/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးသွားပေါက်နေတာကို-ဘယ်လိုသိနိုင်မလဲ

ကလေးသွားပေါက်နေတာကို ဘယ်လိုသိနိုင်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

• သွားဖုံးများနီပြီး ရောင်ရမ်းခြင်း

• ပါးပြင်နီရဲခြင်း

• သွားရည်များပိုကျလာခြင်း

• သွားဖုံးကို ပွတ်တိုက်နေခြင်း၊ ကိုက်ခြင်း (သို့) စုပ်ခြင်း

• သွားထွက်လာတဲ့တစ်ဖက်တည်းမှာရှိတဲ့ နားကိုပွတ်သပ်ခြင်း

• ညဘက်မအိပ်ခြင်းနှင့် နေ့ဘက်မှာလည်းနိုးနေခြင်း

• ခါတိုင်းလိုကောင်းကောင်းမစားခြင်း

• ကဏှာမငြိမ်ခြင်း

          ဒါပေမယ့် ဒီလက္ခဏာတွေအကုန်လုံးက သွားပေါက်တဲ့လက္ခဏာလို့ ယူဆလို့မရပါဘူး။ မသေချာဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်လို့ရပါတယ်။

Ceelin Plus 1

>> သွားရည်တွေကျလို့ ကလေးရဲ့မေးစေ့မှာ အဖုအပိမ့်အကွက်တွေဖြစ်ရင် ဘာလုပ်ပေးနိုင်သလဲ?

          ကလေးရဲ့ မေးစေ့ပေါ်က တံတွေးတွေကို နူးညံ့တဲ့ ချည်ထည်အဝတ်လေးနဲ့ မကြာခဏငြင်သာစွာ သုတ်ပေးပါ။ အကြမ်းပတမ်းပွတ်တိုက်ရင် ကလေးအနာဖြစ်နိုင်တဲ့အတွက် သတိထားပါ။

>> ကလေးသွားဖုံးနာခြင်းကို သက်သာစေမည့် အကောင်းဆုံးနည်းလမ်းများ

• ကလေးရဲ့သွားဖုံးကို လက်သန့်သန့်လေးနဲ့ ပွတ်သပ်ပေးခြင်းအားဖြင့် အနာကို ခဏတာသက်သာစေနိုင်ပါတယ်။

• သွားကိုက်ကွင်းတွေပေးထားလို့ရပါတယ်။ အရည်တွေပါတဲ့ကွင်းတွေထက် ဆီလီကွန်အခြေခံပြီး လုပ်ထားတဲ့ကွင်းတွေက ပိုကောင်းပါတယ်။ ကလေးကိုပေးမကိုက်ခင် သွားကိုက်ကွင်းကို ရေခဲသေတ္တာထဲခဏထည့်ထားပြီးမှ ကိုက်စေပါ။ အခဲခန်းထဲတော့မထည့်ပါနဲ့။ ကလေးသွားဖုံးကို ထိခိုက်စေနိုင်ပါတယ်။

Ceelin Plus 2

• နို့သီးခေါင်းအတုပေးကိုက်ထားခြင်းကလည်းအနာသက်သာစေနိုင်ပါတယ်။

• အသက် ၆ လအထက်ကလေးတွေကို ငှက်ပျောသီး၊ သခွားသီးစတဲ့ အေးပြီးနူးညံ့တဲ့အစားအစာတွေ ပေးဝါးခိုင်းထားလို့ရပါတယ်။ မာတဲ့အစားအစာတွေက ကွဲကျေပြီး ကလေးကိုနင်စေနိုင်တဲ့အတွက် မာတဲ့အရာတွေမကျေွးပါနဲ့။

Dr. Mya Myo Myo Swe (www.drmyanmar.com)