့အမြန်ပြသဆွေးနွေးဖို့အရေးကြီးပါတယ်။

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Nutroplex 2

ကေလးေတြရဲ႕ဦးေႏွာက္ဟာ ကိုယ္ဝန္ေဆာင္ခ်ိန္ကစလို႔ လူငယ္ဘဝအထိကို ေတာက္ေလ်ာက္တစ္ျဖည္းျဖည္းခ်င္းဖြံ႕ၿဖိဳးလာပါတယ္။ ဒါေၾကာင့္လည္း တိုက္တစ္လုံးေဆာက္သလိုပဲ အေျခခံအုတ္ျမစ္ေကာင္းဖို႔အေရးႀကီးတာေပါ့။

 

ဦးေႏွာက္မွာ လမ္းေလွ်ာက္တာ၊ ၾကားတာျမင္တာကအစ ျပႆနာေျဖရွင္းတာ၊ ခံစားရတာေတြအထိကို လူေတြလုပ္သမွ်ကို ထိန္းခ်ဳပ္ႏိုင္တဲ့ေနရာေတြအမ်ားႀကီးပါပါတယ္။ ဒီလိုထိန္းခ်ဳပ္ထားတဲ့ေနရာတစ္ခုခ်င္းစီမွာ ဦးေႏွာက္ဆဲလ္ေလးေတြသန္းနဲ႔ခ်ီၿပီးရွိေနပါတယ္။ ဒီအာ႐ုံေၾကာဆဲလ္ေလးေတြဟာ တစ္ခုနဲ႔တစ္ခု ဓာတုပစၥည္းေလးေတြနဲ႔ အခ်င္းခ်င္းဆက္သြယ္ၾကပါတယ္။ ဝိုင္ယာႀကိဳးဆက္သြယ္ထားသလိုပဲေပါ့။ ေမြးၿပီးၿပီးခ်င္းပထမႏွစ္ပိုင္းအတြင္းမွာ ဒီအာ႐ုံေၾကာဆက္သြယ္မႈလမ္းေၾကာင္းေတြဟာ အလ်င္အျမန္ကိုျဖစ္ေပၚလာပါတယ္။

 

ကဲဒါဆိုရင္ ဒီဆက္သြယ္မႈလမ္းေၾကာင္းေတြ ဘယ္လိုျဖစ္လာသလဲ။ ဒီေနရာမွာ မိဘေတြကအေရးႀကီးလာတာေပါ့။ ကေလးရဲ႕ဦးေႏွာက္ကေလးေကာင္းေကာင္းက်န္းက်န္းမာမာဖြံ႕ၿဖိဳးလာဖို႔ ေမေမေဖေဖတို႔က ဖန္တီးေပးႏိုင္ပါတယ္။

 

●        ကေလးေတြရဲ႕ဦးေႏွာက္ဟာ ေမြးခါစမွာ ေကာင္းေကာင္းဝိုင္ယာဆက္သြယ္ထားျခင္းမရွိေသးပါဘူး။ ဒီအခ်ိန္မွာ သူ႔ရဲ႕ေဘးပတ္ဝန္းက်င္မွာျဖစ္ပ်က္ေနတာေတြကို စုပ္ယူၿပီး အရမ္းကိုေျပာင္းလဲႀကီးထြားဖြံ႕ၿဖိဳးေနတာေပါ့။ ဒါေၾကာင့္ ေဆာ့ကစားတာ၊ စာဖတ္ျပတာ၊ လူေတြနဲ႔ အျပန္အလွန္ဆက္သြယ္တာ စတဲ့ေန႔စဥ္လႈပ္ရွားမႈေတြက ကေလးဦးေႏွာက္ကေလးဖြံ႕ၿဖိဳးဖို႔ကို အေထာက္အကူျပဳပါတယ္။

●        ဒီဝိုင္ယာႀကိဳးဆက္သြယ္မႈေတြဘယ္ေလာက္ေကာင္းတယ္ေပၚမူတည္ၿပီး ကေလးရဲ႕ဘာသာစကားသင္ယူေလ့လာႏိုင္စြမ္းေတြ၊ ျပႆနာေျဖရွင္းႏိုင္စြမ္းေတြ၊ ေက်ာင္းမွာစာလိုက္ႏိုင္မႏိုင္ေတြ ကြာျခားသြားပါတယ္။ ေနာက္ပိုင္းမွာ ကေလးရဲ႕ကိုယ္နဲ႔စိတ္က်န္းမာေရးအတြက္ေရာ တစ္ျခားလူေတြနဲ႔ဆက္ဆံေရးမွာပါ အက်ိဳးသက္ေရာက္မႈရွိပါတယ္။

●        ေျပာဆိုဆက္ဆံေပါင္းသင္းမႈေတြက အေရးပါပါတယ္။ ခ်စ္ျခင္းတရား၊ ခိုင္ၿမဲတဲ့ေမတၱာတရား၊ အေကာင္းျမင္အျပဳသေဘာေဆာင္စိတ္ေတြနဲ႔ ဆက္ဆံခံရမွသာ ကေလးေလးရဲ႕ဦးေႏွာက္ကေလးဟာ စိတ္ဖိစီးမႈေတြရဲ႕ မေကာင္းတဲ့ဆိုးက်ိဳးေတြကေန ကင္းေဝးမွာပါ။

●        အရမ္းကိုငယ္ေသးတဲ့ေမြးကင္းစအ႐ြယ္ေလးေတြမွာေတာင္ သူတို႔ရဲ႕ပတ္ဝန္းက်င္က မလုံၿခဳံဘူး၊ စိတ္မခ်ရဘူးလို႔ခံစားမိရင္ စိတ္ဖိစီးမႈေတြျဖစ္လာတတ္ပါတယ္။ ေန႔စဥ္ႀကဳံရတဲ့ခဏတာစိတ္ဖိစီးမႈ‌ေတြထက္ပိုဆိုးတာက မိဘႏွစ္ပါးအဆင္မေျပတာ၊ ႏြမ္းပါးတာ၊ အႏွိပ္စက္ခံရတာ၊ အလ်စ္လ်ဴရႉခံရတာ၊ အိမ္တြင္းအၾကမ္းဖက္မႈေတြ၊ ေဆးစြဲအရက္စြဲမိဘေတြ၊ မကုသဘဲထားတဲ့စိတ္ေရာဂါေဝဒနာရွင္မိဘေတြေၾကာင့္ ေရရွည္စိတ္ဖိစီးတာပါပဲ။ ဒီလိုအဆိပ္အေတာက္စိတ္ဖိစီးမႈေတြက ကေလးရဲ႕ဖြံ႕ၿဖိဳးဆဲဦးေႏွာက္ကေလးကို ဒဏ္ျဖစ္ေစပါတယ္။ ငယ္ဘဝကေနစၿပီး ကိုယ္ခႏၶာ၊ သင္ယူေလ့လာမႈနဲ႔ စိတ္ခံစားခ်က္ျပႆနာေတြကို ႀကီးျပင္းလူလားေျမာက္သည္အထိ သယ္ေဆာင္သြားတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုျဖစ္လာခဲ့ရင္ ဆရာဝန္နဲ႔အျမန္ျပသေဆြးေႏြးဖို႔အေရးႀကီးပါတယ္။

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)