ကလေးအိပ်ရေးဝရဲ့လား?
ကလေးအိပ်ရေးဝမဝဆိုတာဟာ မေမေဖေဖေတို့အတွက် ကြီးမားတဲ့ပုစၦာတစ်ပုဒ်ပါပဲနော်။ ကျောင်းနေအရွယ်ကလေးလေးတွေဟာလည်း အလုပ်ရှုပ်တဲ့လူကြီးတွေလောက်ကို အိပ်ဖို့ခက်ခဲတတ်တယ်။ ကျောင်းလှုပ်ရှားမှုတွေ၊ အိမ်စာတွေအစ၊ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ပျော်ချိန်ပါးချိန်တွေအလယ်၊ တီဗီ၊ ကွန်ပြူ တာ၊ ဗီဒီယိုဂိမ်း၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်စာပို့တာတွေအဆုံး စသဖြင့် သူတို့ရဲ့ ပြည့်ကျပ်နေတဲ့ တစ်နေ့တာအချိန်စာရင်းကြောင့် အိပ်ရေးပျက်တတ်ကြတယ်။
ကျောင်းနေအရွယ်ကလေးတွေဟာ တစ်နေ့ကို ၉နာရီကနေ ၁၂နာရီလောက် အိပ်ချိန်လိုအပ်တဲ့အတွက် မိဘတွေဟာ အိပ်ချိန်ကို တိတိကျကျသတ်မှတ်ထားဖို့ လိုတယ်။ ပြီးတော့ နုံးနေတဲ့ပုံစံရှိမရှိကိုလည်း ကြည့်ဖို့လိုတယ်။ အမေရိကန်အိပ်ခြင်းဆိုင်ရာအဖွဲ့အစည်းရဲ့ သတ်မှတ်ထားတာအရဆိုရင်
• အသက်၄လကနေ၁၂လအတွင်းကလေးလေးတွေမှာ ၁၂နာရီကနေ၁၆နာရီ (တရေးတမောအိပ်တာအပါအဝင်)
• အသက်၁နှစ်ကနေ၂နှစ်အတွင်းဆိုရင် ၁၁နာရီကနေ၁၄နာရီ (တရေးတမောအိပ်တာအပါအဝင်)
• အသက်၃နှစ်ကနေ၅နှစ်အတွင်းဆိုရင် ၁၀နာရီကနေ၁၃နာရီ (တရေးတမောအိပ်တာအပါအဝင်)
• အသက်၆နှစ်ကနေ၁၂နှစ်အတွင်းဆိုရင် ၉နာရီနေ၁၂နာရီ
• အသက်၁၃နှစ်ကနေ၁၈နှစ်အတွင်းဆိုရင် ၈နာရီကနေ၁၀နာရီ လောက်အိပ်ဖို့လိုတယ်။
အထူးသဖြင့် ကျောင်းနေအရွယ်ကလေးတွေဟာ အိပ်ရေးကောင်းကောင်းဝဖို့လိုတယ်။ အရေးအကြီးဆုံးက အိပ်ရေးမဝရင် ပိုးမွားတွေကို တိုက်ထုတ်နိုင်ဖို့ ခုခံအားတွေ နည်းပါးနေလိမ့်မယ်။ ကျောင်းနေကလေးတွေဆိုတာ ကျောင်းနေဘက်တွေဆီကနေ ပိုးတွေအမျိုးမျိုး ကူးစက်နိုင်တယ်။ ဒါ့အပြင် အိပ်ရေးမဝတဲ့အခါ ကလေးရဲ့တစ်ခြားကျန်းမာရေးပြဿ နာတွေဖြစ်တဲ့ အဝလွန်တာကနေစလို့ စိတ်အတက်အကျဖြစ်တာ၊ ကလေးရဲ့အာရုံစူးစိုက်နိုင်စွမ်း၊ ကျောင်းစာသင်ယူနိုင်စွမ်းတွေကို ကျစေနိုင်တယ်။ တကယ်လို့ကလေးအိပ်ရာဝင်ဖို့ကို အကြောက်အကန်ငြင်းနေရင်၊ ညဘက်အိပ်မပျော်ရင် ဘာကြောင့်ဒီလိုဖြစ်နေရတယ်ဆိုတာကို သေချာအဖြေရှာဖို့လိုတယ်။
Ceelin Plus 1

>> ကလေးတွေမှာ အိပ်ရေးမဝတဲ့ လက္ခဏာတွေကတော့
• မနက်ဘက်တွေဆိုနှိုးရခက်တယ်။
• စိတ်မရှည်သည်းမခံနိုင်ဘူး။
• အရမ်းကိုစိတ်အပြောင်းအလဲမြန်တယ်။
• ကနာမငြိမ်ဖြစ်နေတယ်။
• ကျောင်းမှာအာရုံစူးစိုက်မရဖြစ်နေတယ်။
• နေ့ဘက်မှာငိုက်နေတယ်။
ဒီလိုလက္ခဏာတွေတွေ့နေရရင် ကလေးအိမ်မှာရော ကျောင်းမှာပါ အိပ်ရေးဝဝအိပ်နိုင်ဖို့ ညဘက်တွေမှာ အိပ်ရာဝင်အလေ့အကျင့်ကောင်းတွေကို မွေးမြူပေးဖို့လိုတယ်။ ကျောင်းနေကလေးတွေမှာ အိပ်ရေးဝဖို့ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာ မိဘတွေကလည်း သိထားဖို့လိုတယ်။ ဒါမှ ကလေးအိပ်ရေးဝဖို့ ဘယ်လိုနည်းနဲ့မဆို ကြိုးစားမှာပေါ့။ တကယ်လို့ ဒီလိုကြိုးစားတာတောင် ကလေးကောင်းကောင်းအိပ်ရေးမဝဘူးဆိုရင် (ခဏခဏနိုးနိုးနေတာမျိုး၊ ကလေးအသက်နဲ့အလိုက် အိပ်ချိန်မပြည့်တာမျိုး) ဆရာဝန်နဲ့ ပြကြည့်သင့်တယ်။
Ceelin Plus 2

(Unicode)
>> ကလေးတှမှော အိပျရေးမဝတဲ့ လက်ခဏာတှကေတော့
• မနကျဘကျတှဆေိုနှိုးရခကျတယျ။






























