ကလေး ဗိုက်အောင့်ရင်
မေမေ ဗိုက်အောင့်တယ် ... ဆိုတဲ့စကားလုံးကို ကလေးရှိတဲ့မိဘတိုင်း တစ်ကြိမ်တစ်ခါတော့ ကြားကြရမှာပါပဲ။
များသောအားဖြင့်တော့ ပရုတ်ဆီလေးပွတ် ဟိုဟိုဒီဒီ အိမ်တွင်းကုထုံးနဲ့တင် ပျောက်သွားကြပေမယ့် တစ်ခါတလေကျတော့ အကြောင်းရင်းတစ်ခုခု ရှိနေတတ်ကြပါတယ်။ ကဲ ... စိုးရိမ်ရ/မရိမ်ရ ဘယ်လိုခွဲကြမလဲ?
၁။ အူရောင်တာ ဖြစ်နိုင်ပါတယ်
ကလေးတွေမှာ ဗိုင်းရပ်စ်ပိုးကြောင့် အူရောင်ပြီး ဗိုက်အောင့်နိုင်ပါတယ်။ ဝမ်းသွားတာ၊ တစ်ခါတလေ အန်တာတွေနဲ့ လာနိုင်ပါတယ်။ ငွေ့ငွေ့လေးလည်း ဖျားနိုင်ပါသေးတယ်။ ဆရာဝန်နဲ့ ပြစရာမလိုဘဲ ၃ ရက်ကနေ ၅ ရက်လောက်အတွင်းမှာ ပျောက်သွားလေ့ရှိပါတယ်။ အရည်များများတော့ တိုက်ဖို့လိုတယ်နော်။
တကယ်လို့ ဝမ်းထဲ၊ အန်ဖတ်ထဲ သွေးပါလာရင်၊ ၅ ရက်ထက် ပိုကြာလာရင်၊ အဖျားကြီးရင်၊ နှုတ်ခမ်းခြောက်၊ ဆီးနည်း၊ အသားအရေဖြူဖျော့၊ ဂနာမငြိမ်စတဲ့ အရည်ဓာတ် ခမ်းခြောက်တဲ့ လက္ခဏာတွေရှိလာရင် စိုးရိမ်ရတာမို့ ဆရာဝန်နဲ့ ချက်ချင်းပြကြည့်ပါ။
၂။ ကလေးတွေလည်း အစာအိမ်အက်ဆစ် ပြန်ဆန်တက်ပြီး ရင်ပူတတ်ပါတယ်နော်
ဒီရောဂါကို များသောအားဖြင့် လူကြီးတွေမှာပဲဖြစ်တယ်၊ ကလေးမှာမဖြစ်ဘူး ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ကလေးတွေမှာလည်း ဖြစ်တတ်သလို ရောဂါရှာရတာလည်း ခက်တတ်ပါတယ်။ အန်တာနဲ့ အဓိကကြည့်ရမှာပါ။ နောက်ထပ် ပါးစပ်ထဲချဉ်နေတာ၊ ဗိုက်အပေါ်ပိုင်းနာတာ၊ လေတွေ အရမ်းတက်တာစတဲ့ လက္ခဏာတွေကို ရှာပါ။
ဒီရောဂါက အက်ဆစ်ခြေဆေးနဲ့ပဲ အဓိကကုရပြီး လိုအပ်ရင် H2blocker တို့၊ proton-pump inhibitor တို့စတဲ့ အစာအိမ်ဆေးတွေနဲ့ ကုဖို့လိုပါတယ်။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အက်ဆစ်များတဲ့ဖျော်ရည်တွေ စားစရာတွေဖြစ်တဲ့ ဆိုဒါပေါ့၊ လိမ္မော်ရည်၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ စားစရာတွေ၊ အစပ်တွေနဲ့ အစာအိမ်ကို ထိခိုက်နိုင်တဲ့ Ibuprofen လိုဆေးတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။
Ceelin Plus 1

၃။ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်
ဝမ်းချုပ်တာကလည်း ကလေးတွေမှာ ဗိုက်အောင့်စေနိုင်တဲ့ အကြောင်းရင်းတစ်ချက်ပါပဲ။ ဒါကြောင့် ပန်းသီးဖျော်ရည်တို့၊ ဆီးသီးဖျော်ရည်တို့လို အမျှင်ဓာတ်တွေများများ ထည့်ကျွေးဖို့လိုပါတယ်။
ဝမ်းထဲ သွေးပါ၊ မပါတော့ စောင့်ကြည့်ဖို့လိုပါတယ်။ ဒါဆိုရင်တော့ စိုးရိမ်ရပြီပေါ့။ နာတာရှည်ဝမ်းချုပ်တာဟာ coeliac disease လို့ခေါ်တဲ့ ဂလူတန်ဂျုံခြေဖျက်ရခက်ရောဂါ၊ သိုင်းရွိုက်ဟော်မုန်းနည်းတာ၊ တခြားရောဂါတွေ ဖြစ်နေနိုင်ပါတယ်။
၄။ တစ်နေ့ကို ရေများများသောက်ဆိုတာ ပုံပြင်မဟုတ်ဘူးနော်
အရည်တွေ အများကြီးသောက်ဖို့ အရေးကြီးပါတယ်။ ဝမ်းလျှောနေတဲ့ ကလေးမှာ ရေဓာတ်ပြည့်ဝဖို့တင်မကပါဘူး။ ရေများများသောက်ခြင်းဖြင့် အူလမ်းကြောင်းလှုပ်ရှားမှုကို အားပေးပါတယ်။
အနည်းဆုံးတော့ ကလေးသောက်တဲ့ အရည်တစ်ဝက်လောက်က ရိုးရိုးရေဖြစ်သင့်ပါတယ်။ ဆိုဒါပေါ့ဖျော်ရည်တွေ၊ သကြားပါတဲ့ ဆေးသကြားပါတဲ့ အချိုရည်တွေကို ရှောင်ပေးပါ။ သကြားအချိုတွေ အများကြီး သောက်မိရင်လည်း အဝလွန်တာ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တာ အသာထား ဗိုက်အောင့်စေနိုင်ပါတယ်။
၅။ ရိုးရိုးဗိုက်အောင့်တာထက် ပိုဆိုးနေတတ်ပါတယ်
များသောအားဖြင့်တော့ ဗိုက်အောင့်တာက သိပ်စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ ဗိုက်အောင့်တာ ဘယ်လောက်ကြာလဲ၊ တခြားလက္ခဏာတွေရော ရှိနေလားဆိုတာ သတိထားဖို့လိုတာပေါ့။ ကလေးဗိုက် ညာဘက်ထောင့်က ရုတ်တရက် ထအောင့်တာမျိုးဆိုရင် အူအတက်ရောင်တာ ဖြစ်နိုင်တာကြောင့် အရေးပေါ်ပြဖို့လိုပါတယ်။
မကြာမကြာ အူရောင်တာမျိုးဖြစ်ရင် ရောင်ရမ်းအူရောင်ရောဂါ (inflammatory bowel disease) ကို သတိထား ရပါမယ်။ အထူးသဖြင့် မိသားစုထဲ ဒီရောဂါရာဇဝင်ရှိရင်ပေါ့။ နာတာရှည်၊ ဒါမှမဟုတ် မကြာမကြာ ဗိုက်နာတတ်တာဟာ အစာဓာတ်မတည့်တာ၊ ဂလူတန်ဂျုံဓာတ်မတည့်တာ၊ ကပ်ပါးသန်ကောင်တွေ၊ လက်တို့စ်နို့အချိုဓာတ် မတည့်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကဲ ... ဒီလောက်ဆို ဘာကစိုးရိမ်ရတယ်၊ ဘာကမစိုးရိမ်ရဘူးဆိုတာကို အကြမ်းဖျင်းတော့ သိလောက်ရောပေါ့နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin Plus 2

(Zawgyi)
ေမေမ ဗိုက္ေအာင့္တယ္ ... ဆိုတဲ့စကားလုံးကို ကေလးရွိတဲ့မိဘတိုင္း တစ္ႀကိမ္တစ္ခါေတာ့ ၾကားၾကရမွာပါပဲ။
မ်ားေသာအားျဖင့္ေတာ့ ပ႐ုတ္ဆီေလးပြတ္ ဟိုဟိုဒီဒီ အိမ္တြင္းကုထုံးနဲ႔တင္ ေပ်ာက္သြားၾကေပမယ့္ တစ္ခါတေလက်ေတာ့ အေၾကာင္းရင္းတစ္ခုခု ရွိေနတတ္ၾကပါတယ္။ ကဲ ... စိုးရိမ္ရ/မရိမ္ရ ဘယ္လိုခြဲၾကမလဲ?
၁။ အူေရာင္တာ ျဖစ္ႏိုင္ပါတယ္
ကေလးေတြမွာ ဗိုင္းရပ္စ္ပိုးေၾကာင့္ အူေရာင္ၿပီး ဗိုက္ေအာင့္ႏိုင္ပါတယ္။ ဝမ္းသြားတာ၊ တစ္ခါတေလ အန္တာေတြနဲ႔ လာႏိုင္ပါတယ္။ ေငြ႕ေငြ႕ေလးလည္း ဖ်ားႏိုင္ပါေသးတယ္။ ဆရာဝန္နဲ႔ ျပစရာမလိုဘဲ ၃ ရက္ကေန ၅ ရက္ေလာက္အတြင္းမွာ ေပ်ာက္သြားေလ့ရွိပါတယ္။ အရည္မ်ားမ်ားေတာ့ တိုက္ဖို႔လိုတယ္ေနာ္။
တကယ္လို႔ ဝမ္းထဲ၊ အန္ဖတ္ထဲ ေသြးပါလာရင္၊ ၅ ရက္ထက္ ပိုၾကာလာရင္၊ အဖ်ားႀကီးရင္၊ ႏႈတ္ခမ္းေျခာက္၊ ဆီးနည္း၊ အသားအေရျဖဴေဖ်ာ့၊ ဂနာမၿငိမ္စတဲ့ အရည္ဓာတ္ ခမ္းေျခာက္တဲ့ လကၡဏာေတြရွိလာရင္ စိုးရိမ္ရတာမို႔ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပၾကည့္ပါ။
၂။ ကေလးေတြလည္း အစာအိမ္အက္ဆစ္ ျပန္ဆန္တက္ၿပီး ရင္ပူတတ္ပါတယ္ေနာ္
ဒီေရာဂါကို မ်ားေသာအားျဖင့္ လူႀကီးေတြမွာပဲျဖစ္တယ္၊ ကေလးမွာမျဖစ္ဘူး ထင္တတ္ၾကပါတယ္။ ဒါေပမဲ့ ကေလးေတြမွာလည္း ျဖစ္တတ္သလို ေရာဂါရွာရတာလည္း ခက္တတ္ပါတယ္။ အန္တာနဲ႔ အဓိကၾကည့္ရမွာပါ။ ေနာက္ထပ္ ပါးစပ္ထဲခ်ဥ္ေနတာ၊ ဗိုက္အေပၚပိုင္းနာတာ၊ ေလေတြ အရမ္းတက္တာစတဲ့ လကၡဏာေတြကို ရွာပါ။
ဒီေရာဂါက အက္ဆစ္ေျခေဆးနဲ႔ပဲ အဓိကကုရၿပီး လိုအပ္ရင္ H2blocker တို႔၊ proton-pump inhibitor တို႔စတဲ့ အစာအိမ္ေဆးေတြနဲ႔ ကုဖို႔လိုပါတယ္။ ဒီေရာဂါရွိတဲ့ ကေလးေတြဟာ အက္ဆစ္မ်ားတဲ့ေဖ်ာ္ရည္ေတြ စားစရာေတြျဖစ္တဲ့ ဆိုဒါေပါ့၊ လိေမၼာ္ရည္၊ ခရမ္းခ်ဥ္သီးနဲ႔ ျပဳလုပ္ထားတဲ့ စားစရာေတြ၊ အစပ္ေတြနဲ႔ အစာအိမ္ကို ထိခိုက္ႏိုင္တဲ့ Ibuprofen လိုေဆးေတြကို ေရွာင္ၾကဥ္ဖို႔လိုပါတယ္။
၃။ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္
ဝမ္းခ်ဳပ္တာကလည္း ကေလးေတြမွာ ဗိုက္ေအာင့္ေစႏိုင္တဲ့ အေၾကာင္းရင္းတစ္ခ်က္ပါပဲ။ ဒါေၾကာင့္ ပန္းသီးေဖ်ာ္ရည္တို႔၊ ဆီးသီးေဖ်ာ္ရည္တို႔လို အမွ်င္ဓာတ္ေတြမ်ားမ်ား ထည့္ေကြၽးဖို႔လိုပါတယ္။
ဝမ္းထဲ ေသြးပါ၊ မပါေတာ့ ေစာင့္ၾကည့္ဖို႔လိုပါတယ္။ ဒါဆိုရင္ေတာ့ စိုးရိမ္ရၿပီေပါ့။ နာတာရွည္ဝမ္းခ်ဳပ္တာဟာ coeliac disease လို႔ေခၚတဲ့ ဂလူတန္ဂ်ဳံေျခဖ်က္ရခက္ေရာဂါ၊ သိုင္း႐ြိဳက္ေဟာ္မုန္းနည္းတာ၊ တျခားေရာဂါေတြ ျဖစ္ေနႏိုင္ပါတယ္။
၄။ တစ္ေန႔ကို ေရမ်ားမ်ားေသာက္ဆိုတာ ပုံျပင္မဟုတ္ဘူးေနာ္
အရည္ေတြ အမ်ားႀကီးေသာက္ဖို႔ အေရးႀကီးပါတယ္။ ဝမ္းေလွ်ာေနတဲ့ ကေလးမွာ ေရဓာတ္ျပည့္ဝဖို႔တင္မကပါဘူး။ ေရမ်ားမ်ားေသာက္ျခင္းျဖင့္ အူလမ္းေၾကာင္းလႈပ္ရွားမႈကို အားေပးပါတယ္။
အနည္းဆုံးေတာ့ ကေလးေသာက္တဲ့ အရည္တစ္ဝက္ေလာက္က ႐ိုး႐ိုးေရျဖစ္သင့္ပါတယ္။ ဆိုဒါေပါ့ေဖ်ာ္ရည္ေတြ၊ သၾကားပါတဲ့ ေဆးသၾကားပါတဲ့ အခ်ိဳရည္ေတြကို ေရွာင္ေပးပါ။ သၾကားအခ်ိဳေတြ အမ်ားႀကီး ေသာက္မိရင္လည္း အဝလြန္တာ၊ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြျဖစ္တာ အသာထား ဗိုက္ေအာင့္ေစႏိုင္ပါတယ္။
၅။ ႐ိုး႐ိုးဗိုက္ေအာင့္တာထက္ ပိုဆိုးေနတတ္ပါတယ္
မ်ားေသာအားျဖင့္ေတာ့ ဗိုက္ေအာင့္တာက သိပ္စိုးရိမ္စရာမလိုပါဘူး။ ဒါေပမဲ့ ဗိုက္ေအာင့္တာ ဘယ္ေလာက္ၾကာလဲ၊ တျခားလကၡဏာေတြေရာ ရွိေနလားဆိုတာ သတိထားဖို႔လိုတာေပါ့။ ကေလးဗိုက္ ညာဘက္ေထာင့္က ႐ုတ္တရက္ ထေအာင့္တာမ်ိဳးဆိုရင္ အူအတက္ေရာင္တာ ျဖစ္ႏိုင္တာေၾကာင့္ အေရးေပၚျပဖို႔လိုပါတယ္။
မၾကာမၾကာ အူေရာင္တာမ်ိဳးျဖစ္ရင္ ေရာင္ရမ္းအူေရာင္ေရာဂါ (inflammatory bowel disease) ကို သတိထား ရပါမယ္။ အထူးသျဖင့္ မိသားစုထဲ ဒီေရာဂါရာဇဝင္ရွိရင္ေပါ့။ နာတာရွည္၊ ဒါမွမဟုတ္ မၾကာမၾကာ ဗိုက္နာတတ္တာဟာ အစာဓာတ္မတည့္တာ၊ ဂလူတန္ဂ်ဳံဓာတ္မတည့္တာ၊ ကပ္ပါးသန္ေကာင္ေတြ၊ လက္တို႔စ္ႏို႔အခ်ိဳဓာတ္ မတည့္တာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ကဲ ... ဒီေလာက္ဆို ဘာကစိုးရိမ္ရတယ္၊ ဘာကမစိုးရိမ္ရဘူးဆိုတာကို အၾကမ္းဖ်င္းေတာ့ သိေလာက္ေရာေပါ့ေနာ္။
Dr. Mya Phoo Ngon (www.drmyanmar.com)




























