ကလေးသေးခံကြောင့် အရေပြားအကွက်ထခြင်း
Diaper လို့ခေါ်တဲ့ ကလေးသေးခံတွေ ဘောင်းဘီထုပ်လေးတွေဟာ အဆင်ပြေတာတော့ အမှန်ပါပဲ။ သွားလေရာဝတ်ပေးထားပြီး အလျင်းသင့်သလိုလဲလှယ်ပေးလိုက်ရုံပါပဲ။ ဒါပေမယ့်အခန့်မသင့်ရင် အနီကွက်လေးတွေထ အရေပြားလေးတွေ ပွန်းတတ်ပါတယ်။
ဒါ့ကြောင့် ဒီလိုမျိုး အရေပြားအနီကွက်ထတာ၊ အရေပြားပွန်းတာမျိုးမဖြစ်ရအောင်-
• Diaper ကို မကြာခဏလဲလှယ်ပေးပါ။ ကလေးသေးစိုနေလား ဝမ်းသွားထားလားကြည့်ပါ။ မကြာခဏလဲပေးခြင်းဖြင့် အရေပြားအလားဂျစ်ထတာကို ကာကွယ်နိုင်ပါတယ်။ မလဲရင် အရေပြားနဲ့ကြာရှည်ထိတွေ့နေပြီး ပွန်းလာတတ်လို့ပါ။
• ဒိုက်ပါထဲက အမွှေးနံ့တွေ၊ လုပ်ထားတဲ့ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒီအမျိုးအစားသုံးပြီး သိပ်မကြာခင်အနီကွက်လေးတွေထ အရေပြားလေးတွေပွန်းလာရင်တော့ လက်ရှိအမျိုးအစားမှာသုံးထားတဲ့ကုန်ပစ္စည်းနဲ့ ဓာတ်မတည့်တာသေချာနေပါပြီ။
• နေမကောင်းလို့ တိုက်တဲ့ ပဋိဇီဝဆေးတွေကြောင့်လည်း အကွက်ထတာယားတာ၊ အရေပြားရဲတက်လာတာတွေဖြစ်တတ်ပါတယ်။ ဒိုက်ပါကြောင့်မဟုတ်ဘဲ ကလေးကိုတိုက်ထားတဲ့ ဆေးကြောင့်ဖြစ်နေမလား စဉ်းစားကြဖို့ပါ။
• တစ်ခါတလေမှာ အစားအသောက်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်ရင်လဲ အရေပြားမှာ အကွက်ထတတ်ပါတယ်။ သေချာသတိထားစောင့်ကြည့်ဖို့လိုပါတယ်။
Ceelin Plus 1

ကလေးသေးခံတွေ ဘောင်းဘီဒိုက်ပါတွေကြောင့် အရေပြားအကွက်ထတဲ့အခါ
• ကလေးပေါင်ဒါတွေမထည့်ပါနဲ့
• တွေ့ကရာဆီတွေမလိမ်းပါနဲ့
• ဆပ်ပြာတွေနဲ့ဆေးပစ်ပြီး ပွတ်တိုက်မပစ်ပါနဲ့။
အကောင်းဆုံးကတော့ကလေးကို ဒိုက်ပါဝတ်မပေးဘဲ အကွက်တွေခြောက်ပြီး ပျောက်သွားတဲ့အထိ ဒီတိုင်းလေးသာထားလိုက်ပါ။ ဘောင်းဘီဒိုက်ပါလုံးဝဝတ်မပေးပါနဲ့။ ကလေးကိုနို့ဆက်တိုက်ပါ။ ၆လကျော်ဖြည့်စွက်စာစကျွေးပြီဆိုရင် အစာအုပ်စုကို သတိထားကြည့်ပါ။အရေပြားဓာတ်မတည့်စာတွေပါနေမှာစိုးတဲ့အတွက်ဖြစ်ပါတယ်။
ဆရာဝန်ပြသတဲ့အခါ လိမ်းဆေးပေးပါလိမ့်မယ်။ ဘူးအဖုံးအပိတ်နဲ့လာတဲ့ လူးဆေးတွေဟာ အုန်းဆီ မုန်ညင်းဆီ သံလွင်ဆီတွေထက် ပိုမိုဘေးကင်းပါတယ်။
အုန်းဆီတစက်နှစ်လောက်က သက်သာစေပေမယ့် ဈေးကွက်ထဲကအုန်းဆီတွေက အမွှေးနံ့ထည့်ထားပြီး ပိုးသတ်ထားလား၊ မသတ်ထားလား သေချာမသိနိုင်တဲ့အတွက် ဘေးကင်းတယ်လို့မဆိုနိုင်ပါဘူး။
ဒိုက်ပါအကွက်တွေ အတွက်အကောင်းဆုံးကုသမှုကတော့ ကလေးရဲ့ ပေါင်ခြံအရေပြားအကွက်တွေပျောက်ကင်းတဲ့အထိ ကလေးကို ဒိုက်ပါဝတ်မပေးဘဲ ဒီတိုင်းအလွတ်လေးထားပေးဖို့သာ အကြံပြုလိုပါတယ်။
Ceelin Plus 2

(Unicode)






























