/
news/ကလေးများနှင့်ကျန်းမာရေး/ကလေး-ခုထိလမ်းမလျှောက်သေးဘူး

ကလေး ခုထိလမ်းမလျှောက်သေးဘူး

Category
ကလေးများနှင့်ကျန်းမာရေး

က​လေးခုထိလမ်​းမ​လျှောက်​​သေးတာ ပုံမှန်​ဖြစ်​နိုင်​သလား?

 

ဖြစ်​နိုင်​ပါတယ်​။ က​လေးအသက်​ပထမ၁နှစ်​ဟာ တစ်​ဖြည်​းဖြည်​းချင်​း ဟန်​ချက်​နဲ့ ကြွက်​သားသန်​မာမှု ဖွံ့ဖြိုးဆဲအချိန်​ဖြစ်​ပြီး ထိုင်​ဖို့၊ ​မှောက်​ဖို့၊ တွားဖို့ သင်​ယူ​နေချိန်​ပဲဖြစ်​ပါတယ်​။ က​လေးအများစုဟာ အသက်​၉လအရွယ်​မှာ ပစ္စည်​း​တွေဆွဲပြီး မတ်​တပ်​စရပ်​တတ်​​နေပါပြီ။

          ဒီအချိန်​ကစပြီး ဟန်​ချက်​ထိန်​းနိုင်​ဖို့နဲ့ ကိုယ်​့ကိုယ်​ကိုယုံကြည်​စိတ်​ချစိတ်​ပဲ လိုပါ​တော့တယ်​။ က​လေးတွေဟာ အသက်​၉လက​နေ၁နှစ်​ကြားမှာ ပထမဆုံးလမ်​းစ​လျှောက်​တတ်​ကြ​ပေမယ်​့ ​နောက်​ကျ​နေရင်​​လည်​း စိတ်​ပူစရာမလိုအပ်​ပါဘူး။

တ​ချို့က​လေး​တွေဟာ အသက်​၁၆လမှ၁၇လ​လောက်​ထိ လမ်​းမ​လျှောက်​တတ်​ကြ​သေးပါဘူး။ ဒါ​ကြောင်​့ ​မှောက်​တတ်​ဖို့၊ တွားတတ်​ဖို့ အနည်​းငယ်​​နောက်​ကျ​ခဲ့ရင်​လမ်​း​လျှောက်​တတ်​ဖို့လည်​း ​နောက်​ကျနိုင်​ပါတယ်​။

Nutroplex 1

အ​ရေးကြီးတာက က​လေးကြိုးစားပြီး အသစ်​အသစ်​​တွေ သင်​ယူ​နေဖို့ပါပဲ။

 

ဒါ​ပေမယ်​့ အသက်​၁၈လအထိမှ လမ်​းမ​လျှောက်​​သေးရင်​တော့ ဆရာဝန်​နဲ့ တိုင်​ပင်​သင်​့ပါပြီ။ က​လေးရဲ့ ဘာသာစကားသင်​ယူမှု၊ ဆက်​ဆံမှု၊ အ​သေးစိတ်​လှုပ်​ရှားကိုင်​တွယ်​တတ်​မှု​တွေကို ပြန်​လည်​စစ်​​ဆေးကြည့်​ပြီး ဒါ​တွေပါ​နောက်​ကျ​နေခဲ့်​ရင်​ ကြီးထွားမှုဆိုင်​ရာ က​လေးဆရာဝန်​နဲ့ ပြသရပါမယ်​။ ပုံမှန်​အတိုင်​းဖွံ့ဖြိုးမှုရှိတယ်​ဆိုရင်​တော့ အရိုးအဆစ်​၊ ဦး​နှောက်​နဲ့အာရုံ​ကြောနဲ့ အခြားပြဿနာ​တွေကို လိုက်​ရှာရပါမယ်​။

 

​စော​စောသိ၊ ​စော​စောကုသမှုခံယူတာ အ​ကောင်​းဆုံးပါပဲ။

 

drmyanmar.com

Nutroplex 2

(Unicode)


 




 


 


 


 

drmyanmar.com