ကလေးလေး တွားသွားနိုင်ဖို့ …
ကလေးလေး တွားသွားတာကို ကူညီပေးနိုင်ဖို့ ဒီနည်းလမ်းကောင်းလေးတွေက အထောက်အကူပြုမှာပါ။
1. ကြမ်းပြင်ကော်ဇောပေါ်မှာ ကလေးလေးကို မှောက်ရက်ထားပါ။
2. ကလေးရဲ့ တံတောင်ဆစ်လေးကို ကလေးလေးရဲ့ဘေးမှာ ကပ်ထားပေးပြီး ထောက်၊ မထောက်ကို စောင့်ကြည့်ပါ။ ကလေးကို တောက်လျှောက် ထိန်းထားပေးပါ။
3. ကလေးကို ထိန်းကိုင်ထားတဲ့အချိန်မှာ ကလေးကိုယ်လုံးနဲ့ကြမ်းပြင် ဘယ်လောက်အကွာအဝေးရှိလဲ တိုင်းပါ။
4. တိုင်းထားတဲ့ အကွာအဝေးပမာဏ နီးပါးရှိတဲ့ ဒလိမ့်တုံးလေးတွေကို သုံးနိုင်ပါတယ်။ လေမှုတ်ထည့်နိုင်တဲ့ ဒလိမ့်တုံးလေးတွေလည်း ရှိပေမယ့် အတုံးလိုက်က ပိုခံပြီး ပိုကောင်းပါတယ်။ ကလေးကိုယ်လုံးလေးနဲ့ ကြမ်းပြင်ကြားမှာ ဒလိမ့်တုံးလေးတွေထားခြင်းက ကလေးတွားသွားဖို့၊ ထိုင်ဖို့၊ လမ်းလျှောက်ဖို့ အထောက်အကူပေးနိုင်ပါတယ်။ ဒလိမ့်တုံးဟာ အရမ်းကြီး မကြီးရပါဘူး။ ဒလိမ့်တုံးပေါ်မှာ လှဲနေတုန်း ကလေးရဲ့တံတောင်ဆစ်ဟာ ကြမ်းပြင်ကို ထောက်နိုင်လောက်အောင်လောက်သာ ရှိသင့်ပါတယ်။
5. ဒလိမ့်တုံးကို ကလေးကိုယ်အောက်မှာထားပြီး ကလေးခေါင်းကို မတ်မတ်ပေးခြင်းဖြင့် လည်ပင်းကြွက်သားတွေကို လေ့ကျင့်ပေးနိုင်ပါတယ်။
6. ကလေးရဲ့ ရှေ့တည့်တည့်ကြမ်းပြင်ပေါ်မှာ မှောက်လျက်နေပြီး အသံအကျယ်ကြီး စကားပြောရင်း၊ မျက်နှာပုံစံမျိုးစုံလုပ်ပြရင်း ကလေးကို မြူပါ။ ကလေးနဲ့အတူ ရှေ့ကနေတွားသွားရင်း ကလေးကို အပေါ်ကို မော့မော့ကြည့်ပါစေ။
** သတိပြုရန် : ကလေးရှေ့မှာရှိတဲ့လူကိုဖြစ်စေ၊ အရုပ်ကိုဖြစ်စေ အာရုံစူးစိုက်စေပြီး လှမ်းယူစေခြင်းဖြင့် ကလေးရဲ့ကြွက်သားလေးတွေကို သန်မာအောင်လေ့ကျင့်ခန်း ပြုလုပ်စေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























